Cancer death ကင်ဆာနဲ့သေဆုံးရခြင်း

တကမ္ဘာလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ခဲ့ရသူပေါင်း နေ့စဉ် ၂ သောင်းရှိနေတယ်။ လူသေစာရင်းထဲမှာ ကင်ဆာနဲ့သေနေကြရတ

December 31, 2014
Cancer death ကင်ဆာနဲ့သေဆုံးရခြင်း

Cancer death

တကမ္ဘာလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ခဲ့ရသူပေါင်း နေ့စဉ် ၂ သောင်းရှိနေတယ်။ လူသေစာရင်းထဲမှာ ကင်ဆာနဲ့သေနေကြရတာ ၈ ယောက်မှာ ၁ ယောက်ရှိတယ်။ တီဘီ၊ ငှက်ဖျားနဲ့ AIDS ကြောင့်သေဆုံးရသူစုပေါင်းတဲ့ဂဏန်းထက် ကင်ဆာနဲ့သေရသူက ပိုများတယ်။

ယောက်ျားတွေမှာ အဆုပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေက အဖြစ်အများဆုံးဖြစ်တယ်။ မိန်းမတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ဝ (ခေါင်း) ကင်ဆာ၊ အူမကြီးကင်ဆာတွေက အဖြစ်အများဆုံးဖြစ်တယ်။

ရင်သားကင်ဆာဟာ အမျိုးထဲမှာတယောက်ရှိရင်ဖြစ်လာနိုင်ခြေ နှစ်ဆရှိတယ်။ Pap smear စမ်းနည်းဟာ သားအိမ်ဝ (ခေါင်း) ကင်ဆာအတွက် တခုတည်းသော ကြိုတင်စမ်းနည်းဖြစ်တယ်။ ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် ၂၃ ဆ အဆုပ်ကင်ဆာဖြစ်နိုင်ခြေများတယ်။

၂ဝဝ၈ စာရင်းအရ တကမ္ဘာလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ခဲ့ရသူပေါင်း ရ့၆ သန်းရှိခဲ့တယ်။ စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၃% ရှိပါတယ်။ ကင်ဆာနဲ့သေရတာအားလုံးရဲ့ ၇ဝ%ဟာ ဝင်ငွေမများတဲ့ တိုင်းပြည်တွေကဖြစ်တယ်။
- အဆုပ်ကင်ဆာ = ၁့၃၇ သန်း၊
- အစာအိမ်ကင်ဆာ = ၇၃၆ဝဝဝ၊
- အသဲကင်ဆာ = ၆၉၅ဝဝဝ၊
- အူမကြီးကင်ဆာ = ၆ဝ၈ဝဝဝ၊
- ရင်သားကင်ဆာ = ၄၈၅ဝဝဝ၊
- သားအိမ်ဝကင်ဆာ = ၂၇၅ဝဝဝ ယောက်ဆုံးဖြစ်တယ်။

ချမ်းသာတဲ့ တိုင်းပြည်တွေမှာ ကင်ဆာကြောင့်သေရတာထက် နှလုံးရောဂါနဲ့သေနေရတာက ပိုများတယ်။ မချမ်းသာတဲ့ တိုင်းပြည်တွေမှာ ကင်ဆာကြောင့်သေရတာထက် ဝမ်းလျှောလို့သေနေရတာက ပိုများတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/cancer-death.html


Healthy Life

253 Blog posts

Comments