Crohn’s Disease ခရုန်းရောဂါ

ဒေါက်တာခရုန်းကနေစတွေ့လို့ သည်နာမည်တွင်တဲ့ နာတာရှည် အူမကြီးရောဂါဖြစ်တယ်။ Inflammatory Bowel Diseases (IBD) ရောဂါအုပ်စုထဲကဖြ

Crohn’s Disease ခရုန်းရောဂါ

ဒေါက်တာခရုန်းကနေစတွေ့လို့ သည်နာမည်တွင်တဲ့ နာတာရှည် အူမကြီးရောဂါဖြစ်တယ်။ Inflammatory Bowel Diseases (IBD) ရောဂါအုပ်စုထဲကဖြစ်တယ်။ IBD နဲ့ အတူတူတော့မဟုတ်ပါ။ ရောဂါလက္ခဏာတွေဆင်ပေမယ့် ဖြစ်တဲ့နေရာကွာတယ်။

ခရုန်းရောဂါက အစာလမ်း အူသိမ်အဆုံးပိုင်း (အီလီယမ်) နဲ့ အူမကြီးအစပိုင်းနေရာမှာသာဖြစ်တယ်။ ဒါ့ပြင် ပါးစပ်ကနေ စအိုးအထိနေရာတွေမှာလည်းဖြစ်နိုင်တယ်။ Ulcerative colitis အူမကြီးရောင်ခြင်းကတော့ အူမကြီးနေရာမှာသာ ဖြစ်တယ်။ ခရုန်းရောဂါက အူလွှာအထူတခုလုံးကိုထိခိုက်တယ်။ Ulcerative colitis အူမကြီးရောင်ခြင်းကတော့ အူမကြီးရဲ့ အတွင်းဆုံးလွှာမှာသာ အနာဖြစ်တယ်။ ခရုန်းရောဂါမှာ ရောင်ရမ်းခြင်းဖြစ်တဲ့နေရာနဲ့ အကောင်းရှိတဲ့နေရာတွေရယ်လို့ ရှိတယ်။ Ulcerative colitis အူမကြီးရောင်ခြင်းကတော့ တောက်လျှောက်ဖြစ်တယ်။

ခရုန်းရောဂါ လက္ခဏာတွေက ဖြစ်တဲ့နေရာက မတူကြလို့ လူနာတယောက်နဲ့တယောက် မတူကြပါ။
• Persistent Diarrhea တောက်လျှောက်ဝမ်းသွားနေမယ်။
• Rectal bleeding အစာဟောင်းအိမ်ကသွေးယိုမယ်။
• Urgent need to move bowels ဝမ်းသွားချင်ရင် အမြန်သွားရမယ်။
• Abdominal cramps and pain ဗိုက်နာမယ်။
• Sensation of incomplete evacuation ဝမ်းသွားပြီးပေမယ့် မကုန်သေးသလိုခံစားရမယ်။
• Constipation ဝမ်းချုပ်ပြီး အူပိတ်သလိုဖြစ်မယ်။
• စားချင်စိတ်ပျက်တာနဲ့ ပိန်လာတာက ကြာမှသာဖြစ်လာတယ်။
• ကလေးတွေမှာဖြစ်ရင် ဖွံ့ထွားမှုနောက်ကျမယ်။

IBD ရောဂါမှာ
• Fever ဖျားမယ်။
• Loss of appetite စားချင်စိတ်ပျက်မယ်။
• Weight Loss ပိန်လာမယ်။
• Fatigue အားယုတ်နေမယ်။
• Night sweats ညချွေးထွက်မယ်။
• Loss of normal menstrual cycle အမျိုးသမီးဆိုရင် ရာသီမမှန်ဖြစ်မယ်။

ခရုန်းရောဂါက ဖြစ်လာလိုက် သက်သာလိုက်နေမယ်။ အူစုပ်ပြဲသွားနိုင်တယ်။ ပိုနာပြီး သွေးယိုမယ်။ Fistula ခေါ် ပြွန်လမ်းဖြစ်လာနိုင်တယ်။ ဆီးအိမ်၊ ဗဂျိုင်းနားနဲ့ အရေပြားနဲ့ကြား ပြွန်လမ်းဖြစ်တာကိုဆိုလိုတယ်။

ခရုန်းရောဂါသည် အမေရိကန်လူမျိုး ၇ သိန်းရှိတယ်။ ကျား-မ ဆတူဖြစ်တယ်။ အသက်အရွယ်မရေါးဖြစ်တယ်။ ၁၅ နှစ်နဲ့ ၃၅ နှစ်ကြားများတယ်။ ဘာလို့ဖြစ်လည်း မရှင်းလင်းပါ။ စားသောက်တဲ့အစာနဲ့ စိတ်ဖိအားများခြင်းတွေကနေ သက်ရောက်နိုင်တယ်။ အစာလမ်းထဲမှာ ပုံမှန်ပိုးမွှား (ဗက်တီးရီးယား၊ ဗိုင်းရပ်၊ ဖန်းဂတ်စ်) တွေရှိတယ်။ ခုခံအားစနစ်ကနေ ခုခံထားနိုင်လို့ ရောဂါမရကြပါ။ IBD ရောဂါရှိနေသူတွေဆိုရင်တော့ မခံနိုင်ပါ။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ အရင်းနဲ့ တဝမ်းကွဲတွေထဲမှာ ၅-၂ဝ% ရှိတာတွေ့ရတယ်။ ခရုန်းရောဂါက Ulcerative colitis အူမကြီးရောင်ခြင်းထက် မျိုးရိုးထဲမှာပိုဖြစ်တယ်။ မိဘနှစ်ယောက်လုံးမှာ IBD ရောဂါရှိနေရင်တော့ သားသမီးမှာ လာဖြစ်ဖို့ အခွင့်အလမ်းများတယ်။

• Medication ဆေးဝါးတွေပေးတယ်။ Inflammatory response ရောင်ရမ်းဖြစ်စဉ်ကို နှိမ်တဲ့ဆေးတွေသုံးရတယ်။
• Combination Therapy ကုသနည်းတွဲလုပ်ရတယ်။ Immunomodulator ဆေးကိုပါတွဲပေးတယ်။ ဆေးဘေးထွက်ဆိုးကျိုး သတိထားရတယ်။
• Diet Nutrition အစားအသောက်ဆင်ခြင်ရမယ်။ ဝမ်းလွယ်စေတဲ့ ဖိုက်ဘာများအစားတွေမသင့်ပါ။ အပူအစပ် မသင့်ပါ။
• Surgery လိုအပ်ရင်ခွဲစိတ်ကုသရမယ်။ ခရုန်းရောဂါမှာ ၇ဝ% ခွဲစိတ်ဖို့လိုတယ်။ ခွဲပေမယ့် ၃ဝ% ကပြန်ဖြစ်တယ်။
• Aminosalicylates (5-ASA) ဆေးတွေသုံးတယ်။ sulfasalazine, mesalamine,olsalazine နဲ့ balsalazide ဆေး။
• Corticosteroids ကော်တီကိုစတီရွိုက်ဆေးထဲက Prednisone နဲ့ methylprednisolone ဆေးတွေကို စအိုလမ်းကနေပေးတယ်။
• Immunomodulators ဆေးအမျိုးအားလည်း ခုခံအားစနစ်ကို နှိမ်ထားဖို့ ပေးတယ်။
• Antibiotics ပိုးသေဆေးလိုတဲ့အခါပေးတယ်။
• Biologic Therapies ဆေးနည်းလည်းလုပ်တယ်။

ဒေါက်တာတင့်ဆွေ
၅-၇-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/07/crohns-disease.html


Healthy Life

253 Blog posts

Comments