Erectile Dysfunction ပန်းသေ-ပန်းညှိုး

ပန်းသေ-ပန်းညှိုးကို Impotence လို့အများသိပြီး ဆေးစာမှာ Erectile Dysfunction လို့ခေါ်ခေါ်တယ်။ “လိင်ဆက်ဆံမှု ပြုနိုင်ဘို့ရာ

December 29, 2014
Erectile Dysfunction ပန်းသေ-ပန်းညှိုး

Erectile Dysfunction

ပန်းသေ-ပန်းညှိုးကို Impotence လို့အများသိပြီး ဆေးစာမှာ Erectile Dysfunction လို့ခေါ်ခေါ်တယ်။ “လိင်ဆက်ဆံမှု ပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝ မဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လိင်အင်္ဂါ သန်မာမှုဆိုတာ (ဟိုက်ဒရောလစ်) နည်းလိုဘဲ လိင်တံထဲကို သွေးတွေ စီးဝင်လာရာကနေ ဖြစ်လာစေတယ်။

လိင်အင်္ဂါသန်မာဘို့ရာ ဖြစ်စဉ် ၂ ခုရှိပါတယ်။
(၁) လိင်အင်္ဂါကို ထိကိုင်တဲ့အခါ တုံ့ပြန်မှုနဲ့ အဖျားပိုင်းက အာရုံကြောတွေနဲ့ ခါးဆစ်ထဲက အာရုံကြောတွေကနေ လုပ်ပေးတယ်။ လိင်အင်္ဂါကို ထိကိုင်တာနဲ့ အာရုံကြောစနစ်ကြောင့် (နိုက်ထရစ်အောက်ဆိုက်) တွေ ထွက်လာစေတယ်။ သူ့ကြောင့် လိင်တံထဲက Corpora cavernosa ထဲမှာရှိတဲ့ အနုစားကြွက်သားတွေ ပျော့ကျယ်လာစေမယ်။
(၂) စိတ်ပိုင်းကနေ လုပ်ပေးတာ။ လိင်စိတ် ဖြစ်ပေါ်လာခြင်းကနေ အစပျိုးတယ်။

ED ရောဂါဟာ တကမ္ဘာလုံးမှာ ဖြစ်ကြတာ များတယ်။ အသက် ၆ဝ ကျော်ရင် ၃၅% မှာ ပန်းသေ-ပန်းညှိုး ရှိနေကြတယ်။ ယောက်ျားတွေဟာ ဆေးများများသောက်လေလေ ပန်းသေ-ပန်းညှိုးဖြစ်နိုင်ခြေ များလေလေဖြစ်တယ်။ ဖြစ်နေရင်လဲ ပိုဆိုးစေနိုင်ပါသေးတယ်။ အသက် ၄၆ နှစ်ကနေ ၆၈ နှစ်ကြားအရွယ်ရှိတဲ့ အတန်းအစားပေါင်းစုံက ယောက်ျားပေါင်း ၃၇၇၁၂ ယောက်ကို ဆန်းစစ်ခဲ့တာပါ။

ပန်းသေ-ပန်းညှိုး အချက် (၉) ချက်
1. စိတ်ဓါတ်ကျခြင်း
လိင်စိတ်ဖြစ်ပေါ်တာ ဦးနှောက်ကနေ စတယ်။ စိတ်ဓါတ်ကျနေရင် ဘယ်လိုစိတ်မျိုးမဆို ပုံမှန်မဖြစ်စေတာထဲမှာ Erectile dysfunction (ED) လိင်အင်္ဂါမသန်မာနိုင်တာလဲ ပါတယ်။ ပြဿနာက စိတ်ကျဆေးသောက်လို့ ပိုဆိုးနိုင်ပြန်သေးတယ်။

2. အရက်
အရက်နဲနဲသောက်ရင် စိတ်ပေါ့ပါးပြီး လုပ်ရဲကိုင်ရဲဖြစ်လာမယ်လို့ ယူဆကြတယ်။ တန်ဆေး-လွန်ဘေးအစစ်က အရက် ဖြစ်တယ်။ အရက်များရင် လူရော လိင်အင်္ဂါပါ မသန်မာနိုင်မာတာ့ဘူး။ ဒီလိုဖြစ်တာက ယာယီသဘောပါ။

3. ဆေးဝါး
ED ဖြစ်စေနိုင်တဲ့ ရောဂါကု ဆေးဝါးတွေရှိတယ်။ သွေးတိုးကျဆေး၊ အနာသက်သာဆေး၊ စိတ်ကျဆေး၊ နောက်ပြီး Street drugs မူးယစ်ဆေးတွေထဲက Amphetamines, Cocaine နဲ့ Marijuana တွေကနေလဲ ဖြစ်စေနိုင်တယ်။

4. စိတ်-ရုပ် ဖိစီးမှု
ရုံးအလုပ်၊ အိမ်အလုပ် လုပ်စရာတွေ များနေတာကနေ လူ-စိတ်ပင်ပန်း၊ ကျားအင်္ဂါ မလန်းနိုင်ဖြစ်စေတယ်။ လူနေမှုပုံစံပြင်ပါ။ အိပ်ချိန်-စားချိန်မှန်ပါစေ။ ကိုယ်လက်လှုတ်ရှား၊ အားကစားလုပ်ပါ။ လိုအပ်ရင် ပညာရှင်နဲ့ ကုသမှုခံယူပါ။

5. ဒေါသ
ဒေါသထွက်နေသူ မျက်နှာနီရဲလာတယ်။ လိင်မှုကိစ္စအတွက် သွေးပိုလျှောက်လာဘို့က ကျားအင်္ဂါမှာဖြစ်နေတယ်။ စိတ်တိုနေရင် စိတ်ကူးလေးတွေ ဘယ်လိုယဉ်မလဲ။

6. စိုးရိမ်စိတ်
ဆက်ဆံမှု မပြုခင်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်စိတ် နည်းနေရင်၊ ဖြစ်မှဖြစ်ပါ့မလား၊ ရောဂါရမှာလား၊ ကိုယ်ဝန်ရသွားမှာလား၊ သူများတွေ သိသွား-မြင်သွားမှာလား၊ အထင်သေးသွားမှာလား၊ မုန်းသွားမှာလား စိုးရိမ်နေရင် အလုပ်မဖြစ်နိုင်ပါ။

7. အဝလွန်ခြင်း
လူက သူများတွေထက် သိသိသာသာဝနေရင် ကိုယ့်ကိုယ်ကိုလဲ မကျေနပ်ဖြစ်နေမယ်။ ကျား-ဟော်မုန်းကလဲ အထွက်နည်းနေမယ်။ လူကဝတော့ သွေးတိုးတို့ နှလုံးရောဂါတို့လဲ တွဲနေနိုင်တယ်။ သွေးကြောကျဉ်းတာဆိုရင် လိင်အင်္ဂါဆီ သွေးအလာနည်းစေမယ်။

8. လိင်စိတ်နည်းနေခြင်း
Low libido လိင်စိတ်နည်းတာနဲ့ ED လိင်အင်္ဂါမသန်မာတာ မတူပါ။ ဖြစ်စေနိုင်တာတွေက ထပ်နေတတ်တယ်။

9. ကျန်းမာရေး
အာရုံကြော၊ ကြွက်သား၊ သွေးလှည့်ပတ်မှုတွေ ကောင်းနေရမယ်။ ဆီးချို၊ သွေးတိုး၊ သွေးကြောကျဉ်း၊ ဆီးအကျိတ် ရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ ဒီရောဂါအတွက် ဆေးတွေကလနေလဲ ဖြစ်နိုင်တာ တချို့ရှိတယ်။

Testosterone (တက်စတိုစတီရုန်း)
ဟော်မုန်းနည်းနေသူဟာ လိင်စိတ်လာတာ နည်းနေမယ်၊ နေမကောင်း ထိုင်မသာဖြစ်နေမယ်၊ စိတ်ဓါတ် ကျနေမယ်၊ အာရုံစိုက်ရတာ မှတ်သားရတာ အားနည်းနေမယ်၊ ကိုယ်ခန္ဓာလဲ ပိန်လှီနေမယ်၊ (ကိုလက်စထော) အလုပ်မမှန်ဖြစ်နေမယ်၊ သွေးအားနည်းနေမယ်၊ အရိုးအားနည်းနေမယ်၊ ကိုယ်မွှေးပေါက်တာ ပါးနေမယ်။ (တက်စတိုစတီရုန်း) နည်း-မနည်း သွေးစစ်ရင်သိမယ်။ မနက်ခင်းမှာ စမ်းတာပိုကောင်းတယ်။ နည်းနေသူတွေကို ၂-၃ ပါတ်တခါ ထိုးနိုင်တယ်။ Testosterone patches ကပ်ခွါကပ်ထားနိုင်တယ်။ တနေ့တခါ ကပ်ရတယ်။ နေရာပြောင်းပြီးကပ်နိုင်တယ်။ သောက်ဆေး မရှိသေးပါ။ ရှိရင်လဲ အသဲကို ပိုထိခိုက်စေနိုင်တယ်။ ဆေးပေးရင် ဆီးကျိတ်ကိုကြီးစေတယ်။ ဆီးကျိတ်-ကင်ဆာ ရှိရင် မသင့်ဘူး။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ = အဆီပြန်မယ်၊ ဝက်ခြံပေါက်မယ်၊ ကိုယ်ရောင်မယ်၊ ရင်သားထွားမယ်၊ အိပ်ရေးပျက်မယ်၊ ကျား-အစေ့ သေးသွားနိုင်တယ်၊ ကိုလက်စထော အနည်း-အများပြောင်းမယ်၊ သွေးနီဥများမယ်၊ သုက်ပိုးနည်းစေပြီး ကလေးမရဖြစ်စေနိုင်တယ်။

Erectile Dysfunction (2) ပန်းသေ-ပန်းညှိုး ဖြစ်စေနိုင်သည့်ဆေးများ
(၁) Antidepressants and other psychiatric medications စိတ်ကျဆေးများ
Amitriptyline (Elavil), Amoxapine (Asendin), Buspirone (Buspar), Chlordiazepoxide (Librium), Chlorpromazine (Thorazine), Clomipramine (Anafranil), Clorazepate (Tranxene), Desipramine (Norpramin), Diazepam (Valium), Doxepin (Sinequan), Fluoxetine (Prozac), Fluphenazine (Prolixin), Imipramine (Tofranil), Isocarboxazid (Marplan), Lorazepam (Ativan), Meprobamate (Equanil), Mesoridazine (Serentil), Nortriptyline (Pamelor), Oxazepam (Serax), Phenelzine (Nardil), Phenytoin (Dilantin), Sertraline (Zoloft), Thioridazine (Mellaril), Thiothixene (Navane), Tranylcypromine (Parnate), Trifluoperazine (Stelazine)

(၂) Antihistamine medications (အင်တီ-ဟစ်တမင်း) ဆေးများ၊ (အချို့ဆေးများကို လေနာရောဂါအတွက်လည်း သုံးသည်), Cimetidine (Tagamet), Dimenhydrinate (Dramamine), Diphenhydramine (Benadryl), Hydroxyzine (Vistaril), Meclizine (Antivert), Nizatidine (Axid), Promethazine (Phenergan), Ranitidine (Zantac)

(၃) High blood pressure medicines and diuretics သွေးတိုးကျဆေးများ (သွေးကျဆေးများထဲတွင် Thiazides ဆေးအုပ်စုသည် ပဌမ၊ beta-blockers ဘီတာ-ဘလော့ကာများသည် ဒုတိယ ကျား-လိင်အင်္ဂါ မသန်မာခြင်းကို ဖြစ်စေနိုင်သည်။ Alpha-blockers အာလ်ဖါ-ဘလော့ကာများသည် အဖြစ်အနည်းဆုံးဖြစ်သည်။)
Atenolol (Tenormin), Bethanidine, Bumetanide (Bumex), Captopril (Capoten), Chlorothiazide (Diuril), Chlorthalidone (Hygroton), Clonidine (Catapres).Enalapril (Vasotec), Furosemide (Lasix), Guanabenz (Wytensin), Guanethidine , (Ismelin), Guanfacine (Tenex), Haloperidol (Haldol), Hydralazine (Apresoline), Hydrochlorothiazide (Esidrix), Labetalol (Normodyne), Methyldopa (Aldomet), Metoprolol (Lopressor), Nifedipine (Adalat, Procardia), Phenoxybenzamine (Dibenzyline), Phentolamine (Regitine), Prazosin (Minipress), Propranolol (Inderal), Reserpine (Serpasil), Spironolactone (Aldactone), Triamterene (Maxzide), Verapamil (Calan)

(၄) Parkinson's disease medications (ပါကင်ဆိုနဇင်) ရောဂါဆေးများ၊
Benztropine (Cogentin), Biperiden (Akineton), Bromocriptine (Parlodel), Levodopa (Sinemet), Procyclidine (Kemadrin), Trihexyphenidyl (Artane)

(၅) Chemotherapy and hormonal medications ကင်ဆာဆေးများ နှင့် ဟော်မုန်းဆေးများ၊
- Antiandrogens (Casodex, Flutamide, Nilutamide) ဟော်မုန်းဆေ, Busulfan (Myleran) ကင်ဆာဆေး၊, Cyclophosphamide (Cytoxan) ကင်ဆာဆေး၊ Ketoconazole မှိုရောဂါဆေး၊, LHRH agonists (Lupron, Zoladex) ဟော်မုန်းဆေး၊

(၆) Other medications တခြားဆေးများ၊
Aminocaproic acid (Amicar) သွေးထွက်သက်သာဆေး၊ Atropine ချွဲ-အစာခြေရည် နည်းစေသည့်ဆေး၊ Clofibrate (Atromid-S) အဆီကျဆေး၊ Cyclobenzaprine (Flexeril) ကြွက်သားပျော့ဆေး၊ Cyproterone ကျား-ဟော်မုန်း နှိမ်ဆေး၊ Digoxin (Lanoxin) နှလုံးရောဂါဆေး၊ Disopyramide (Norpace) နှလုံးခုန်မှန်ဆေး၊ Estrogen (အီစထိုဂျင်) ဟော်မုန်း၊ Finasteride (Propecia, Proscar, Avodart) ဆီးကျတ်ရောင် သက်သာဆေး၊ Furazolidone (Furoxone) ပိုးသေဆေး၊ H2 blockers (Tagamet, Zantac, Pepcid) လေနာသက်သာဆေး၊ Indomethacin (Indocin) ဂေါက်ရောဂါဆေး၊ Lipid-lowering agents အဆီကျဆေး၊ Licorice လေနာသက်သာဆေး၊ Metoclopramide (Reglan) အအန်ပျောက်ဆေး၊ NSAIDs (Ibuprofen, etc.) အနာ-အကိုက်သက်သာဆေး၊ Orphenadrine (Norflex) အနာသက်သာဆေး၊ Prochlorperazine (Compazine) အအန်ပျောက်ဆေး၊ Pseudoephedrine (Sudafed) အအေးမိသက်သာဆေး၊

(၇) Opiate analgesics ဘိန်းပါသည့် အနာ-အကိုက်သက်သာဆေးများ၊
Codeine, Fentanyl (Innovar), Hydromorphone (Dilaudid), Meperidine (Demerol), Methadone, Morphine, Oxycodone (Oxycontin, Percodan)

(၈) Recreational drugs စိတ်ကိုသက်ရောက်စေသောဆေးများ၊
Alcohol အရက်၊ Amphetamines (အင်ဖတမင်း)၊ Barbiturates (ဘာဘီကျူရိတ်)၊ Cocaine (ကိုကင်း)၊ Marijuana ဆေးခြောက်၊ Heroin ဘိန်းဖြူ၊ Nicotine (နီကိုတင်း)၊

ပန်းသေ-ပန်း ညှိုးကောင်းစေဘို့ပေးတဲ့ဆေးများ
Sildenafil (Viagra), Vardenafil (Levitra or Staxyn) နဲ့ Tadalafil (Cialis) ဆိုတဲ့ ဆေးနာမည်တွေနဲ့ အမေရိကားမှာ ဝယ်လို့ရတယ်။ Avanafil (Stendra) ဆေးကို FDA ကနေ ၂ဝ၁၂ ဧပြီလမှာ ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်တယ်။
တခြားနာမည်တွေနဲ့ တခြားနိုင်ငံတွေမှာ ထုတ်လုပ်တယ်။ နာမည်ရှိတဲ့ ဆေးကုမ္ပဏီတွေက ထုတ်တာကိုသာ သုံးသင့်တယ်။ ဆေးတွေအားလုံး ထိရောက်တယ်၊ ဘေးထွက်-ဆိုးကျိုးလဲ နည်းတယ်။ လူသုံးများလှနေပြီ။ အလုပ်လုပ်ပုံ ခပ်ဆင်ဆင်တူတယ်။

• Viagra နဲ့ Levitra ကပိုတူတယ်။ အစာနဲ့ တွဲမသောက်ရဘူး။ ကိုယ်လိုအပ်မဲ့အချိန်ထက် ၃ဝ-၆ဝ မိနစ် ကြိုသောက်ထားပါ။ ၅ နာရီအထိ ဆေးအစွမ်းရှိတယ်။
• Cialis ကို အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ချက်ချင်းလို သက်ရောက်လို့ ကြိုသောက်စရာ မလိုဘူး။ တရက်ခံတယ်။ Cialis (36-hour) ဆိုရင်တော့ မိနစ် ၃ဝ ကြိုတင်သောက်ပါ။ ၃၆ နာရီခံတယ်။
• Vardenafil (Levitra) ဆေးကို လျှာအောက်ငုံရတဲ့ Staxyn ဆေးပြားလဲ လာတယ်။
• ဆေး ၃ မျိုးလုံးကို တနေ့မှာ တခါသာသောက်ပါ။ Viagra ဆိုရင် 50mg နဲ့လဲရတဲ့သူ များတယ်။ အဲလိုလူတွေက တနေ့ ၂ ခါအထိ သောက်နိုင်တယ်။

• သတိထားစရာတွေ -
- နှလုံးရောဂါရှိသူတွေ၊ သွေးတိုးရောဂါ ထိန်းဘို့ခက်ခဲတဲ့သွေးတိုးရောဂါ၊ Retinitis pigmentosa မျက်စိရောဂါရှိသူ၊ ဆိုးဝါးတဲ့ အသဲရောဂါရှိသူ၊ ဆိုးဝါးတဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေ ဒီဆေးကို မသုံးသင့်ဘူး။
- Nitroglycerin, Isosorbide နဲ့ Poppers ခေါ်တဲ့ တရားမဝင်ဆေးသုံးသူတွေ ဒီဆေးနဲ့ တွဲ မသောက်သင့်ဘူး။
- Alpha blockers, Antibiotics, Anti-seizure medications, Blood thinners နဲ့ Anti-arrhythmic heart medications ဆေးတွေသောက်နေရသူဆိုရင် ဆရာဝန်ကိုအရင်ပြောပါ။

• ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းကိုက်တာ အများဆုံးဖြစ်တယ်။ အစာမကျေဖြစ်တယ်။ နှာခေါင်းက နှာစေးသလိုဖြစ်မယ်။ ခေါင်းမူးတာနဲ့ သတိလက်လွတ်ဖြစ်ချင်တာ အတော်ရှားရှားပါးပါးဖြစ်မယ်။ Cialis ကြောင့်ဆိုရင် ခါးနာ၊ ကြွက်သားနာတာဖြစ်နိုင်တယ်။ Viagra နဲ့ Levitra တွေကနေ မျက်နှာနီမြန်းတာဖြစ်မယ်။ ခဏတာ မျက်စိ ကြည့်မကောင်းတာ ဖြစ်နိုင်တယ်။

ဆရာဝန်မလိုဘဲ ပျောက်ကင်းနိုင်တာတွေလဲ ရှိပါတယ်။ လိင်ဆက်ဆံတာကို လိုတာထက်ပိုပြီး စိတ်လှုပ်ရှားနေတာ ပြင်ပါ။ အလုပ်-မိသားစုအတွင်း စိတ်အခန့်မသင့် ဖြစ်နေတာ ပြင်ပါ။ ကိုယ့်ဇနီး-မိန်ကလေးနဲ့ ဆက်ဆံရေး ကျဲနေတာ ပြင်ပါ။ ကိုယ့်ကိုယ်ကို လိင်ကိစ္စမှာ ယုံကြည်မှု မနည်းသင့်ဘဲ နည်းနေတာ ပြင်ပါ။ ကိုယ့်မိန်းကလေးဖေါ်ကနေ အနုတ်သဘော ပြောတာကို ပြောင်းစေပါ။ မေ့ထားလိုက်ပါ။ လူနေမှုဘဝ ပုံစံပြောင်းသင့်ရင် ပြောင်းပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ၊ ကိုယ်အလေးချိန်လျှော့ချပါ၊ (အေရိုးဘစ်) လေ့ကျင့်ခန်းလုပ်တာ ပိုကောင်းစေမယ်။

- Viagra သန်မာစေတဲ့ဆေး http://doctortintswe.blogspot.com/2014/10/viagra.html
- Penile Injection Therapy ကျားလိင်အင်္ဂါ ဆေးထိုးခြင်း http://doctortintswe.blogspot.com/2014/11/penile-injection-therapy.html
- Low Testosterone (တက်စတိုစတီရုံး) နှင့် လိင်စိတ် http://doctortintswe.blogspot.com/2014/10/low-testosterone.html
- Erectile Dysfunction Physiology ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ http://doctortintswe.blogspot.com/2014/11/erectile-dysfunction-physiology.html
- Libido ဟိုစိတ်-ဒီစိတ် http://doctortintswe.blogspot.com/2014/11/libido.html
- Erectile Dysfunction ပန်းသေ-ပန်းညှိုး http://doctortintswe.blogspot.com/2014/11/erectile-dysfunction.html
- Erectile Dysfunction Causes ပန်းသေ-ပန်းညှိုး အချက် (၉) ချက် http://doctortintswe.blogspot.com/2014/11/erectile-dysfunction-causes.html
- Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) http://doctortintswe.blogspot.com/2014/11/viagra-in-heart-disease.html
- Cialis (Tadalafil) ပန်းသေပန်းညှိုုးအတွက်ဆေး http://doctortintswe.blogspot.com/2014/11/cialis-tadalafil.html

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/erectile-dysfunction.html


Healthy Life

253 Blog posts

Comments