Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း

အစာအိမ်-လေနာဆိုရင် ဘယ်လိုမျိုး စစ်ဆေးချက်တွေပြုလုပ်ရင် သိနိုင်သလဲကိုပါ။ ဒါမှမဟုတ် ရောဂါက မှန်းဆရတဲ့ အရ

December 08, 2014
Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း

Peptic Ulcer Diagnosis

အစာအိမ်-လေနာဆိုရင် ဘယ်လိုမျိုး စစ်ဆေးချက်တွေပြုလုပ်ရင် သိနိုင်သလဲကိုပါ။ ဒါမှမဟုတ် ရောဂါက မှန်းဆရတဲ့ အရာမျိုးလား။ စစ်ဆေးရင် အကောင်းဆုံးက ဘယ်လိုစစ်ရမလဲ ဆိုတာတွေကိုပါ ရှင်းပြပေးပါဦး။

ပဌမ ဆရာဝန်က ရောဂါ-ရာဇဝင်ကို သေသေခြာခြာ မေးမယ်။ ဖြစ်နိုင်တဲ့ အလာအလာရှိသူ ဟုတ်-မဟုတ်၊ ဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ၊ ဘယ်လောက် နာသလဲ၊ ကိုယ်အလေးချိန် လျှော့သလား၊ ဘာဆေးတွေ သောက်နေခဲ့သလဲ၊ NSAIDs ခေါ် အကိုက်-အနာ-အဖျားပျောက် ဆေးတွေက ဖြစ်စေနိုင်တယ်။ အရက်-ဆေးလိပ်၊ မိသားစုထဲ အဲလို ဖြစ်သူ ရှိသလား၊ အန်သလား၊ ဘယ်အချိန်မှာ နာတာလဲ။ လူပင်ပန်း-စိတ်ပင်ပန်းလား။ အစာကို အချိန်မှန် စားသလား။

နောက် စမ်းသပ်မှု လုပ်မယ်။ ဗိုက်၊ ရင်ပတ်၊ လိုအပ်ရင် စအို (သွေးယိုသူ)၊ နာတာရှည် လေနာသမားတချို့က အန်တတ်တယ်။ အစာ အောက်ဆင်းတာ နှေးလို့ အစာအိမ်ထဲမှာ စားတဲ့အစာတွေ တော်တော်နဲ့ အောက်မဆင်းဘူး။ အဲလို လူတွေရဲ့ ဗိုက်ကို လှုတ်ကြည့်ရင် ရေထည့်တဲ့ သားရေအိမ်ကို လှုတ်ကြည့်သလို အသံမျိုး ကြားတယ်။

ရောဂါကို သေခြာဘို့ စစ်နည်း ၁-၂ ခု ထပ်လိုတယ်။
(၁) Upper gastrointestinal (GI) series လည်းခေါ်သလို Barium meal x-ray ရိုက်တာ လုပ်ရတယ်။ ဆေးမျိုခိုင်းပြီး ဓါတ်မှန်တွေ တချပ်ပြီး တချပ်ရိုက်တာပါ။ သိပ်ကြီး တိကျတာတော့ မဟုတ်ပါ။
(၂) Endoscopy အစာလမ်းကြောင်းထဲကို ကင်မရာပါ ကရိယာ Endoscope ထည့်ကြည့်တာ၊ ပိုတိကျတယ်။
(၃) Endoscopy ကြည်ရင်းနဲ့ အထဲက အသားစကိုယူပြီး တရားခံပိုး H. pylori ရှိ-မရှိစစ်တယ်။ အဲလိုမျိုး Biopsies လုပ်တာက ကင်ဆာ ဟုတ်-မဟုတ်ကိုပါ သိစေတယ်။ GU အစာအိမ်မှာ အနာက ကင်ဆာနဲ့ ခွဲရမယ်။ DU အူသိမ်မှာ ဖြစ်ရင် ကင်ဆာ မဟုတ်ပါ။
(၄) သွေးထဲမှာ H. pylori နဲ့ဆိုင်တဲ့ Antibodies ရှိ-မရှိလည်း စစ်နိုင်တယ်။
(၅) Breath test ဆိုတာလည်း 95% မက သေခြာတယ်။
(၆) Stool test ဝမ်းထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ သွေး ပါနေ-မနေစစ်တာ။
(၇) Blood test သွေးအားနည်းနေ-မနေ (သွေးယိုသူ)၊

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/peptic-ulcer-diagnosis_25.html


Healthy Life

253 Blog posts

Comments