Petechiae သွေးခြည်ဥ

၁။ အသက် ၂၆ ပါ။ အိမ်ထောင်ရှိ။ ဆရာရှင့် ကျမက တခုခု အသားကို ထိမိ ခိုက်မိတာ ဆိတ်မိတာတို့ တခုခုပေါ့ ထိခိုက်မိရ

December 01, 2014
Petechiae သွေးခြည်ဥ

Petechiae

၁။ အသက် ၂၆ ပါ။ အိမ်ထောင်ရှိ။ ဆရာရှင့် ကျမက တခုခု အသားကို ထိမိ ခိုက်မိတာ ဆိတ်မိတာတို့ တခုခုပေါ့ ထိခိုက်မိရင် နည်းနည်းလေးထိမိတာတောင် ညိုမဲ စွဲ တတ်လို့ပါ။ အရေးပြာနဲ့ပတ်သက်ပြီး ဆရာရေးထားတဲ့စာလေး ဖတ်ချင်ပါတယ်။ ဆရာအားခဲ့သော စာပြန်ပေးပါရှင့်။ ကျေးဇူးတင်ပါတယ် ကျန်းမာပါစေရှင့်။

၂။ ဆရာ ကျမအမေလကနှစ်ဖက်မှာ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး သွေးခြေဥသလို အကွက်လေးတွေကနေ ခုချိန်မှာ အကွက်တွေကတော်တော် ကြီးလာခဲ့ပါတယ်။ အမေက ဆေးခန်းပြဖို့ အကြောက်အကန်ငြင်းနေတာနဲ့ ဒီအခြေအနေထိ ကြီးလာခဲ့တာပါ။ ဒါပေမယ့် ပြဖြစ်အောင်ပြဖို့ ကျမစီစဉ်မှာပါ။ အရေပြားဆရာဝန်ပြသင့်လား၊ အထွေထွေသမားတော်နဲ့ ပြရမလားမသိပါ။ ဆေးအရင်စစ်ကြည့်ရမလားဆရာ။ အမေ့လက်ပုံပါ တင်ပြထားပါတယ်ဆရာ။ စိုးရိမ်ရပါသလားဆရာ။

၃။ ပုံပါအတိုင်း ကျနော့်သမီးလေး၏ ခြေသလုံးတွင် သွေးကြောမျှင်များ ဖြစ်နေပါသည်။ သမီး၏အသက် ၁၅ နှစ်၊ လွန်ခဲ့သော ၄ နှစ်က သွေးလွန်တုတ်ကွေးဖြစ်ခဲ့၊ တစ်ခါတစ်ရံ နှစ်လုံးအောင့်၍ အသက်ရှူကြပ်၊ ကိုယ်လက်လှုပ်ရှားမှုနည်း၊ (အားကစား မရှိ)။ ယခုလို ခြေသလုံးတွင် သွေးကြေားမျှင်များဖြစ်နေသည်မှာ ၂ နှစ်လောက် ရှိနေပါပြီ။ ဦးချစ်ကောင်း သီချင်းထဲကလို ခြေသုံးသားက အလှတပါးပါကွယ် သူဟာ ထမီတိုတို။ အခုမှာတော့ သမီးလေးက သရီးကွာတားတောင် ဝတ်ဖို့ ခက်နေပြီဆရာရေ ကူပါအုံးခင်ဗျာ။ သရီးကွာတားဝတ်ဖို့အရေး မေးတာတော့ မဟုတ်ရပါခင်ဗျာ။ ကျနော့်သမီးနှင့် သမီးကဲ့သို့ ဖြစ်နေသူများသိရှိနိုင်ရန် ဖြေကြားပေးစေလိုပါတယ်။

၄။ အရေပြားက အထိအခိုက်မခံဘူးဖြစ်နေလို့ပါ။ တစ်ခါတစ်ရံ ယားပြီး အနီကွက်လို အနီဖုလိုဖြစ်တယ်ဆရာ။ လေးလံတဲ့ အထုပ်အပိုးတွေဆွဲရင် လက်ဖဝါးနဲ့ လက်ချောင်းတွေမှာ သွေးခြေဥ သလို နီရဲပြီး အဖြူဖု လေးတွေ ဖြစ်တယ်ဆရာ။ တစ်ခါတစ်ခါ လည်ပင်းကယားပြီးနီတယ်ဆရာ။ စာရေးခုံပေါ်လက်ထောက်ပြီးတင်ထားရင် ခုံနဲ့လက်နဲ့ထိတဲ့ နေရာမှာ အနီဖုလေးတွေဖြစ်ပါတယ်။ အဲလိုဖြစ်တာ ၉ လလောက်ရှိပါပြီ။

Capillaries သွေးကြောမျှဉ်လေးတွေကနေသွေးထွက်နေတာကို မျက်စိနဲ့မြင်ရရင် သွေးချည်ဥလို့ခေါ်တယ်။ ဖြစ်စနိုင်တာတွေကို စာရင်းချရင် အရှည်ကြီးရှိတယ်။

(၁) Prolonged straining သွေးကြောအပေါ်ဖိအားသက်ရောက်ခြင်းတွေက အရိုးရှင်းဆုံးသိနိုင်တာတွေဖြစ်တယ်။
• Crying ငိုခြင်း၊
• Coughing ချောင်းဆိုးခြင်း၊
• Vomiting အန်ခြင်း၊
• Childbirth ကလေးမီးဖွါးရခြင်း၊
• Weightlifting အလေးမခြင်း၊
• Aging skin အသက်ကြီးခြင်း၊
• Alcoholism အရက်သောက်ခြင်း၊
• Trauma ထိခိုက်မိခြင်း၊
• Newborns right after birth ကလေးဖွားကာစ၊
• Penis pump side effect ကျားလိင်အင်္ဂါ လေဟာနယ်ကရိယာဖြင့် စုပ်ခြင်း၊
• Toxic chemical exposure (Pesticides, Arsenic, Benzene) အဆိပ်သင့်ခြင်း

(၂) Certain medications ဆေးဝါးတွေကနေဖြစ်စေခြင်း
• Aspirin, Ibuprofen အကိုက်အခဲပျောက်ဆေးတွေက ထိပ်မှာရှိတယ်။
• Atropine (Atropen)
• Carbamazepine (Carbatrol, Epitol, Tegretol, others)
• Chemotherapy drugs side effect
• Chloral hydrate (Somnote)
• Cimetidine (Tagamet)
• Cortisone
• Desipramine (Norpramin)
• Gold salts
• Heparin
• Indomethacin (Indocin)
• Morphine (Avinza, Ms Contin, others)
• Naproxen (Aleve, Anaprox, Naprosyn)
• Nitrofurantoin (Furadantin, Macrobid, Macrodantin)
• Penicillin
• Quinidine
• Quinine (Qualaquin)
• Rifampin
• Sulfa antibiotics
• Warfarin (Coumadin) ရောဂါများ
• AIDS အေအိုင်ဒီအက်စ်၊
• Allergic reactions အလာဂျီရခြင်း (တခုခုနှင့်မတည့်ခြင်း)၊
• Aplastic anemia သွေးအားနည်းရောဂါတမျိုး၊
• Chickenpox ရေကြောက်၊
• Cytomegalovirus (CMV) infection
• Endocarditis နှလုံးရောင်ခြင်း၊
• Hantavirus pulmonary syndrome
• Leukemia လူကီးမီးယား၊
• Lupus လူးပတ်စ်ရောဂါ၊
• Lymphoma လင်ဖိုးမား
• Meningococcal meningitis ဦးနှောက်မြှေးရောင်ခြင်း၊
• Mononucleosis မိုနိုနယူကလီယိုးဆစ်၊
• Mumps ပသိရောင်ခြင်း၊
• Parvovirus infection
• Parvovirus ဗိုင်းရပ်စ်ရောဂါတမျိုး
• Rheumatoid arthritis လေးဘက်နာ၊
• Rocky Mountain spotted fever
• Rocky Mountain spotted fever ရော့ကီးတောင်တန်းအဖျားရောဂါ၊
• Rubella ဂျာမန်ဝက်သက်၊
• Scleroderma စကယ်လရိုဒါးမား၊
• Sepsis ပိုးဝင်ခြင်း၊
• Strep throat လည်ချောင်းနာ၊
• Thrombocytopenic purpura သွေးမှုံနည်းခြင်း၊
• Vasculitis သွေးကြောရောင်ခြင်း၊
• Vitamin C, K, B9, B12 ဗီတာင်မင်များချို့တဲ့ခြင်း၊

(၃) Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း
သွေးလွန်တုတ်ကွေး Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ Thrombocytopenia သွေးမှုံအရေအတွက် နည်းနေမယ်။ Platelets ကိုစစ်ဆေးဘို့လိုမယ်။ ပုံမှန်အရေအတွက်ဟာ 150,000 ကနေ 450,000/microliter ရှိသင့်တယ်။ ဒါပေမဲ့ 50,000/microliter ထက်နည်းမှသာ တကယ်နည်းနေတဲ့ရောဂါလို့ သတ်မှတ်ပါတယ်။

သွေးမှုံနည်းနေတိုင်း ရောဂါလက္ခဏာမပြတတ်ပါ။ ပြပြီဆိုရင် အရေပြားမှာ သွေးမဲပြာပြာထွက်နေတာ၊ သွေးခြည်ဥနေတာ၊ အရေပြားနဲ့ အမှေးပါးအောက်တွေမှာ သွေးယိုနေတာ၊ နှာခေါင်းသွေးယိုတာ နဲ့ သွားဖုံးသွေးယိုတာတွေ ဖြစ်လာမယ်။ သွေးနီဥနဲ့ သွေးဖြူဥ အမျိုးအစားနဲ့ အရေအတွက်တွေကိုလည်း စစ်ဆေးရပါမယ်။ နည်းနေနိုင်တယ်။ နေမကောင်းသလို ခံစားနေရနိုင်တယ်၊ အားယုတ်နေနိုင်တယ်၊ အစားပျက်နေနိုင်သေးပါတယ်။

Decreased platelet counts သွေးမှုံနည်းနေခြင်း အကြောင်းရင်းများ
(က) Decreased production သွေးမှုံထုတ်ပေးမှု နည်းနေရခြင်း အကြောင်းရင်းများ
Vitamin B12 or folic acid deficiency, Leukemia or myelodysplastic syndrome, Liver failure, Sepsis, systemic viral or bacterial infection, Dengue fever (သွေးလွန်တုပ်ကွေး), Hereditary syndromes, Congenital amegakaryocytic thrombocytopenia, Thrombocytopenia absent radius syndrome, Fanconi anemia, Bernard-Soulier syndrome, May-Hegglin anomaly, Grey platelet syndrome, Alport syndrome, Wiskott–Aldrich syndrome တို့ဖြစ်ပါတယ်။

(ခ) Increased destruction သွေးမှုံဖျက်ဆီးခံနေရခြင်း အကြောင်းရင်းများ
Idiopathic thrombocytopenic purpura, Thrombotic thrombocytopenic purpura, Hemolytic-uremic syndrome, Disseminated intravascular coagulation, Paroxysmal nocturnal hemoglobinuria, Antiphospholipid syndrome, SLE, Post-transfusion purpura, Neonatal alloimmune thrombocytopenia, Splenic sequestration, Dengue fever (သွေးလွန်တုပ်ကွေး), HIV တွေဖြစ်ပါတယ်။

(၈) Medication-induced ဆေးတွေကြောင့်ဖြစ်ရခြင်း
Valproic acid, Methotrexate, Carboplatin, Interferon, Isotretinoin, Panobinostat, Other chemotherapy drugs, Singulair, H2 blockers and proton-pump inhibitors

(ဃ) တခြားအကြောင်းရင်းများ
Immunological platelet destruction (Heparin-induced) ရောဂါပြီးစနစ်ကြောင့်ဖြစ်ရခြင်း၊ Snakebites (pit vipers) မြွေပွေးကိုက်ခံရခြင်း။

ဘာတွေစစ်မလဲ
Coagulation tests သွေးခဲမှုစစ်ဆေးနည်းလုပ်ရမယ်။ ဖြစ်စေတဲ့အကြောင်းရင်းမတူရင် အဖြေမတူပါ။ ဥပမာ -
• Vitamin K deficiency ဗီတာမင် (ကေ) နည်းနေသူမှာ Prothrombin time ကြာမယ်၊ Partial thromboplastin time ကပုံမှန်ဖြစ်မယ်၊ Bleeding time သက်ရောက်မှုမရှိဘူး၊ Platelet count သက်ရောက်မှုမရှိဘူး။
• Aspirin (အက်စ်ပရင်) ဆေးကြောင့်ဖြစ်တာဆိုရင် Partial thromboplastin time ပိုကြာတာတခုသာတွေ့မယ်။
• Thrombocytopenia သွေးမှုံနည်းနေရင် Partial thromboplastin time ပိုကြာတာ နဲ့ Platelet count နည်းနေမယ်။
• Full blood count, Liver enzymes, Renal function, Vitamin B12 levels, Folic acid levels, ESR, Peripheral blood smear စစ်ဆေးနည်းတွေလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
ဘာကိုမှ မစစ်နိုင်သေးခင် ဗီတာမင် (စီ) ၅ဝဝ အား သောက်ကြတယ်။ ဗီတာမင် (ကေ) ထိုးကြတယ်။

သွေးဘက်ဆိုင်ရာအထူးကုဆရာဝန်ကို ပြရမယ်။ အကြောင်းရင်းအတိုင်း ကုသမှုမတူဘူး။ ဥပမာ -
• Thrombotic thrombocytopenic purpura ဆိုတာက အရေးပေါ်ဖြစ်တယ်။
• Idiopathic thrombocytopenic purpura ဆိုရင် Prednisone and other corticosteroids, Intravenous immune globulin, Splenectomy, Danazol, Eltrombopag, Rituximab နဲ့ Romiplostim နည်းတွေ လုပ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/petechiae.html


Healthy Life

253 Blog posts

Comments