Anencephaly မွေးရာပါ ဦးနှောက်ချို့ယွင်းချက်

ဆရာ့ Gmail က [email protected] မဟုတ်တော့ပါဘူးလား။ သမီး mail ပို့ထားတာ ပြန်မပို့သေးလို့ပါ။ ဒါမှမဟုတ် ဆရာနေမကောင်းသေးလို့ပ

January 18, 2015
Anencephaly မွေးရာပါ ဦးနှောက်ချို့ယွင်းချက်

Anencephaly

ဆရာ့ Gmail က [email protected] မဟုတ်တော့ပါဘူးလား။ သမီး mail ပို့ထားတာ ပြန်မပို့သေးလို့ပါ။ ဒါမှမဟုတ် ဆရာနေမကောင်းသေးလို့ပါလား။ သမီး ကိုယ်ဝန်အတွက် ultrasond ရိုက်တာမှာ Head Cricumference – Anencephaly ဆိုတဲ့အဖြေက ဘာပါလဲ သိချင်လို့ပါ။ သမီးစိုးရိမ်နေလို့ပါ။ ကိုယ်ဝန်က ၅ လ ထဲမှာပါ။

ဆောရီး။ [email protected] ဖြစ်သွားပြီ။ အရင်ဟာကို ဖွင့်မရတော့လို့ပါ။

ဆောရီး။ Anencephaly ဆိုတာ ဦးနှောက်ရဲ့ အဓိကအစိတ်အပိုင်းတချို့ ချို့ယွင်းနေတာကိုခေါ်တယ်။

အဲ့ဒါဆို ဘယ်လိုတွေ ဖြစ်နိုင်ပါလဲဆရာ။

ဆောရီး။ ကုသလို့မရပါ။ အများအားဖြင့် မွေးလာရင်အသက်မရှင်ကြပါ။ ကိုယ်ဝန်မပျက်ရင် ၅၅% မရှင်ပါ။ အသေမွေး မဟုတ်လဲ နာရီပိုင်းသာရှင်မယ်။ သမိုင်းမှတ်တမ်းမှာ ၃ နှစ်နဲ့ ၁၁ လအထိရှင်သူနဲ့ ၂ နှစ်နဲ့ ၁၇၄ ရက်အထိရှင်တာ ရှိဘူးထားတယ်။ ဒီမွေးရာပါချို့ယွင်းချက်ဟာ အမေရိကားမှာ ကလေးမွေးမှုပေါင်း ၁ သိန်းမှာ ၁ ယောက်ရှိတယ်။

သမီး ဘာဆက်လုပ်ရမလဲဆရာ။ ဘာလုပ်သင့်ပါသလဲ။ OG က ဘယ်လို ဆုံးဖြတ်နိုင်ပါသလဲ။ ကလေးမကြီးနဲ့ ၁၂ နှစ်လောက်ကွာသွားလို့ အဲ့ဒီလိုဖြစ်တာပါလား။ ဒါမှမဟုတ် သမီးမှာ ချို့ယွင်းချက်များရှိနေလို့လား။

ဘာလို့ဖြစ်ရသလဲမှာ ဆရာဝန်တွေ အတိအကျမပြောနိုင်သေးတပါ။
(၁) Folic acid ဖေါလစ်အက်စစ် အရေးပါတာကိုတော့ ၁၉၉၅ ကတည်းက ကသဘောထားတူကြတယ်။ အဲလိုဖြစ်တာကို subtype of neural tube defect ချို့ယွင်းချက်လို့ခေါ်တယ်။ ဒါ့ကြောင့်ကိုယ်ဝန်ဆောင်တွေမှာရော၊ ကလေး မရနိုင်သေးသူတွေကိုပါ ဖေါလစ်အက်စစ်ပေးတယ်။ မျိုးပွါးနိုင်တဲ့အရွယ်အမျိုးသမီးတွေကို folic acid 0.4 mg နေ့စဉ် သောက်စေတယ်။

Folic acid ကို ကိုယ်ဝန်မရခင်ကတည်းက အခုအချိန်ထိ သောက်နေတာပါဆရာရယ်။ သမီးမှာ အစာအိမ်နဲ့ တင်ပဆုံ ကြောညပ်ရောဂါရှိလို့ အဲ့ဒါနဲ့ဆိုင်တဲ့ဆေတွေတော့ ကိုယ်ဝန်မရှိခင်က သောက်ရတယ်။ ကိုယ်ဝန်ရှိတော့ ဆေးဆိုလို့ ပါရာစီတမော့တောင် မသောက်တော့ပါဘူး။

(၂) ဒါ့ပြင် တချို့ဆေးတွေကိုအပြစ်ဖို့နိုင်တယ်။ ဥပမာ အတက်ရောဂါဆေး။ အင်စူလင်ထိုးနေရတဲ့ ဆီးချိုရှိသူတွေလဲ ပါတယ်။

(၃) ခဲ၊ ခရိုမီယမ်နဲ့ နစ်ကယ်လ် အဆိပ်သင့်တာကိုလဲ အပြစ်ရှာနိုင်သေးတယ်။ ဆရာဝန်တွေမသိသေးတာလဲရှိမှာပဲ။

မျက်စိတစ်ဖက်တည်းနဲ့ လုပ်နေရတာလား။ သမီးမသိလို့ပါဆရာရယ်။ သိပ်မလုပ်ပါနဲ့ ပိုဆိုးသွားပါ့မယ်။ သမီးကြောင့် ဆရာစိတ်ညစ်သွားရတယ်။ ဆောရီးပါဆရာ ဆရာမျက်လုံး မြန်မြန်ကောင်းပါစေ။

မျက်စိတဖက်တည်းနဲ့ လုပ်နေရတယ်ဗျာ။ ကွန်ပြူတာကိုင်ရင် မလိုခဲ့တဲ့ မျက်မှန်ပါ တပ်ရသေးတယ်။ ဆရာ့အတွက် စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဆရာက လုပ်စရာရှိနေရင် မနေတတ်ဘူး။ နာမည်မသုံးပဲ စာလေးတပုဒ်တင်ပါရစေ။ မတင်ခင် ပြပါမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/01/anencephaly.html


Healthy Life

253 Blog posts

Comments