"ဘဝသံသရာ တံတား"

#Crd_Aung_San_OoFacebookမွ ပြန်လည်ကူးယူ ဖော်ပြသည်...

တံတားအမည် - ဘဝသံသရာ တံတား( Unicode)

တံတား အရှည် - ၂၀၀ ပေ
တံတား အမြင့် - ၆၂ ပေ
တည်ဆောက်သည့်ခုနှစ် - ၁၉၂၇ ခုနှစ်
တံတားတည်နေရာ - ဟဲဟိုးမြို့

ရှမ်းပြည်တောင်ပိုင်းကို က "ဘဝသံသရာ" တံတား ကိုသာစည် နဲ့ ရွှေညောင် ကြား မိုင်တိုင် (၃၇၉/၇-၈) မှာ ရှိတဲ့ ရထားအတွက် သုံးတဲ့ တံတားပါ။ တံတားအရှည်က ပေ (၂၀၀) ရှိပြီး အမြင့်က (၆၂) ပေ ရှိတယ်လို့ သိရပါတယ်။

အထူးခြားဆုံးအချက်တစ်ခု ဒီ "ဘဝသံသရာ" အမည်တွင်တဲ့ တံတားက ယခုနှစ်ဆိုရင် နှစ်ပေါင်း (၉၀) တိတိ ပြည့်သွားပါပြီ ။ ဒီတံတားကို လွန်ခဲ့တဲ့ ၁၉၂၇ ခုနှစ်က တည်ဆောက်ခဲ့တာဆိုတော့ ခုထိ အချိန်ကြာကြာ ခံနိုင်ရည်အားကောင်းနေတာကလည်း စိတ်ဝင်စားစရာပါ။ သူက အပေါ်မှာ ရထားလမ်းတစ်ခု၊ အောက်မှာ ရထားလမ်းတစ်ခု ဖြတ်ထားတဲ့ ပုံစံလေး တည်ဆောက်ထားတယ်။ ဒီတံတားပေါ်ကနေ ပတ်ဝန်းကျင်ကိုကြည့်ရင် ရှမ်းပြည်ရဲ့ ကောင်းကင်ပြာကြီးနဲ့ စိမ်းမြနေတဲ့ တောင်တန်းလေးတွေကို လွတ်လပ်လဟာ မြင်တွေ့နိုင်လို့ ရှုခင်းသာ နေရာတစ်ခုလိုဖြစ်နေတယ်။

ဒီတံတားရှိတဲ့ သာစည် နဲ့ ရွှေညောင် ဘူတာတွေ ကြားမှာကို ရထားကူးတံတားပေါင်း (၄၁၇) စင်း ရှိပေမယ့် ဘာကြောင့် ဒီတံတားကိုမှ လူတွေ ရွေးလာကြလဲ။ ဘာလို့ "ဘဝသံသရာ" လို့ နာမည်တွင်သလဲ ဆိုတာကတော့ ဒါရိုက်တာ ဘဘ ဦးသုခ ရဲ့ "ဘဝသံသရာ" ရုပ်ရှင်ထဲမှာ ပါဝင်လို့ ဒီနာမည်ရခဲ့တာပါ ။ ရွှေညောင်ကနေ လာမယ်ဆိုရင် တောင်ပေါ်လမ်းတွေကိုဖြတ်ပြီး အောက်တံတားကနေမှ အပေါ်ဘက်ဟဲဟိုးကို တက်တဲ့အတက် ခရုပတ်ပုံစံလေး ရထားတက်ရတယ်။ ရထားက တက်လိုက်ဆင်းလိုက် နဲ့ အကွေ့အကောက်လည်းများတော့ ဒါကို တရားသဘောနဲ့ လူ့ဘဝ ဆိုပြီး အနုပညာရှုထောင့်ကနေ ခိုင်းနှိုင်းလို့ ရုပ်ရှင်ထဲ ထည့်ရိုက်လိုက်တာကြောင့် ဒီအမည် တွင်သွားပုံရပါတယ် ။ဒီတံတားပေါ်မှာ တစ်နေ့ကို ရထား နှစ်ကြိမ်ပဲ ဖြတ်တယ် လို့လဲ သိရပါသေးတယ် ။

သိပ်ပြီး ထူးခြားတာ မရှိပေမယ့် သက်တမ်းက နှစ်ပေါင်း (၉၀)၊ ရထားလမ်း နှစ်ခု ကို အပေါ်အောက် ဖြတ်သန်းထားတဲ့ နေရာတစ်ခု၊ ပြီးတော့ လှပတဲ့ ပတ်ဝန်းကျင် ရှုခင်းကောင်းတွေ ရှိတဲ့နေရာတစ်ခုအဖြစ်တော့ ခရီးသွားသူတွေကို စွဲဆောင်နေတဲ့နေရာတစ်ခုပါ ။

       

တံတားအမည္ - ဘဝသံသရာ တံတား (Zawgyi) 
တံတား အရွည္ - ၂၀၀ ေပ
တံတား အျမင့္ - ၆၂ ေပ
တည္ေဆာက္သည့္ခုႏွစ္ - ၁၉၂၇ ခုႏွစ္
တံတားတည္ေနရာ - ဟဲဟိုးၿမိဳ႕

ရွမ္းျပည္ေတာင္ပိုင္းကို က "ဘဝသံသရာ" တံတား ကိုသာစည္ နဲ႔ ေရႊေညာင္ ၾကား မိုင္တိုင္ (၃၇၉/၇-၈) မွာ ရိွတဲ႔ ရထားအတြက္ သံုးတဲ႔ တံတားပါ။ တံတားအရွည္က ေပ (၂၀၀) ရိွၿပီး အျမင့္က (၆၂) ေပ ရိွတယ္လို႔ သိရပါတယ္။

အထူးျခားဆံုးအခ်က္တစ္ခု ဒီ "ဘဝသံသရာ" အမည္တြင္တဲ႔ တံတားက ယခုႏွစ္ဆိုရင္ ႏွစ္ေပါင္း (၉၀) တိတိ ျပည့္သြားပါၿပီ ။ ဒီတံတားကို လြန္ခဲ႔တဲ႔ ၁၉၂၇ ခုႏွစ္က တည္ေဆာက္ခဲ႔တာဆိုေတာ့ ခုထိ အခ်ိန္ၾကာၾကာ ခံႏုိင္ရည္အားေကာင္းေနတာကလည္း စိတ္ဝင္စားစရာပါ။ သူက အေပၚမွာ ရထားလမ္းတစ္ခု၊ ေအာက္မွာ ရထားလမ္းတစ္ခု ျဖတ္ထားတဲ႔ ပံုစံေလး တည္ေဆာက္ထားတယ္။ ဒီတံတားေပၚကေန ပတ္ဝန္းက်င္ကိုၾကည့္ရင္ ရွမ္းျပည္ရဲ႕ ေကာင္းကင္ျပာႀကီးနဲ႔ စိမ္းျမေနတဲ႔ ေတာင္တန္းေလးေတြကို လြတ္လပ္လဟာ ျမင္ေတြ႔ႏုိင္လို႔ ရႈခင္းသာ ေနရာတစ္ခုလိုျဖစ္ေနတယ္။

ဒီတံတားရိွတဲ႔ သာစည္ နဲ႔ ေရႊေညာင္ ဘူတာေတြ ၾကားမွာကို ရထားကူးတံတားေပါင္း (၄၁၇) စင္း ရိွေပမယ္႔ ဘာေၾကာင့္ ဒီတံတားကိုမွ လူေတြ ေရြးလာၾကလဲ။ ဘာလို႔ "ဘဝသံသရာ" လို႔ နာမည္တြင္သလဲ ဆိုတာကေတာ့ ဒါ႐ိုက္တာ ဘဘ ဦးသုခ ရဲ႕ "ဘဝသံသရာ" ႐ုပ္ရွင္ထဲမွာ ပါဝင္လို႔ ဒီနာမည္ရခဲ့တာပါ ။ ေရႊေညာင္ကေန လာမယ္ဆိုရင္ ေတာင္ေပၚလမ္းေတြကိုျဖတ္ၿပီး ေအာက္တံတားကေနမွ အေပၚဘက္ဟဲဟိုးကို တက္တဲ႔အတက္ ခ႐ုပတ္ပံုစံေလး ရထားတက္ရတယ္။ ရထားက တက္လိုက္ဆင္းလိုက္ နဲ႔ အေကြ႔အေကာက္လည္းမ်ားေတာ့ ဒါကို တရားသေဘာနဲ႔ လူ႔ဘဝ ဆိုၿပီး အႏုပညာ႐ႈေထာင့္ကေန ခိုင္းႏိႈင္းလို႔ ႐ုပ္ရွင္ထဲ ထည့္႐ိုက္လိုက္တာေၾကာင့္ ဒီအမည္ တြင္သြားပံုရပါတယ္ ။ဒီတံတားေပၚမွာ တစ္ေန႔ကို ရထား ႏွစ္ႀကိမ္ပဲ ျဖတ္တယ္ လို႔လဲ သိရပါေသးတယ္ ။

သိပ္ၿပီး ထူးျခားတာ မရိွေပမယ္႔ သက္တမ္းက ႏွစ္ေပါင္း (၉၀)၊ ရထားလမ္း ႏွစ္ခု ကို အေပၚေအာက္ ျဖတ္သန္းထားတဲ႔ ေနရာတစ္ခု၊ ၿပီးေတာ့ လွပတဲ႔ ပတ္ဝန္းက်င္ ႐ႈခင္းေကာင္းေတြ ရိွတဲ႔ေနရာတစ္ခုအျဖစ္ေတာ့ ခရီးသြားသူေတြကို စြဲေဆာင္ေနတဲ့ေနရာတစ္ခုပါ ။


Min Khant

15 Blog posts

Comments