အူမကြီးကင်ဆာ သိတာနောက်ကျ

- ကနေ့ထွက်တဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ အင်္ဂလန်မှာ ရောဂါရှိနေတာအသိနောက်ကျလို့ လူထောင်နဲ့ချည်ပြီး အူမက

Bowel cancers spotted too late

Bowel Cancers Spotted too late

အူမကြီးကင်ဆာ သိတာနောက်ကျ

- ကနေ့ထွက်တဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ အင်္ဂလန်မှာ ရောဂါရှိနေတာအသိနောက်ကျလို့ လူထောင်နဲ့ချည်ပြီး အူမကြီးကင်ဆာနဲ့ သေဆုံးနေရတယ်။
- စောစောစီးစီး သိနိုင်မယ်ဆိုရင် လူပေါင်း ၃၂ဝဝ ရဲ့အသက်ကို ကယ်နိုင်ပါမယ်။ ရောဂါရှိနေ-မနေ ဆေးစစ်ဘို့မလာဖြစ်ကြ မလာနိုင်ကြလို့ အဲလိုဖြစ်နေတာပါ။
- အဲလိုကြိုတင် ဆန်ခါတင်ဆေးစစ်ဘို့ အစီအစဉ်ကို ၂ဝဝ၆ ကတည်းက စနေတယ်။ အသက် ၆ဝ ကနေ ၇၄ နှစ်ရှိသူတိုင်း စစ်ရာမှာဖြစ်ပေမယ့် ၆ဝ% ကသာစစ်ဆေးကြတယ်။
- နောက်ကျမှသိရင် ဆေးကုပေမယ့် အသက် ၅ နှစ်ရှင်နှုန်း ၇% သာရှိတယ်။ စောစောသိလို့ဆေးကုသရင် ၉၇% ရှိတယ်။
- ယူကေမှာ တနှစ်ကို လူပေါင်း ၄၁ဝဝဝ ယောက် အူမကြီးကင်ဆာတွေ့နေတယ်။ ၁၆ဝဝဝ ယောက်သေဆုံးနေကြတယ်။

၁။ ဝမ်းသွာတာမှာသွေးပါနေရင်။
၂။ ဝမ်းသွားတဲ့အကျင့်ပြောင်းလာရင်။
၃။ အကြောင်းမသိ ဗိုက်နာရင်။
၄။ အကြောင်းမသိ ကိုယ်အလေးချိန်လျှော့လာရင် အူမကြီးကင်ဆာကိုသံသယရှိပါ။

Colorectal cancer အူမကြီး ကင်ဆာ http://doctortintswe.blogspot.com/2015/03/colorectal-cancer.html
Promising results for bowel cancer breath-test http://www.bbc.com/news/health-20599238

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၅
SHARE
Credit Source: https://doctortintswe.blogspot.com/2015/04/bowel-cancers-spotted-too-late.html


Healthy Life

253 Blog posts

Comments