Anal practice and HIV စအိုလမ်းနည်းနဲ့ HIV
• လိင်ဆက်ဆံရာမှာ (ကျား-ကျား)၊ (ကျား-မ)၊ (လိင်နှစ်ခွသမား)၊ (လိင်ပြောင်းထားသူ)၊ အဖြောင့်သမား) တွေကြားမှာ စအိုလမ်းကိုသုံးကြတယ်။ ဒီနည်းလမ်းကနေ HIV ပိုးကူးစက်လာစေနိုင်တယ်။
• Rectal fluid အစာဟောင်းအိမ်လမ်းကအရည်ဆိုတာ တခြားနေရာ (ပါးစပ်၊ အစာလမ်း၊ ဗဂျိုင်းနား၊ ကျားလိင်တံအဖျား၊ သားအိမ်ဝ၊ ဆီးသွားလမ်း) တွေမှာ ဖုံးထားတဲ့အပေါ်ဖုံးအလွှာမျိုးဖြစ်တယ်။ ဒီအလွှာကနေ အလုပ်အမျိုးမျိုးလုပ်ပေးတယ်။ ပိုးမွှားတွေရန်ကနေ အကာအကွယ်ပေးတယ်။ ကာကွယ်နည်းဆိုတာ ဝင်လာတဲ့ ပိုးမွှားလေးတွေကို ဖမ်းယူပေးတာ ဖြစ်တယ်။ တချို့အလွှာပါးလေးတွေကနေ အရည်တမျိုးပါ ထုတ်ပေးနေတယ်။ ထိတွေ့တဲ့အခါမှာ ချောမွေ့စေဘို့ ရည်ရွယ်တယ်။
• HIV ပိုးကူးစက်ခံထားရသူရဲ့ အဲလိုအလွှာပါးလေးတွေထဲမှာ ပိုးပါနေတယ်။ အဲဒီ အလွှာပါးလေးတွေမှာ ခုခံအား (ဆဲလ်) တွေရှိနေလို့ဖြစ်တယ်။ HIV ပိုးကနေ သူတို့ကို ကူးစက်လာပြီး မိတ္တူတွေ ပွါးစေတယ်။ များလာရင်တော့ သူများတွေကိုပါ ကူးစက်စေနိုင်ပြီ။
• HIV ရှိလို့ ART ဆေးပေးနေသူ ၆၄ ယောက်ကို စမ်းသပ်တော့ သူတို့ရဲ့ အစာဟောင်းအိမ်လမ်းက အရည်ထဲမှာ HIV ရှိနေတာက သွေးထဲမှာနဲ့ လိင်အရည်တွေထဲမှာရှိနေတာထက် ပိုများတာကိုတွေ့ရှိရတယ်။ ဘာလို့လည်း။ ကိုယ်ခန္ဓာထဲမှာ ခုခံအား (ဆဲလ်) တွေဟာ အစာလမ်းထဲမှာ အများဆုံးရှိတယ်။ အစာဟောင်းအိမ်က အစာလမ်းရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ နေရာမျက်နှာပြင် ကျယ်လွန်းလို့ဖြစ်တယ်။ ကိုယ်ထဲကို ဝင်လာနိုင်တဲ့ပိုးမွှားလည်း အစာလမ်းကနေ စားတာသောက်တာထဲကနေ ရစရာအခွင့်အလမ်းကလည်း များလို့ဖြစ်တယ်။
• အမေရိကားမှာ ယောက်ျားမိန်းမပေါင်း ၆ဝဝဝ ကိုလေ့လာမှုတခုလုပ်ခဲ့တယ်။ သူတို့ထဲက အများစုဟာ (ဟက်ထရိုဆက်ကျူရယ်) ခေါ်တဲ့ ဆန့်ကျင်ဖက်လိင်ကိုစိတ်ဝင်စားသူတွေဖြစ်ကြတယ်။ စမ်းသပ်မှုအရင် တနှစ်အတွင်း အသက် ၁၈-၃၉ နှစ်ကြားရှိတဲ့ အမျိုးသမီး ၂ဝ% လောက်မှာ စအိုလမ်းကိုပါ လိင်ဆက်ဆံရာမှာ သုံးကြာတာတွေ့ရတယ်။ ၂၅-၄၉ နှစ်အရွယ် ယောက်ျားတွေမှာ ၂၅% က စအိုလမ်းကိုပါ လိင်ဆက်ဆံရာမှာ သုံးကြာတာ တွေ့ရတယ်။
• HIV ပိုးမရှိသူရဲ့ ကျားလိင်အင်္ဂါကနေ ပိုးရှိသူရဲ့ စအိုလမ်းထဲသွင်းမိရင် HIV ကူးစက်လာမယ်။ ဒီနည်းလမ်းက ကူးစက်နည်းရဲ့အဓိကဖြစ်တယ်လို့ တွေ့ရှိရတယ်။
• တိတိကျကျပြောရရင် အကာအကွယ်မပါ (ကွန်ဒွမ်) မသုံးပဲ HIV ပိုးရှိနေသူရ့ ဲစအိုလမ်းကို လိင်ဆက်ဆံမှု တကြိမ်ပြုခြင်းကနေ HIV ကူးစက်နိုင်မှုဟာ မိန်းမဗဂျိုင်းနားလမ်းကို အဲလိုဆက်ဆံနည်းနဲ့ အတူလောက် ဖြစ်တယ်။ ဒါပေမယ့် HIV မရှိသူဟာ အပြုခံရသူဖြစ်နေရင် အခွင့်အလမ်း နည်းနည်းသက်သာတယ်။
• စအို (အစာဟောင်းအိမ်) ကရောင်ရမ်းနေရင်၊ လိင်ကတဆင့်ကူးစက်ပိုးရှိနေရင်၊ စုပ်ပြဲမှုရှိနေရင်၊ HIV ကူးစက်မှု ပိုများမယ်။
• (ကွန်ဒွမ်) သုံးခြင်း၊ post-exposure prophylaxis (PEP) ထိတွေ့မှုရှိပြီးနောက် ဆေးသောက်ခြင်း၊ pre-exposure prophylaxis (PrEP) ကြိုတင်ဆေးသောက်ထားခြင်း၊ (ART) ဆေး သောက်နေခြင်းနည်းတွေနဲ့ စအိုလမ်းလိင်ဆက်ဆံမှုကနေ HIV ကူးစက်မှာကို ကာကွယ်နိုင်တယ်။ circumcision ပန်းအဖျားဖြတ်ထားခြင်း ကနေလည်း ကာကွယ်နိုင်သလားလို့ ယူဆချက်လည်းရှိတယ်။
• HIV viral load သွေးထဲမှာ ဗိုင်းရပ်စ်ပိုးပမာဏ နည်းနေရင် ကူးစက်မှုနည်းမယ်။
ဒေါက်တာတင့်ဆွေ
၁၁-၄-၂ဝ၁၅
SHARE
Credit Source: https://doctortintswe.blogspot.com/2015/04/anal-practice-and-hiv-hiv.html