Stem cells can be safely infused in brain to promote stroke recovery

Stroke (စတုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြောရောဂါဖြစ်သူကို မြန်မြန် သက်သာအောင် ဦးနှောက်ထဲကို (စတမ်ဆဲလ်) သွင်းပေးန

Stem cells can be safely infused in brain to promote stroke recovery

Stem Cells

Stroke (စတုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြောရောဂါဖြစ်သူကို မြန်မြန် သက်သာအောင် ဦးနှောက်ထဲကို (စတမ်ဆဲလ်) သွင်းပေးနိုင်တယ်လို့ ၂၁-၅-၂ဝ၁၅ နေ့ထွက်လာတဲ့ ဆေးသုတေသနသတင်းအရသိရပါတယ်။

ပေါင်ခြံသွေးလွှတ်ကြောကနေတဆင့် ဦးနှောက်သွား (ကရိုးတစ်) သွေးလွှတ်ကြောထဲထိ (ကသီတာ) ပြွန်သေးသေးလေးနဲ့ (စတမ်ဆဲလ်) တွေကို ထိုးပေးတယ်။

စမ်းသပ်နေတာတနှစ်ရှိပါပြီ။ (စထုပ်) ရထားတဲ့လူနာ ၄၈ ယောက်ရဲ့ရိုးတွင်းခြင်ဆီကနေ (စတမ်ဆဲလ်) တွေယူပြီး ထိုးတယ်။ အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှာရှိတဲ့ Interdisciplinary Stem Cell Institute မှာလုပ်နေတာပါ။ (စတမ်ဆဲလ်) တွေကလည်းသက်ရှိမို့ သွေးစီးလျှောက်တာကိုနှေးစေမှာ သတိထားရတယ်။ ခုထိစမ်းသပ်တာမှာ အဲလိုဖြစ်တာ မတွေ့ရပါ။

ရိုးတွင်းခြင်ဆီကနေ (စတမ်ဆဲလ်) တွေကိုထုတ်ယူပြီး ၄၈ နာရီကြာသန့်စင်ထုတ်ယူရတယ်။ ၄၈ ယောက်ထဲမှာ ၁၉ ယောက်ကိုတော့ အဲလိုထိုးမပေးပါ။ ၂၄ နာရီမှာ စစ်ဆေးမှုလုပ်တယ်။ MRI scans ရိုက်တယ်။ နောက် ရက် ၉ဝ၊ ၁၈ဝ နဲ့ တနှစ်အကြာမှာထပ်စစ်တယ်။ လူနာအားလုံးကို ပေးနေကြကုထုံးအရလည်း ကုသပေးပါတယ်။

(စတမ်ဆဲလ်) ထိုးပေးသူတွေမှာ ကြွက်သားလှုတ်ရှားမှုနဲ့ စကားပြောတာမြန်မြန်ပြန်သက်သာလာကြတာတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/05/stem-cells-can-be-safely-infused-in.html


Healthy Life

253 블로그 게시물

코멘트