Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့

ကန်တော့ပါ။ ခဏခဏမေးတာတွေ လာတယ်။ မေးခွန်းတွေကို မထည့်တော့ပါ။

Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့

ကန်တော့ပါ။ ခဏခဏမေးတာတွေ လာတယ်။ မေးခွန်းတွေကို မထည့်တော့ပါ။

အမျိုးသမီးတွေမှာ လိင်လမ်းကြွက်နို့ဖြစ်ကြတာ မနည်းလှပါ။ အတွဲတခုမှာ တယောက်မှာ ရောဂါရနေရင်၊ ပြနေရင် ကျန်တယောက်မှာလဲ ဘာမှလက္ခဏာမပြလည်း ပိုးရှိနေပြီ။ ဒါပေမဲ့ တယောက်မှာ အဲလိုတွေ့တိုင်း ဖေါက်ပြန်သူဆိုပြီး စွပ်စွဲလို့ မရသေးပါ။ တယောက်မှာ လိင်လမ်းကြွက်နို့ရှိနေရင် သူ့အဖေါ်ကိုပါ ဆေးစစ်ရမယ်။

အမျိုးသမီးမှာ ဖြစ်နေတာဆိုရင် Pap smears သားအိမ်ဝကင်ဆာ ရှိ-မရှိ စစ်ဆေးတာကို အနည်းဆုံး တနှစ်တခါ လုပ်သင့်တယ်။ ကြွက်နို့က သားအိမ်ဝမှာ ဖြစ်နေသူဆိုရင် ၃-၆ လတခါလုပ်ရမယ်။ (ကွန်ဒွန်) က HIV အတွက်သာမက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်အဝကင်ဆာ အတွက်ပါ ကာကွယ်ရာကျတယ်။ ဒါပေမဲ့ ကြွက်နို့ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ရင် ကြွက်နို့မှန်သမျှကို ကာကွယ်မှုမပေးနိုင်ပါ။ အတူနေအဖေါ်ဆိုတာ သတ်သတ်မှတ်မှတ် ရှိသင့်တယ်။ ကိုယ့်အဖေါ်၊ ဇနီး၊ ခင်ပွန်းကို သစ္စာရှိပါလေ။

ကြွက်နို့ရှိနေပေမဲ့ ကလေးမရတာမဖြစ်စေပါ။ ကိုယ်ဝန်ကို မထိခိုက်ပါ။ ကိုယ်ဝန်ဆောင်နေစဉ်ဖြစ်တဲ့ လိင်လမ်း ကြွက်နို့အတွက် Imiquimod, Sinecatechins, Podophyllin နဲ့ Podofilox တွေကို မသုံးပါနဲ့။ ခွဲစိတ်တာ လုပ်ချင် လုပ်နိုင်တယ်။ (ဗဂျိုင်းနား) ကြွက်နို့ကို Liquid nitrogen နဲ့ Cryotherapy လုပ်ရတယ်။ Cryoprobe မသုံးသင့်ပါ။ TCA or BCA 80%–90% ပါးပါးလေး လိမ်းနိုင်တယ်။ ခြောက်သွေ့ပါစေ။ ဆေးများသွားရင် Sodium bicarbonate, Liquid soap နဲ့ဆေးပါ။ တပတ်တခါ။

Urethral Meatus Warts ဆီးသွားပေါက်ကြွက်နို့ကို Cryotherapy with liquid nitrogen နည်း၊ ဒါမှမဟုတ် Podophyllin 10%–25% in compound tincture of Benzoin သုံးပါ။ ဆေးမလိမ်ခင် နေရာကို ခြောက်သွေ့နေပါစေ။ တပတ်ခါ။

စအိုကြွက်နို့ကို Cryotherapy with liquid nitrogen သုံးပါ။ ဒါမှမဟုတ် TCA or BCA 80%–90% ပါးပါးလေးသုံးပါ။ ခြောက်သွားပါစေ။ များတာကို talc, sodium bicarbonate, or liquid soap နဲ့ ဓါတ်ပျယ်စေနိုင်တယ်။ ဒါမှမဟုတ် ခွဲစိတ်ကုသပါ။ စအိုထဲကြွက်နို့ အထူးကုနဲ့ကုသပါ။

1. Podophyllin ဆေးကနေ ကြွက်နို့ (တစ်ရှူး) တွေကို ဖျက်ဆီးမယ်။ အနာပေါ်မှာသာလိမ်းရမယ်။ ဆေးလိမ်းပြီးနောက် ၁-၄ နာရီကြာရင် ဆေးကြောနိုင်တယ်။ တပတ်မှ တခါနဲ့ ၄-၆ ပတ်ကြာနိုင်တယ်။ လိုသေးရင် ဆက်သုံးပါ။ ဆေးလိမ်းတဲ့ နေရာမှာ အနေရခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။

2. Podofilox (Condylox) ဆေးကို ဂွမ်းစလေးသုံးပြီး ကိုယ်တိုင်လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက် ဆက်တိုက် လိမ်းပါ။ ၄ ရက်နားပါ။ နောက်အဲဒီအတိုင်း ၄ ခါလည်အောင် လုပ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။ ဆေးလိမ်းတဲ့နေရာမှာ အရေခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။

3. Bichloroacetic acid (BCA) နဲ့ Trichloroacetic acid (TCA) အက်စစ် ၂ မျိုးဆေးကနေ ကြွက်နို့ တစ်ရှူးတွေကို ဖျက်ဆီးပြစ်မယ်။ ဆရာဝန်-ဆရာမကနေထည့်ပေးနိုင်ရင် ကောင်းတယ်။ တပတ် ၁ ခါသာ ထည့်ရတယ်။ ၄-၆ ခါ ကြာနိုင်တယ်။ ဆေးထည့်ရာနေရာမှာ ပူလောင်တာ နာတာရှိမယ်။ ကိုယ်ဝန်ရှိလည်း သုံးနိုင်တယ်။

4. Imiquimod (Aldara) (ခရင်မ်) ဖြစ်တယ်။ ခုခံအားကို သက်ရောက်စေတယ်။ ညအချိန် အနာပေါ်လိမ်းရတယ်။ ၆-၁ဝ နာရီကြာရင် ဆေးပါ။ တပတ်မှာ ၃ ရက်၊ ၁၆ ပတ်အထိ လိမ်းနိုင်တယ်။ ကိုယ်ဝန်ရှိချိန်မသုံးရပါ။

5. Interferon (အင်တာဖရွန်) ဆေးကိုလဲသုံးတယ်။ ခုခံအားဆေး အမျိုးအစားဖြစ်တယ်။ ထိုးဆေးနဲ့ လိမ်းဆေးရှိတယ်။ ကြွက်နို့နေရာမှာ ထိုးတာက ပိုထိရောက်တယ်။ ဘေးထွက်ဆိုးကျိုးက တုပ်ကွေးလိုခံစားရမယ်။ တခြားဆေးနည်းတွေနဲ့ မရမှသာသုံးပါ။ ဆေးနည်းနဲ့ ခွဲစိတ်နည်းတို့နဲ့ တွဲသုံးတယ်။ ကိုယ်ဝန်ဆောင်နေစဉ် မသုံးရပါ။

6. Sinecatechins (Veregen) သစ်ပင်ကထွက်တဲ့ဆေး ကိုယ်တိုင် သုံးနိုင်တယ်။ တနေ့ ၃ ကြိမ်၊ ၁၆ ပတ် ကြာနိုင်တယ်။ ဗဂျိုင်းနား၊ စအိုနေရာမှာလဲ သုံးနိုင်တယ်။ HIV ရှိသေူ၊ ရေယုံရှိနေသူတွေလဲ သုံးနိုင်တယ်။ အတူမနေခင် ဆေးပြစ်ရမယ်။ ကွန်ဒွမ်ကို အားနည်းစေနိုင်တယ်။ ဆေးထိရာမှာ နီရဲပြီး ယားမယ်။ ပူလောင်မယ်။

HIV ရှိနေသူ လိင်လမ်းကြွက်နို့ အဖြစ်များတယ်။ ဆေးကုရလည်းခက်တယ်။ Squamous Cell Carcinoma in Situ ကင်ဆာကနဦးဖြစ်နေသူ အထူးကုနဲ့ကုသပါ။ Cervical Warts သားအိမ်ဝကြွက်နို့ကို Biopsy evaluation လုပ်ရမယ်။ အထူးကုသမှု လုပ်ရမယ်။

လိင်လမ်းမှာ ကြွက်နို့ရှိနေသူနဲ့ လိင်ဆက်ဆံမှုရှောင်ရင် ကူးစက်တာ မဖြစ်စေပါ။ ရှိနေမှန်းမသိရင် ခက်တယ်။ (ကွန်ဒွမ်) က ကြွက်နို့ကို မဖုံးနိုင်ရင်လဲ ကာကွယ်မှုမပေးပါ။ တယောက်ကိုတယောက် ရိုးသားပါ။ Vulva HPV မိန်းကိုယ်မှာရှိတာကို စမ်းသပ်နည်းမရှိပါ။ Cervix HPV သားအိမ်ဝ(ခေါင်း) မှာရှိတာကိုတော့ စမ်းလို့ရတယ်။

HPV vaccine ကာကွယ်ဆေး Gardasil နဲ့ Cervarix ၂ မျိုးရှိနေပြီ။ Cervarix က 70% of cervical cancers ဖြစ်စေတဲ့ (types 16 and 18) ကို ကာကွယ်မယ်။ Gardasil ကာကွယ်ဆေးက 90% of genital warts ဖြစ်စေတဲ့ (types 6 and 11) ကို ကာကွယ်မယ်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းတယ်။ ယောက်ျားတွေအတွက် (Gardasil) ဟာ လိင်အင်္ဂါကြွက်နို့ကို ကာကွယ်တယ်။ မိန်းကလေး ၉ နှစ်သမီးကနေ ၂၆ နှစ်သမီးအထိ ထိုးပေးသင့်တယ်။ ကြွက်နို့ ပေါက်နေသူ ထိုးဘို့မလိုပါ။ HPV ကြောင့်ဖြစ်တဲ့ လိင်လမ်းကြွက်နို့ဖြစ်မှာကို ကာကွယ်နိုင်တယ်။ Gardasil ဆေးကို ၆ လ အတွင်းမှာ ၃ ခါထိုးရတယ်။ ဘေးထွက်ဆိုးကျိုး ဆိုးဝါးတာမရှိပါ။

Podophyllin ဆေးနဲ့ ကိုယ်ဝန်
သောက်ဆေးကနေ ဆေးများရင်တော့ ကလေးကိုသက်ရောက်နိုင်တယ်လို့သိထားတယ်။ လိမ်းဆေးကနေ ဖြစ်နိုင်တာအတွက် ဆေးသုတေသန မစုံလင်သေးပါ။

- Warts ကြွက်နို့ http://doctortintswe.blogspot.com/2014/11/warts.html
- Genital warts လိင်လမ်းကြွက်နို့ http://doctortintswe.blogspot.com/2014/11/genital-warts.html
- Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့ http://doctortintswe.blogspot.com/2014/11/genital-warts-in-women.html

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/genital-warts-in-women.html


Healthy Life

253 Blog posts

Comments