Focused ultrasound surgery for uterine fibroids သားအိမ်အလုံးကို အာလ်ထွာဆောင်းနည်းနဲ့ကုသခြင်း

• FDA ကနေ ၂ဝဝ၄ ကတည်းကခွင့်ပြုထားတယ်။
• သားအိမ်အလုံးကြောင့် နာတာ၊ ရာသီဆင်းများတာစတဲ့ ခံစားနေရတာတွေကို သက်

Focused ultrasound surgery for uterine fibroids သားအိမ်အလုံးကို အာလ်ထွာဆောင်းနည်းနဲ့ကုသခြင်း

• FDA ကနေ ၂ဝဝ၄ ကတည်းကခွင့်ပြုထားတယ်။
• သားအိမ်အလုံးကြောင့် နာတာ၊ ရာသီဆင်းများတာစတဲ့ ခံစားနေရတာတွေကို သက်သာစေမယ်။ ခွဲစိတ်စရာမလိုဘူး။ ဆေးရုံတက်နေစရာမလိုဘူး။ အလုပ်အကိုင်မပျက်ဘူး။ လူတိုင်းကိုတော့လုပ်ပေးလို့မရပါ။ ပထမဦးစားပေးကုသနည်းတော့ မဟုတ်ပါ။
• ဗိုက်မှာခွဲစိတ်အမာရွတ်တွေများနေသူ၊ ကြီးမားတဲ့အကျိတ်ဖြစ်နေသူ၊ အကျိတ်တခုမကရှိနေသူတွေ မသင့်ပါ။
• ကိုယ်ဝန်ဆောင်နိုင်ဘို့ အကောင်းဆုံးကို မျှော်မှန်းထားသူတွေအတွက်လည်း မသင့်ပါ။ ဒါပေမယ့် ဒီနည်းနဲ့ ကုသပြီးနောက် ကိုယ်ဝန်ဆောင်နိုင်သူတွေလည်းမနည်းပါ။ ရေရှည်မှာတော့ ကိုယ်ဝန်ရဘို့အတွက် လေ့လာမှုမစုံသေးပါ။
• ဒီနည်းကြောင့် ဗိုက်အရေပြားနေရာမှာ မီးလောင်ဒဏ်ရာမျိုးရနိုင်တယ်။ အတွင်းက အကျိတ်အနီးအနားမှာလည်း အဲလို ဒဏ်ရာရစေမယ်။ ခြေထောက်ပိုင်းနာနေတာဆက်ဖြစ်နိုင်တယ်။ ခဏတာထုံနေတာဖြစ်နိုင်တယ်။ ခြေထောက်အတွင်း သွေးပြန်ကြောထဲသွေးခဲတာဖြစ်ဖြစ်နိုင်တယ်။
• တခါလုပ်ထားပြီး ထပ်လုပ်ရသူရှိတယ်။
• လုပ်ထားပြီး ၆ လအကြာမှာ အများစုဟာ အများကြီးတိုးတက်ကောင်းမွန်လာကြတယ်။ ရက်ပိုင်းအတွင်း သက်သာသူတွေလည်းရှိတယ်။
• နောက်ဆက်တွဲဖြစ်တာ နည်းပါးတယ်။
• Adenomyosis သားအိမ်အတွင်းသားတစ်ရှူးတွေက သားအိမ်နံရံဆီရောက်နေတဲ့ရောဂါကိုလည်း တချို့နေရာတွေမှာ ဒီနည်းနဲ့ကုသတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၅
SHARE
Credit Source: https://doctortintswe.blogspot.com/2015/06/focused-ultrasound-surgery-for-uterine.html


Healthy Life

253 בלוג פוסטים

הערות