Uterine Fibroid Embolization (UFE) သားအိမ်အလုံးကို သွေးကြောပိတ်နည်းနဲ့ကုသခြင်း

• အသက် ၃၅ နှစ်ကျော်အမျိုးသမီးတွေထဲက ၂ဝ-၄ဝ% မှာ သားအိမ်အကျိတ်ရှိကြတယ်။ တကမ္ဘာလုံးမှာ ဒီနည်းနဲ့ ကုသပြီးသူပ

Uterine Fibroid Embolization (UFE) သားအိမ်အလုံးကို သွေးကြောပိတ်နည်းနဲ့ကုသခြင်း

• အသက် ၃၅ နှစ်ကျော်အမျိုးသမီးတွေထဲက ၂ဝ-၄ဝ% မှာ သားအိမ်အကျိတ်ရှိကြတယ်။ တကမ္ဘာလုံးမှာ ဒီနည်းနဲ့ ကုသပြီးသူပေါင်း ၁၅ဝဝဝ ကနေ ၂ဝဝဝဝ အထိရှိတယ်။ တဝက်ကျော်က ယူအက်စမှာလုပ်တယ်။ ၁၉၉၅ ကတည်းက စသုံးနေတယ်။ အနှစ် ၂ဝ ကြာပြီ။ ၉ဝ% ကျော်မှာသက်သာတာတွေ့ရတယ်။
• သားအိမ်အလုံးကြောင့် နာတာ၊ ရာသီဆင်းများတောစတဲ့ ခံစားနေရတာတွေကို သက်သာစေမယ်။ ခွဲစိတ်စရာ မလိုဘူး။ ဆေးရုံတက်နေစရာမလိုဘူး။ မေ့ဆေးထိုးဆေးနဲ့လုပ်တယ်။ အလုပ်အကိုင်မပျက်ဘူး။
• ပေါင်ခြံတဖက်မှာ ထုံဆေးထိုးပြီး Femoral artery သွေးလွှတ်ကြောထဲကို ကသီတာပြွန်သေးသေးလေးထိုးမယ်။ သူ့ကို သားအိမ်သွေးလွှတ်ကြောဆီအထိ သွားအောင်လုပ်မယ်။ ဆေးထိုးမယ်။ အဲဒီသွေးလွှတ်ကြောပိတ်သွားပြီး သားအိမ်အကျိတ်က သွေးသစ်မရတော့ဘူး။ သေးသေးလာစေမယ်။ လုပ်ပေးရတာ တနာရီထက်မကြာပါ။ ပုံမှန်အလုပ်ကို ၇-၁ဝ ရက်ဆိုရင် ပြန်လုပ်နိုင်ပြီ။
တနှစ်နေရင် ၅ဝ-၆ဝ% သက်သာလာမယ်။ ပြန်ဖြစ်တာရှားတယ်။ သွေးထွက်တာ နည်းတယ်။
• ကလေးမွေးပြီး သွေးသွန်သူတွေ တခြားကုသနည်းနဲ့မရရင် ဒီနည်းနဲ့ကုသနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/uterine-fibroid-embolization-ufe.html


Healthy Life

253 Blog posts

Comments