Carcinoembryonic Antigen (CEA)

Soe Moe Kyaw ဆရာခင်ဗျား ကျွန်တော်က ကင်ဆာပိုင်ရှင်နှင့်မိတ်ဆွေကောင်းများ Group ကပါ။ ကိုယ်တိုင်က lymphoma ဖြစ်ဖူးသူပါ။ Group

Carcinoembryonic Antigen (CEA)

Soe Moe Kyaw ဆရာခင်ဗျား ကျွန်တော်က ကင်ဆာပိုင်ရှင်နှင့်မိတ်ဆွေကောင်းများ Group ကပါ။ ကိုယ်တိုင်က lymphoma ဖြစ်ဖူးသူပါ။ Group ထဲမှာ ကင်ဆာအကြောင်းနဲ့ပတ်သတ်ပြီးပြောကြရင်း နဲ့ member ယောက်ဆီက CEA result နဲ့ပတ်သတ်ပြီး မရှင်းတာတခုမေးချင်လို့ပါ။ Carcinoembryonic antigen (CEA) ကပုံမှန် ဆေးလိပ်မသောက်သူ အရွယ်ရောက်ပြီး 3 ng/mL နဲ့ ဆေးလိပ်သောက်သူ အရွယ်ရောက်ပြီး 5 ng/mL CEA 20ng/ml ကျော်ဆိုရင် သတိထားရမယ်လို့ ဖတ်ဖူးပါတယ်။ သူ့ရဲ့CEA result က 116 ကျော်နေတယ်ဆိုတာ ဘယ်လိုအဓိပ္ပယ်ပါလဲ။ CEA အများဆုံး ဘယ်လောက် ရှိနိုင်ပါသလဲ။ Result မှာ ဒသမတလုံးများ typing ရိုက်ရင်းကျန်နေတာများလား ဖြေပေးပါခင်ဗျား။ SS ရိုက်ထားတာ ကြည့်ကြည့်ပါဆရာ။

CEA test ဆိုတာ ပရိုတင်းတမျိုးဖြစ်တယ်။ ကင်ဆာတချို့ရှိနေသူရဲ့သွေးမှာပါနေမယ်။ အထူးသဖြင့် colon and rectal cancer အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာတွေမှာဖြစ်တယ်။ သန္ဓေသားဘဝကတည်းက အဲတာဖြစ်နေတာပါ။ မွေးပြီးရင် ထုတ်ပေးနေတာရပ်သွားတယ်။ ကျန်းမာနေသူတွေမှာ စစ်ရင်မတွေ့ပါ။

Pancreas သရက်ရွက်ကင်ဆာ။ breast ရင်သားကင်ဆာ၊ ovary မျိုးဥအိမ်ကင်ဆာနဲ့ lung အဆုပ်ကင်ဆာတွေမှာလည်း တွေ့နိုင်တယ်။ စစ်ရင် ၁ ရက်ကနေ ၃ ရက်အထိအဖြေစောင့်မယ်။

ကင်ဆာအတော်များများက အဲတာကိုထုတ်မပေးပါ။

5 nanograms per milliliter (ng/mL) သို့ less than 5 micrograms per liter (mcg/L) ထက်နည်းတာက ပုံမှန်။

Cirrhosis အသည်းခြောက်၊ hepatitis အသည်းရောင်၊ diverticulitis အူရောင်ရောဂါတမျိုး၊ inflammatory bowel disease အူရောဂါတမျိုး၊ peptic ulcer disease လေနာရောဂါ၊ chronic obstructive pulmonary disease (COPD) နာတာရှည်အေသက်ရှူလမ်းပိတ်ရောဂါ၊ cholecystitis သည်းခြေအိတ်ရောင်တာနဲ့ bile duct သည်းခြေရည်လမ်းပိတ်တာ တွေမှာလည်းတွေ့နိုင်တယ်။

ဒီဟာများနေတာဟာ ကင်ဆာလို့ပြောဘို့ရာ စိတ်မချရသေးပါ။ မရှိတိုင်းလည်း ကင်ဆာမရှိသူလို့မပြောနိုင်ပါ။
ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် များနေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၅
SHARE
Credit Source: https://doctortintswe.blogspot.com/2015/06/carcinoembryonic-antigen-cea.html


Healthy Life

253 Blog posts

Comments