Bleeding nipple နို့ကနေသွေးထွက်ခြင်း

ဆရာရှင့် သမီးသံသယဖြစ်နေတာလေး သေချာအောင်မေးကြည့်ချင်လို့ပါ။ အသက်နှစ်ဆယ့်သုံးနှစ်ပါ။့ မှာ အလုပ် လုပ်နေ

Bleeding nipple နို့ကနေသွေးထွက်ခြင်း

ဆရာရှင့် သမီးသံသယဖြစ်နေတာလေး သေချာအောင်မေးကြည့်ချင်လို့ပါ။ အသက်နှစ်ဆယ့်သုံးနှစ်ပါ။့ မှာ အလုပ် လုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကစပြီး ညာဘက်ရင်သားအခြေအနေက အဆင်မပြေဖြစ်လာပါတယ်။
မသင်္ကကာလို့ နေ့တိုင်း အကျိတ်ကိုစမ်းကြည့်ပါတယ်။ သမီးစမ်းလို့ရသလောက် အကျိတ်တော့မတွေ့ပါဘူး။ ဒါပေမယ့် နို့သီးခေါင်းလေးက စစချင်းအရည်ကြည်လေးတွေထွက်နေတတ်ပါတယ်။ နေ့ခင်းလောက်ရောက်ရင် ခြောက်ပြီး အနာဖေးလို ဖြစ်နေတတ်ပါတယ်။ အခု ဒီနေ့သေချာကြည့်မိတော့ ခေါင်းလေးက ပြောင်ပြောင်တင်းတင်းနဲ့ အရေပြားတွေ ကွဲနေပါတယ်ဆရာ။ သွေးရည်မထွက်ပေမယ့် သွေးစလိုဟာလေးတွေ တွေ့ရပါတယ်။ နို့သီးခေါင်းက တဖက်ကို စောင်းပြီး တဖက်မှာ အသားပိုလိုဟာမျိုးလေး ဖောင်းလာပါတယ်ဆရာ။ သမီးရင်သားကင်ဆာရဲ့ လက္ခဏာတွေလို့ ထင်လို့ပါဆရာ။

နို့ကနေသွေးထွက်ရင် ကင်ဆာမဟုတ်တာကို အရင်စဉ်းစားရမယ်။ ပိုးဝင်တာ၊ နို့နာနဲ့ intraductal papilloma နို့ပြွန်လေးထဲမှာ အသားပိုဖြစ်တာတွေကနေ သွေးထွက်နိုင်တယ်။ ရင်သားကင်ဆာရဲ့ အစပိုင်းလဲဖြစ်နိုင်တယ်။ ကင်ဆာမှာ Intraductal carcinoma နဲ့ Lobular carcinoma တွေဖြစ်နိုင်တယ်။ Intraductal carcinoma ဆိုတာ နို့ပြွန်လေးတွေထဲမှာ ဖြစ်တာ။ Lobular carcinoma ကတော့ နို့ရည်ဖြစ်ရာနေရာတွေမှာဖြစ်တာ။ ရှားတဲ့ Paget’s disease of the breast ဆိုတာလဲရှိတယ်။ နို့အရေပြားမှာ ပြောင်းလဲတာပါတွေ့မယ်။ ကလေးနို့တိုက်ချိန်မှာ နို့ကွဲရာကနေလည်း သွေးထွက်နိုင်တယ်။ နို့ထိပ်ကို အလှအပပစ္စည်းကွင်း တပ်ရာကနေလဲဖြစ်နိုင်တယ်။

သွေးထွက်တာအပြင် စစ်ဆေးရမှာတွေရှိသေးတယ်။
- နို့မှာအနေရခက်သလား၊
- အကျိတ်စမ်းရသလား၊
- နီရဲ၊ ရောင်ပြီး ပူနေသလား၊
- ဖြစ်တဲ့ဖက်က အရွယ်အစားပြောင်းလာသလား၊
- နို့သီးထိပ်က ခွက်ဝင်နေသလား၊
- ပြည်ထွက်သလား။

ဒါ့အပြင် သတိထားရမှာတွေလဲရှိသေးတယ်။
- အရိုးနာတာ၊
- ချိုင်းအကျိတ်ဖြစ်လာတာ၊
- အနာအဆာဖြစ်တာ၊
- လူပိန်လာတာ၊
- လက်ရောင်ကိုင်းလာတာ။
- ကိုယ်ပူသလား၊

စမ်းသပ်မှု၊ ဆေးစစ်တာတွေ စနစ်တကျလုပ်ရမယ်။ ခွဲစိတ်ဆရာဝန်ကိုပြပါ။ ရင်သားကင်ဆာဆိုတာ စောစောသိလေ ကောင်းလေဖြစ်တယ်။

Nipple discharge နို့ကနေ နို့မဟုတ်တာထွက်ရင်ကိုလည်းဖတ်ပါ။

ဒေါက်တာတင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2015/06/bleeding-nipple.html


Healthy Life

253 Blog posts

Comments