Blood Groups Error သွေးအုပ်စုခွဲ အလွဲဖြစ်ခြင်း

(၁) Saw Mya Thida ဆရာ ကျမက B ၊ အမျိုးသားက AB ၊ သားကြီးက AB ၊ သမီးလတ်က B ၊ အငယ်ဆုံးသားက O ဖြစ်နေပါတယ်ဆရာ။

Thet Su Win • Friends with Daw War Lay

Blood Groups Error သွေးအုပ်စုခွဲ အလွဲဖြစ်ခြင်း

(၁) Saw Mya Thida ဆရာ ကျမက B ၊ အမျိုးသားက AB ၊ သားကြီးက AB ၊ သမီးလတ်က B ၊ အငယ်ဆုံးသားက O ဖြစ်နေပါတယ်ဆရာ။

Thet Su Win • Friends with Daw War Lay
တခါတလေ စစ်တာမှားတာလည်းရှိတတ်ပါတယ်။ မိဘ ၂ ဦးလုံးရော သားငယ်ပါ။ စိတ်ချရတဲ့ ဓာတ်ခွဲခန်းတခုမှာ ပြန်စစ်ကြည့်သင့်ပါတယ်လို့ အကြံပေးပါရစေ။

(၂) Thet Lay မှားတယ်။ အိမ်မှာအဖေ O အမေ AB မွေးလားတဲ့ကလေး ၃ ယောက်စလုံး O

Thet Su Win ဆရာ ပြောထားတဲ့ ဇယားက မမှားပါဘူးရှင့်။ ဆေးပညာလောကတခုလုံး အဲ့ဒီအတိုင်းပဲ လက်ခံထားကြပါတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ အမေ့ရဲ့ သွေးအုပ်စု စစ်ထားတာ မှားနေတာဖြစ်နိုင်ပါတယ်။
ဘယ်နေရာမှာ ဘယ်အချိန်တုန်းက စစ်ခဲ့တာပါလဲ။ တခါတလေ မှတ်ပုံတင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လမ်းဘေးက ဆေးခန်းအသေးလေးတွေမှာစစ်တဲ့ အဖြေတွေက စိတ်မချရပါဘူး မှားတာမျိုးတွေဖြစ်တတ်ပါတယ်။ ပြန်စစ်ကြည့်ပါ။

ကယ်မယ့်သူပေါ်လို့ တော်သေးတယ်။ (ဒေါ်) Thet Su Win ကိုကျေးဇူးတင်ပါတယ်။ ဆေးပညာနယ်ပယ်မှာ လူအမှား၊ စက်အမှားရှိတတ်ပါတယ်။ ဒီလိုဖြစ်တဲ့ အဖြစ်အပျက်တခုကို ကျွန်တော် နယူးဒေလီမှာနေခဲ့တုံးကကြုံခဲ့ရတယ်။ အသည်း အစားထိုးမဲ့လူနာတယောက် သူ့မှတ်ပုံတင်ထဲမှာရော၊ မြန်မာပြည်မှာ စစ်တာရော သွေးအုပ်စု (ဘီ)။ ဒါနဲ့ အသဲလှူမဲ့လူ (ဘီ) ခေါ်လာတယ်။ ဒေလီရောက်တော့ ဆေးပြန်စစ်တာမှာ လူနာက (အို) သွေးဖြစ်နေပါလေရော။ စေတနာသုံးတန် ပြဋ္ဌာန်းပြီး အသည်းလှူမယ့်သူ အထမမြောက်တော့ပါ။ ကံကောင်းချင်တော့ အသည်းလှူမယ့်သူရဲ့ ဇနီးက (အို) သွေးဖြစ်လို့ သူကပဲအသည်းလှူလိုက်ပတယ်။ သာဓုအကြိမ်ကြိမ် ခေါ်ကြပေတော့ဗျာ။

ကျွန်တော် ၂၄-၁ဝ-၂ဝ၁၄ နေ့က ရေးထားတာကို ပြန်တင်ပါရစေ။

၁။ ဆရာ သိချင်တာလေးရှိလို့မေးပါရစေ။ ကျွန်တော် မြန်မာပြည်မှာ မှတ်ပုံတင်လုပ်တုန်းက သွေးစစ်တော့ (အေ)၊ ပြည်ပကို ပညာတော်သင်သွားခါနီးတော့လည်း ဆေးရုံကြီးမှာ စစ်ကြည့်တော့ (အေ) ပါပဲ။ တရုတ်ပြည်ကို ကျောင်းသွားတက်တော့ သူတို့ဆေးရုံကြီးမှာစစ်တော့ ကျွန်တော့ သွေးက (ဘီ) ဖြစ်နေတယ်ဆရာ။ ကျွန်တော်လည်း မြန်မာမဟုတ် / တရုတ် တစ်ခုခုတော့ မှားတာဖြစ်ပါလိမ့်မယ်။ ဆေးအောင်ရင် ကျောင်းတက်ခွင့်ရတဲ့အတွက် ကျန်းမာရေးစစ်ချက်လည်း အောင်နေတော့ အထွေအထူး စောတက တက်မနေတော့ဘဲနေခဲ့တယ်။ ကျောင်းပြီးလို့ မြန်မာပြည်ပြန်တော့လည်း ကျန်းမာရေးက ကောင်းနေတဲ့အတွက် အဲဒီကိစ္စကို မေ့သွားခဲ့တယ်။ အခုထက်ထိ ခွဲရစိတ်ရခြင်းမရှိသေးတော့ သွေးအမျိုးအစား ဘာဖြစ်ဖြစ် သိပ်ပြဿနာ မရှိသေးဘူးဖြစ်နေခဲ့တယ်။ ယခု လက်ရှိတော့ ဂျပန်မှာ အထိုင်ချ နေနေပါတယ်။ ဂျပန်ရောက်တော့ ထုံးစံအတိုင်း ကျန်းမာရေး စစ်ဆေးတော့ သွေးအမျိုးအစားက (အို) ဖြစ်နေတယ်ဆရာ။ ဘာပြောလိုပြောရမှန်းကို မသိဘူးဖြစ်နေတယ်။ မြန်မာ/တရုတ်/ဂျပန် ကြားမှာ ဘယ်သူက မှန်လဲဆိုတာတောင် ဝေခွဲမရဘူးဖြစ်နေတယ်။ ရေမြေလိုက်လို့ သွေးတောင် ပြောင်းသွားတယ်လို့ ထင်နေမိတယ် ဆရာ။ ဆရာ့အနေနဲ့ ဘယ်လိုထင်မြင်ယူဆလဲဆိုတာလေးကို သိပါရစေ။ ကျေးဇူးအထူးတင်ပါသည်။

၂။ ကျွန်တော် ၂၈ ရက်က သွေးလှူတာ၊ အဲဒီမှာ အလုပ်သင်ဆရာမလေးတွေ ထင်ပါတယ်၊ ငယ်ငယ် ဆရာမလေးတွေက သွေးလှူဖို့အတွက် ကျွန်တော့်သွေးအမျိုးစားစစ်တာ AB သွေးလို့ ပြောပါတယ်။ ကျွန်တော် မှတ်ပုံတင်လုပ်တုန်းက သွေးအမျိုးစားစစ်တာ O သွေးလို့ ပြောတယ်။ ကျွန်တော်စစ်တဲ့ ဆေးရုံကလည်း မန္တလေးမှာ နာမည်ကြီးထဲမှာ ပါပါတယ်ဗျာ။ အဲဒါ ဆရာဝန်မလေးတွေ ငါးယောက်လုံးက AB သွေးမှန်တယ်လို့ ပြောပါတယ်။ သွေးလှူတာ လက်ခံတော့လည်း AB အနေနဲ့လှူခဲ့ပါတယ်ဗျာ။ ကျွန်တော်ကတော့ နားမလည်ပါဘူး။ ကျွန်တော့် မှတ်ပုံတင်ထဲမှာလည်း O သွေးအမျိုးစားဆိုပြီး၊ အဲဒီဆေးရုံစစ်ဆေးချက်နဲ့ ထည့်လိုက်ပါပြီ။ အဲဒီဆေးရုံက နာမည်ကြီး ဖြစ်နေပြီး၊ အဲဒီလိုမှားတာ ဆိုရင်တော့ အဆင်မပြေဘူးဗျာ။

သွေးအုပ်စုစစ်တာက လွယ်တယ်။ (အင်တီ-အေ) ဆေးရည်လေးနဲ့ (အင်တီ-ဘီ) ဆေးရည်လေး (၂) မျိုးရှိရင်ရတယ်။
• သွေးအုပ်စုသိချင်သူကို လက်ထိပ်မှာ အပ်ကလေးနဲ့ဖေါက်၊ မှန်ပြားလေးမှာ တစက်စီ ၂ စက်တင်၊ ဆေးရည် ၂ မျိုးနဲ့ သွေးတစက်စီကို ရောပေးရတယ်။ တည့်မတည့်ကို (မိုက်ကရိုစကုပ်) နဲ့ကြည့်။
• (အင်တီအေ) နဲ့ ပေါင်းစပ်လိုက်လို့ မတည့်တာဖြစ်ရင် အဲဒီလူဟာ (အေ) သွေး။
• (အင်တီဘီ) နဲ့ ပေါင်းစပ်လိုက်လို့ မတည့်တာဖြစ်ရင် အဲဒီလူဟာ (ဘီ) သွေး။
• နှစ်မျိုးလုံးမှာ မတည့်တာဖြစ်ရင် အဲဒီလူဟာ (အေဘီ) သွေး။
• နှစ်မျိုးလုံးမှာ မတည့်တာလုံးဝဖြစ်ရင် အဲဒီလူဟာ (အို) သွေး။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ ဆေးနဲ့ဆေးပစ္စည်းဆိုတာ အင်တန်ရှာပါးတယ်။ လှူမဲ့သူရှိလို့ ပိုက်ဆံရရင်တောင်မှ (အင်တီအေ) နဲ့ (အင်တီဘီ) ဝယ်မရပါ။ ကျွန်တော် တောနယ်တွေမှာ တာဝန်ကျစဉ်က လက်ဖြစ်နည်းသုံးခဲ့ရတာလေး ရှိတယ်။ မြန်မာ့နည့်မြန်မာ့ဟန် လုပ်ရပါတယ်။ သွေးအုပ်စုသိပြီးသား (အေ) နဲ့ (ဘီ) လူ ၂ ယောက်ဆီကနေ သွေးထုတ်ယူရတယ်။ သွေးမခဲတဲ့ဆေးရည်က ဘယ်ကဝယ်ရမှန်းမသိလို့ (ကွန်ပေါင်ဒါ) ကို Citrate ကို မိုးရေနဲ့ဖျော်ခိုင်းပြီး သွေးမခဲဆေးလုပ်ယူရတယ်။ မခဲမယ့်သွေးကို အနယ်ထိုင်းတာနဲ့ သွေးရည်တွေ ကြည်ရလာတယ်။ သွေးအုပ်စု (အေ) ဆီကနေရတာကို (အင်တီဘီ) လို့ စာကပ်ထားတယ်။ (ဘီ) ကနေရတာကို (အင်တီအေ) လို့ ကပ်ထားတယ်။

တောနယ်ဆေးရုံတွေမှာ သွေးကို သွေးရည်ကြည်တွေဖြစ်အောင်လုပ်ရတဲ့ (ဆင်ထရီဖြု) စက်မရှိပါ။ သွေးချင်းတည့်မတည့် စစ်ဘို့ရာ (မိုက်ကရိုစကုပ်) မရှိပါ။ နေရောင်ထောင်ကြည့်ရတယ်။ သွေးရည်ကြည်လုပ်ယူနိုင်ပေမယ့် အထားခံမဲ့ဆေးမျိုးက အရှာရခက်တယ်။ ရေခဲသေတ္တာထဲမှာ ထားရမှန်းလဲသိပါရဲ့။ အဲလိုလုပ်ယူထားတဲ့ (အင်တီအေ) နဲ့ (အင်တီဘီ) သိုလှောင်ထားစရာ ရေခဲသေတ္တာမရှိပါ။ လျှပ်စစ်မရှိပါ။ ဒါကြောင့် အရေးပေါ်လူနာရှိရင် (အေ) တယောက်နဲ့၊ (ဘီ) တယောက်ကိုခေါ်ပြီး တခါသုံးအတွက် (အင်တီအေ) နဲ့ (အင်တီဘီ) သွေးရည်ကြည် တခါစာလုပ်ပြီးမှ သွေးလှူရှင်တွေကို သွေးအုပ်စုခွဲနိုင်တယ်။ ရရင် လူနာ့သွေးနဲ့ လှူမဲ့သူသွေးကို တိုက်ရိုက်ရောစစ်ကြည့်ရတယ်။ တူတဲ့သူဆီကနေ သွေးဖေါက်ယူ၊ လူနာကိုသွင်းပေး၊ ပြီးမှ တိုက်နယ်ဆရာဝန်က လူနာကို ခွဲစိတ်ပေးခဲ့ရပါတယ်။

(အို) သွေးဆိုတာ ဝေဿန္တရာသွေးခေါ်တယ်။ သူများကိုလှူနိုင်တယ်။ ကျွန်တော့်သွေးက (အို) ဖြစ်လို့ တခါတလေ လူနာသွေးနဲ့ကိုယ့်သွေး တိုက်ရိုက်ရောစစ်နည်း Cross matching လုပ်ပြီး ကိုယ်သွေးကိုယ်ဖေါက်၊ လူနာကိုသွင်းပေးပြီး ခွဲစိတ်ပေးတယ်။ မှတ်မိသလောက် အဲလိုလုပ်ပေးခဲ့ရတာ (၄) ခါလောက် ရှိမယ်ထင်တယ်။ အန္တရာယ်နဲ့ကစားခဲ့တဲ့ ကျွန်တော့်ကို ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁ဝ-၂၄-၂ဝ၁၄

Credit Source: https://doctortintswe.blogspot.com/2015/06/blood-groups-error.html


Healthy Life

253 Blog Beiträge

Kommentare