Cervix Position သားအိမ်ဝနောက်ရောက်နေခြင်း

ဆရာ ကျွန်တော်အသက် ၂၇ သားဦးကိုယ်ဝန်။ dd က ဒီနေ့။ boy ကိုယ်ဝန်ပါ။ ဒီနေ့ထိ ဗိုက်မနာသေးပါဘူး။ OG က ဒီနေ့ အောက်ပိုင

Cervix Position သားအိမ်ဝနောက်ရောက်နေခြင်း

ဆရာ ကျွန်တော်အသက် ၂၇ သားဦးကိုယ်ဝန်။ dd က ဒီနေ့။ boy ကိုယ်ဝန်ပါ။ ဒီနေ့ထိ ဗိုက်မနာသေးပါဘူး။ OG က ဒီနေ့ အောက်ပိုင်းစမ်းတော့ သားအိမ်ဝက နောက် နည်းနည်းရောက်နေတယ် ပြောပါတယ်။ ကလေးကတော့ အနေအထား မှန်ပါတယ်။ အဲဒါ ရိုးရိုးမွေးလို့ အဆင်ပြေပါ့မလားဆရာ။ ကလေးကတော့ အခုထိ ကောင်းကောင်းလှုပ်ပါတယ်။ OG က ခွဲမွေးရင် ကောင်းမယ်ပြောလို့ပါ။ မနက်ဖြန် Ultrasound ထပ်ရိုက်ပြီး ရေမွှာနဲ့ အချင်း အခြေအနေကြည့်မယ်တဲ့ဆရာ။ တကယ်လို့ normal ပဲဆိုရင် ရိုးရိုးမွေးဖို့ ၁ ပတ်စောင့်သင့်ပါသလားဆရာ။ သားအိမ်အဝက မွေးလမ်းကြောင်းနောက် နည်းနည်းရောက်နေတယ်ပြောပါတယ်ဆရာ။ မွေးရခက်နိုင်ပါလားဆရာ။ Cx posterior ပါဆရာ။

သားအိမ်ဝအနေအထားမှာ အခုမေးတဲ့သူလို နောက်ရောက်နေတာရှိတတ်တယ်။ အဖြစ်နည်းတယ်။ ကိုယ်ဝန်မရှိခင်မှာ စမ်းတွေ့ရင် ကိုယ်ဝန်မရမှာအတွက် စိုးရိမ်ရမလား စဉ်းစားတယ်။ လေ့လာမှုတွေလုပ်တော့ အဲလိုစိုးရိမ်စရာမရှိတာ တွေ့ရပါတယ်။ အဲလိုဖြစ်နေတာကို ရောဂါလို့မခေါ်ပါ။ Endometriosis ခေါ် သားအိမ်တစ်ရှူးတွေ သားအိမ်အပြင်မှာ ရောက်နေသူဆိုရင်သာ ကလေးမရဖြစ်စေနိုင်တယ်။

အမျိုးသမီးအများစုမှာ သားအိမ်နဲ့ သားအိမ်ဝဟာ တန်းမနေပါ။ ဒေါင့်ချိုးကျနေတယ်။ ရှေ့ဖက်မှာရှိတဲ့ ဆီးအိမ်ဆီကို ဦးတည်နေတယ်။ ကိုယ်ဝန်ရှိလာရင် အဲဒီဒေါင့်ချိုးကပြောင်းလဲလာတယ်။ သားအိမ်ဝကလည်း ပိုပြီးမာတင်းလာတယ်။ ဆန့်နိုင်စွမ်းလည်းနည်းလာတယ်။ အဲဒီအနေအထားမှာ ကလေးခေါင်းက မွေးလမ်းကြောင်းကို တိုက်ရိုက်လမ်း ပေါက်မနေပါ။ မွေးဘို့စလာတော့မှသာ ပြောင်းလဲလာတယ်။ တဖြေးဖြေးနဲ့ သားအိမ်ဝဟာ မွေးလမ်းဖက်ဆီကို တည့်လာမယ်။ မိခင်လောင်းကအဲလိုအပြောင်းအလဲကိုသတိမပြုမိနိုင်ပါ။ မွေးလမ်းကြောင်းစမ်းသပ်မှသာသိမယ်။

သားအိမ်ဝကင်ဆာအတွက် Pap smear ယူပြီး စစ်ဆေးတဲ့အခါ သူများထက်ခက်တယ်။ IUD/IUCD ကိုယ်ဝန်တားပစ္စည်း ထည့်ပေးရရင်လည်း သူများထက်ခက်တယ်။ လက်ချောင်းတိုတဲ့ဆရာဝန်-ဆရာမတွေ အဲလိုလူနာကို VE မွေးလမ်း စမ်းရရင်ပိုခက်တယ်။

လက်နဲ့စမ်းသပ်ရင် သားအိမ်ဝကနောက်ရောက်နေရင် မွေးဖို့လိုသေးတာကိုသိရမယ်။ မွေးကာနီးလတာနဲ့ သားအိမ်ဝက မာတင်းနေရာကနေ ပျော့ပျော့လာမယ်။ စေ့ပိတ်နေရာကနေ ပွင်ပွင့်လာမယ်။ လက် ၁ လုံး၊ ၂ လုံး၊ ၃ လုံး။ ၄ လုံး၊ အကုန်ပွင့်လာမယ်။ တိုလည်းတိုလာရမယ်။ ကလေးခေါင်းကို ခေါင်းစွမ်ချွတ်ကာနီးလိုဖြစ်လာမှ ထွက်ပါမယ်။

မွေးဖို့အချိန်ကျပေမယ့် နောက်မှာသာ ဆက်ရှိနေရင်တော့ ခွဲမွေးဖို့စဉ်းစားလာရပြီ။ မေးတဲ့သူမှာ ဗိုက်လည်းမနာသေးခင်မှာ မွေးရခက်-မခက်ပြောမရပါ။ စိတ်ကိုအပြုသဘောဆောင်ပါ။

ကျေးဇူးပါဆရာ။ စိတ်ပူပြီး အခုထိအိပ်မရသေးပါ။ ခွဲမွေးရမယ်ဆိုလည်း စိတ်လျော့လိုက်ပါတော့မယ်။ ဆရာ့ဆီက သိချင်တာလေးတွေ မေးလိုက်ရလို့ ကျေနပ်သွားပါပြီ။

ဟုတ်။ မွေးချင်လာရင် ပြောအုံး။

ဟုတ်ကဲ့ မနက်၉ နာရီ Ultrasound ပြန်ရိုက်ပြီး အဖြေလည်းပြပါမယ်ဆရာ။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/07/cervix-position.html


Healthy Life

253 Blog postovi

Komentari