Uterus didelphys သားအိမ်နှစ်ခွ

ကျွန်တော့်အမျိုးသမီးက အသက် ၃၂ နှစ် ရှိပါပြီဆရာ။ အခု ပထမဆုံးရင်သွေးလေးကို လွယ်ထားရပါတယ်။ ၆ ပတ်ရှိပါပြီဆ

Uterus didelphys သားအိမ်နှစ်ခွ

ကျွန်တော့်အမျိုးသမီးက အသက် ၃၂ နှစ် ရှိပါပြီဆရာ။ အခု ပထမဆုံးရင်သွေးလေးကို လွယ်ထားရပါတယ်။ ၆ ပတ်ရှိပါပြီဆရာ။ Ultrasound ရိုက်ကြည့်တော့ ကျွန်တော့်အမျိုးသမီးမှာ Bi Uterus ဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ် ဆရာ။ တစ်ဆက်တည်းမှာ ဆရာဝန်ကလည်း အန္တရာယ်ရှိနိုင်တယ်လို့ ပြောပါတယ်ဆရာ။ လက်လှန်းမီသလောက် အင်တာနတ်မှာ လေ့လာကြည့်တော့လည်း ရေးထားတဲ့စာတွေက စိုးရိမ်စရာဘက် ပိုရောက်နေတယ်ဆရာ။ အခုတော့ အမျိုးသမီးကလည်း တငိုငို၊ နှစ်ဘက် မိဘတွေကလည်း မြေးအတွက်ရော သမီးအတွက်ရောစိတ်ပူပြီး မစားနိုင် မသောက်နိုင်တွေဖြစ်နေကြပါတယ်ဆရာ။ ကျွန်တော်လည်း သူ့ကိုစိုးရိမ်နေရပါတယ်။ ဆရာနည်းနည်းလောက် ကူညီပါဦးနော်။ ကျွန်တော်သိလိုတာက Bi Uterus ကြောင့် မိခင်အပေါ် ဖြစ်လာနိုင်မယ့် အလားအလာ၊ ရင်သွေးအပေါ် ဖြစ်စေနိုင်မယ့် အလားအလာ၊ ပြီးတော့ ဆောင်ရန်ရှောင်ရန်၊ ပြင်ဆင်ထားရမယ့်အရာတွေကို ညွှန်ကြားပေးစေချင်ပါတယ် ဆရာ။

မွေးရာပါ သားအိမ်နှစ်ခွကို Bicornuate uterus လို့လည်းခေါ်တယ်။ ရှားတော့ရှားတယ်။ ဒါပေမယ့် တပါတ်အတွင်း မေးလာသူနှစ်ယောက်ရှိတယ်။ မွေးရာပါသားအိမ်နှစ်ခွကို ဆေးစစ်မှသာသိကြတယ်။ ပုံမှန်လိုသာနေတယ်။ ကိုယ်ဝန်ရှိမှ သိကြတယ်။ သားအိမ် ကိုယ်ထည်က နှစ်ခွဖြစ်ရင် ယုန်နားရွက်လိုနေမယ်။ သားအိမ်ဝပါ နှစ်ခုရှိနေတာမျိုးလည်း ရှိသေးတယ်။ တချို့ကြ ဗဂျိုင်းနားပါ နှစ်ခန်းပါနေတယ်။

အဲလို မွေးရာပါသားအိမ်နှစ်ခွဖြစ်ပေမယ့် အိမ်ထောင်ပြုနိုင်တယ်။ ကိုယ်ဝန်ဆောင်နိုင်တာများတယ်။ ကိုယ်ဝန် အောင်မြင်ဖို့ကတော့ ဘယ်လောက်အထိ ပုံမှန်မဖြစ်သလည်းအပေါ်မှာ မူတည်တယ်။

Septate uterus ဆိုတာက သားအိမ်အတွင်းမှာ အကန့်တခုပါနေတာ။ တစိတ်တပိုင်းဖြစ်ဖြစ်ဖြစ် အထက်-အောက် တောက်လျှောက်ဖြစ်ဖြစ်ပါနေနိုင်တယ်။ ကိုယ်ဝန်ရဖို့ပိုခက်တယ်။

Arcuate uterus အမျိုးမစားက သာအိမ်ထိပ်နေရာကချိုင့်ခွက်နေတာဖြစ်တယ်။ အဖြစ်များတယ်။

Retroverted uterus (RV) သားအိမ်နောက်လန်တာကတော့ ပုံမှန်လို့ပဲပြောနိငု်တယ်။ ၆ ယောက်မှာ ၁ ယောက်ရှိတယ်။

မူမှန်မဟုတ်ရင် ကိုယ်ဝန်မရတာ၊ ပျက်တာ၊ စောမွေးတာတွေဖြစ်လာနိုင်တယ်။ ကိုယ်ဝန်ရလည်း Breech တင်ပါးဆုံ အနေအထားဖြစ်ဖို့များတယ်။ ကန့်လန့်လည်းဖြစ်နိုင်တယ်။ အဲတာဆိုရင်တော့ ခွဲမွေးမှသာရမယ်။ သားအိမ်ဝ အားနည်းတာမျိုးက ကိုယ်ဝန်နည်းနည်းရင့်မှပျက်တယ်။

ရာသီလာချိန်မှာ သူများထက်ပိုနာတတ်သူတွေ၊ ရာသီမမှန် (များ) သူတွေ၊ ကိုယ်ဝန်ခဏခဏပျက်သူတွေ၊ ကလေးမရနိုင်သေးသူတွေ၊ ကိုယ်ဝန်အကောင်းထိမတည်သူတွေမှာ ဒီလိုဖြစ်နေမလား စစ်ဆေးရမယ်။

Pelvic exam ပုံမှန်မွေးလမ်းစစ်ဆေးခြင်း၊ Ultrasound အာလ်ထွာဆောင်း၊ Transvaginal ultrasound ဗဂျိုင်းနားကနေ ရိုက်တဲ့ အာလ်ထွာဆောင်း၊ Sonohysterogram ဆိုနိုဟစ်စရိုဂရမ်၊ MRI ရိုက်နည်းနဲ့ Hysterosalpingography နည်းတွေ လုပ်နိုင်တယ်။

မေးတဲ့တယောက်ကတော့ ကလေး ၂ ယောက်မွေးပြီးမှသာ သိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/07/uterus-didelphys.html


Healthy Life

253 Blog posts

Comments