Orange semen သုက်ရည်ဝါနေခြင်း

မင်္ဂလာပါဆရာ အခုရက်ပိုင်းအတွင်း အတူတူမနေတဲ့အချိန်မျိုးမှာ ကျွန်တော့်ရဲ့သုက်က အဖြူမထွက်ပဲ နည်းနည်း အဝ

Orange semen သုက်ရည်ဝါနေခြင်း

မင်္ဂလာပါဆရာ အခုရက်ပိုင်းအတွင်း အတူတူမနေတဲ့အချိန်မျိုးမှာ ကျွန်တော့်ရဲ့သုက်က အဖြူမထွက်ပဲ နည်းနည်း အဝါရောင်သန်းပြီး ထွက်လာပါတယ်။ အဲဒါဘာဖြစ်လို့ပါလဲခင်ဗျာ။ ကျေးဇူးပြုပြီး အကြံဉာဏ်ပေးပါဦးဆရာ။ မိန်းမကို ဆေးစစ်ကြည့်တော့ B ပိုး၊ C ပိုး၊ AIDS တခုမှမရှိပါဖူး။ အခု သုက်ကအဝါရောင်ညစ်ညစ်ထွက်တာ ဘာကြောင့်ပါလဲ။

သုက်ရည်အရောင်ဝါရောင် (လိမ်မော်ရောင်) ဖြစ်နေတာဆိုရင် အထဲမှာ ဘီလီရူဘင်ခေါ် အသားဝါရောဂါရှိနေသလား၊ သွေးနည်းနည်းပါနေသလား၊ ဆီးနဲ့ရောနေသလား စစ်ရမယ်။ အစားအသောက်နဲ့ အသက်အပေါ်မှာလည်း မူတည်တယ်။
ပုံမှန်ဆိုရင် အဖြူရောင်နဲ့ မီးခိုးရောင်ဖြစ်တယ်။ နောက်နေတယ်။ နည်းနည်းလေးတော့ဝါနိုင်တယ်။ တခါတလေမှာ အရောင်ပြောင်းတာ စိုးရိမ်စရာမရှိပါ။

သုက်ရည်ထဲမှာ သုက်ပိုး + အင်ဇိုင်းမ် + ဖရပ်တို့စ်သကြားဓါတ်တွေပါနေတယ်။

အသီးတွေ၊ ဆနွင်းမှုံ့တွေဖြစ်တယ်။ ကော်ဖီ၊ အသားတွေကနေ သုက်ရည်ကို အခါးဓါတ်ပိုစေမယ်။

အရောင်စိမ်းနေရင် ဆီးကျိတ်ရောင်နေလို့ဖြစ်မယ်။ သိပ်ပျစ်နေတာဆိုရင် ဟော်မုန်းနည်းနေနေလို့။

ဆီးအိမ်နဲ့ ဆီးထွက်လမ်းကြောင်း၊ အသည်း၊ သည်းခြေအိတ်နဲ့ ဆီးကျိတ်တွေကို စစ်ဆေးသင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/08/orange-semen.html


Healthy Life

253 Blog posts

Comments