Airway Obstruction အသက်ရှူလမ်းပိတ်ခြင်း

အသက်ရှူလမ်းမှာ အပြည့်ပိတ်တာနဲ့ တဝက်တပျက်ပိတ်တာလို့ ၂ မျိုးဖြစ်နိုင်တယ်။ နှာခေါင်းပေါက်ဝကနေ ဝင်လာမယ့်

Airway Obstruction အသက်ရှူလမ်းပိတ်ခြင်း

အသက်ရှူလမ်းမှာ အပြည့်ပိတ်တာနဲ့ တဝက်တပျက်ပိတ်တာလို့ ၂ မျိုးဖြစ်နိုင်တယ်။ နှာခေါင်းပေါက်ဝကနေ ဝင်လာမယ့် လေက အဆုပ်ထဲအထိမရောက်နိုင်အောင်ပိတ်နေတာဖြစ်တယ်။ တချို့အမျိုးအစားက အသက်သေစေနိုင်တယ်။ ချက်ချင်း ဆေးကုသရမယ်။

တဝက်တပျက်သာပိတ်နေရင် အသက်တော့ရှူနိုင်သေးပေမယ့် အသက်ရှူရတာခက်ခဲနေမယ်။ လုံးဝပိတ်နေရင် ချက်ချင်း ပြာနှမ်းပြီး သေဆုံးနိုင်တယ်။ အသက်ရှူလမ်းမှာ ပြင်ပပစ္စည်းတခုခုဆို့ဝင်နေလို့ဖြစ်တာကို ရုတ်ရက်ဖြစ်နည်းခေါ်တယ်။ Choke ချုတ်ရတယ်လို့ခေါ်တယ်။ စားသောက်နေရင်း၊ ကစားနေရင်း စားစရာဝင်လို့၊ ကစားစရာဝင်လို့ ဖြစ်တတ်တယ်။ တခြားနည်းတွေကအချိန်ယူပြီးမှသာဖြစ်တယ်။ နာတာရှည်ဆိုတာရှိသေးတယ်။

• အသေးစားကနေလည်းလာပိတ်နေနိုင်တယ်။
• အလာဂျီခေါ်မတည့်တာနဲ့ထိတွေမိလို့လည်းဖြစ်နိုင်တယ်။
• ထိခိုက်မိလို့လည်းဖြစ်နိုင်တယ်။
• Vocal cord ခေါ် အသံဖြစ်စေတဲ့ ဗွီပုံအကြေားလေးနှစ်ခုမှာရောဂါရလို့လည်းဖြစ်တယ်။
• မီးခိုးငွေ့တွေရှူရလိုလည်းဖြစ်မယ်။
• ဗိုင်းရပ်စိပိုးဝင်လို့ဖြစ်တယ်။
• ဗက်တီးရီးယားပိုးဝင်လို့ဖြစ်တယ်။
• Croup ခရော့ဖ်ဆိုတဲ့ အသက်ရှူလမ်းအထက်ပိုင်းရောင်ရမ်းခြင်းရောဂါကနေဖြစ်တယ်။
• လျှာနဲ့ အပီဂလောတစ်နေရာရောင်ခြင်း။
• လည်ချောင်းနာ၊ အာသီးရေင်ခြင်း။
• ပန်းနာထခြင်း။
• နာတာရှည်လေပြွန်ရောင်ခြင်း။
• Emphysema အမ်ဖိုက်ဆီးမားရောဂါ။
• Cystic fibrosis ဆစ်စ်တစဖိုက်ဘရိုးဆစစ်ရောဂါ၊
• COPD နာတာရှည်အဆုပ်ပိတ်ဆို့ခြင်းရောဂါ။

ဘာတွေခံစားရမလည်း ဖြစ်တဲ့နေရာနဲ့ အချိန်ကာလအရမတူတာတွေဖြစ်လာနိုင်တယ်။ ဂနာမငြိမ်ဖြစ်မယ်။ ပြာနှမ်းလာမယ်။ စိတ်ရှုတ်ထွေးမယ်။ အသက်ရှူခက်မယ်။ လေငတ်မယ်။ ဆောက်တည်ရာမရဖြစ်မယ်။ အသက်ရှူသံ အသံတွေမည်မယ်။ သတိလစ်မယ်။ အသက်ရှူနှေးမယ်။ အသက်ရှူမြန်မယ်။ နားကြပ်နဲ့နားထောင်ရင် မူမမှန်အသံတွေကြားမယ်။ အသက်မှရှူနိုင်တော့ခြင်း။

Bronchoscopy ကိရိယာနဲ့စမ်းနည်း။ Laryngoscopy ကိရိယာနဲ့စမ်းနည်း။ X-ray ဓါတ်မှန်ရိုက်ခြင်းနည်းတွေနဲ့ ရောဂါ ရှာဖွေရမယ်။

ဖြစ်လာ ဘာလုပ်
• အစာစားနေရင်းအစာကအသက်ရှူလမ်းမှာ မထင်မှတ်ပဲရုတ်တရက်တစ်ဆိုရင် Heimlich maneuver နည်းနဲပအသက်ကိုကယ်နိုင်တယ်။
• endotracheal or nasotracheal tube ပိုထည့်ပေးနည်းလုပ်ရနိုင်တယ်။
• Tracheostomy and cricothyrotomy ခွဲစိတ်နည်းနဲ့ အသက်ရှူပေါက်ဖေါက်ပေးဘို့လိုနိုင်တယ်။
• အလာဂျီကြောင့်အသက်ရှူလမ်းပိတ်တာအတွက် Epinephrine ထိုးဆေးနဲ့အသက်ကယ်နိုင်တယ်။ EpiPens ဆေးထိုးပက်ကို ရှေးဦးသူနာပြုအိတ်မှာထည့်ထားရမယ်။
• CPR လုပ်နည်းနဲ့အသက်ကယ်နိုင်တယ်။

ကာကွယ်နည်း
• အစာစားတာလောဘမကြီးပါနဲ့။
• ဖြေးဖြေးစားသောက်ပါ။
• ကလေးတွေအစာစားနေတာကို စောင့်ကြည့်ပါ။
• အစာကိုမျိုမချခင် ကျေညက်အောင်ဝါးပါ။
• သွားအတုကအနေတော်ပါစေ။
• ကလေးကစားစရာတွေကို အသက်သတ်မှတ်ချက်အရသာသုံးစေပါ။
• အရက်သောက်များတာရှောင်ပါ။
• ဆေးလိပ်မသောက်ပါနဲ့။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/08/airway-obstruction.html


Healthy Life

253 Blog posts

Comments