Spleen removed ဘေလုံးထုတ်ထားရသူ
ဆရာခင်ဗျာ ကျွန်တော်က အသက် ၃ဝ ရှိ အမျိုးသားတစ်ယောက်ပါ။ အလုပ်မှာခိုက်မိ၍ ဗိုက်ခွဲပြီး ဘေလုံး ထုတ်ပစ်လိုက်ရသောကြောင့် ဆောင်ရန်ရှောင်ရန်နှင့် ဆိုးကျိုးများကို ကျေးဇူးပြု၍ ဖြေကြားပေးပါ။
ဘေလုံးထုတ်ထားသူလည်း အသက်ရှင်နေထိုင်နိုင်ပါတယ်။ သတိထားဘို့တွေတော့ရှိတယ်။ ဘေလုံးရဲ့အလုပ်က အဓိက ပိုးမွှားတွေဝင်လာရင် ခုခံကာကွယ်ပေးတယ်။ အဲတော့ ရောဂါပိုးတွေမဝင်အောင် သတိထားနေရမယ်။
အထူးသတိထားရမယ့်ပိုးတွေက Streptococcus pneumoniae, Neisseria meningitidis, and Haemophilus influenza တွေဖြစ်တယ်။ ဒီကောင်တွေကနေ နူမိုးနီးယား၊ ဦးနှောက်မှေးရောင်တွေအထိဖြစ်နိုင်တယ်။
တခြားသတိထားရမှာတွေလည်းရှိသေးတယ်။ သွေးပြန်ကြောထဲ သွေးခဲပိတ်တာ၊ ခွဲထားတဲ့ဒဏ်ရာ အူကျွံတာ၊ ချုပ်ရိုးနေရာ ပိုးဝင်တာ၊ သရက်ရွက်ရောင်တာ၊ ခွဲစိတ်နေရင်း အစာအိမ်နဲ့ အူကိုထိခိုက်တာတွေဖြစ်တယ်။
ပိုးသေဆေးကိုတော့ စနစ်တကျသုံးရမယ်။ ဗိုင်းရပ်စ်ပိုးကို ဗက်တီးရီးယားဆေးနဲ့မရပါ။ မလိုပါ။ လိုရင်တော့သုံးဘို့ရာ ဆောင်ထားပါ။
ဘယ်ပိုးမဆို ကိုယ့်ထဲ ဝင်မလာဘို့က ပိုအရေးပါတယ်။ နှာခေါင်းစည်း၊ လက်အိတ်သုံးရမယ်။ လက်ကိုမကြာခဏ ဆေးရမယ်။ လူစည်စည်ရှိရာကို ရှောင်ရမယ်။ ချောင်းဆိုး-နှာခြေနေသူတွေနဲ့ ပူးကပ်မနေရပါ။ ကူးစက်ရောဂါရှိနေသူတွေနဲ့ ဝေးဝေးနေပါ။ ရာသီဥတုကနေဖြစ်တာကာကွယ်ဘို့ရာ အဝတ်အစား၊ အစားအသောက်ဂရုစိုက်ရမယ်။ တခြားတိုင်းပြည် ခရီးထွက်ရင် ကာကွယ်ဆေးထိုးရမယ်။
ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/09/spleen-removed.html