TB joins HIV as most deadly infection

(တီဘီ) ရောဂါဟာ HIV လိုပဲ သေစေလောက်တဲ့ကူးစက်ရောဂါဖြစ်တယ်

၂၈-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပ

TB joins HIV as most deadly infection

(တီဘီ) ရောဂါဟာ HIV လိုပဲ သေစေလောက်တဲ့ကူးစက်ရောဂါဖြစ်တယ်

၂၈-၁ဝ-၂ဝ၁၅ နေ့စွဲနဲ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ HIV ကြောင့် လူ ၁့၂ သန်း၊ TB ကြောင့် လူ ၁့၁ သန်း ၂ဝ၁၄ နှစ်တုံးက သေဆုံးခဲ့ရလို့ အဲလိုရောဂါနှစ်ခုကိုယှသ်ပြောရတာဖြစ်ပါတယ်။ WHO အဆိုအရ TB ရောဂါဟာ ကုသလို့ပျောက်ကင်းနိုင်တဲ့ ကူးစက်ရောဂါဖြစ်လို့ ဒီကိန်းဂဏန်းဟာ မဖြစ်မသင့်ပါတဲ့။

WHO ရဲ့ Global Tuberculosis Report 2015 အရတော့ TB ကြောင့်သေဆုံးရမှုဟာ ၁၉၉ဝ ကနေတွက်ရင် တဝက်သာ ရှိတော့ပါတယ်။ ၂ဝဝဝ ကနေဆိုရင် ကူးစက်မှုနှုန်းကလည်း ၁့၅% ကျဆင်းပါတယ်။ HIV/AISA ကြောင့် သေဆုံးရမှုကလည်း ကျဆင်းလာပါတယ်။

TB အဖြစ်အများဆုံးက တရုပ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာဖြစ်ပါတယ်။ အတြာတွေက လူဦးရေလည်းများတဲ့တိုင်းပြည်တွေဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်တုံးက TB ကြောင့် လူပေါင်း ၁့၅ သန်းသေဆုံးခဲ့ရတယ်။ အဲဒီထဲမှာ AIDS ပါတွဲရှိနေလို့ AIDS စာရင်းထဲမှာ ပါနေပါတယ်။

TB မှာ ဆေးယဉ်တီဘီဖြစ်လာတာက ပိုပြီးခက်ခဲစေပါတယ်။ တီဘီ လူနာသစ် ၁ဝဝ တွေ့တိုင်း ၃ ယောက်က ဆေးယဉ်နေကြတယ်။

WHO ရဲ့ TB မဟာဗျူဟာက နောက်နှစ်မှာကုန်ဆုံးဘို့ရှိပါတယ်။ ၂ဝ၃ဝ ရောက်ရင် TB ကြောင့်သေတာကို ၉ဝ% လျှော့စေမယ်လို့ မှန်းထားပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅
http://www.bbc.com/news/health-34658015

Credit Source: https://doctortintswe.blogspot.com/2015/10/tb-joins-hiv-as-most-deadly-infection.html


Healthy Life

253 Blog Mensajes

Comentarios