Semen collection Method သုက်ရည် ထုတ်ယူနည်

ကျနော် သုတ်ရည်စစ်တာ တစ်ကောင်မှ မရှင်ဘူးလို့ သိရတယ်။ ဆရာဝန်က ပြောတယ် ကပ်ပယ်အိပ် ကနေ (စပမ်း) ထုတ်ယူလို့ ရတယ

November 02, 2014
Semen collection Method သုက်ရည် ထုတ်ယူနည်း

Semen collection Method

ကျနော် သုတ်ရည်စစ်တာ တစ်ကောင်မှ မရှင်ဘူးလို့ သိရတယ်။ ဆရာဝန်က ပြောတယ် ကပ်ပယ်အိပ် ကနေ (စပမ်း) ထုတ်ယူလို့ ရတယ်ပြောတာ ဘယ် % လောက် ဖြစ်နိုင်ခြေရှိပါလဲ။ အဲဒီလိုလုပ်ရင် ဘာတွေ (ဆိုက်အဖက်) ဖြစ်နိုင်ပါသလဲခင်ဗျာ၊

Infertile couple ကလေးမရနိုင်ကြတဲ့ စုံတွေထဲထဲက ၄ဝ% ဟာ ယောက်ျားဘက်က ချို့ယွင်းချက်ကြောင့် ဖြစ်တယ်။ သူတို့ကို သုက်ရည် စစ်ဆေးရမယ်။ သုက်ရည် ဆိုတာထဲမှာ Sperm (စပမ်း) သုက်ပိုး နဲ့ Seminal fluid (ဆီမီနယ်) အရည် ရောနေတယ်။
ယောက်ျားသုက်ရည်ရဲ့ Quality အရည်အသွေးနဲ့ Quantity အရေအတွက်သိဘို့အတွက် Semen analysis စစ်ဆေးဘို့ရာ သုက်ရည်ကို ရယူဘို့ ခွဲစိတ်စရာ မလိုတဲ့နည်း ၂ နည်းရှိတယ်။
1. Masturbation ကိုယ့်ဖါသာ အာသာဖြေနည်းနဲ့ ထုတ်ယူတာက အကောင်းဆုံးနည်းလို့ ပြောနိုင်တယ်။
2. Intercourse with a Seminal Collection Device (SCD) အဖေါ်ကို လိင်ဆက်ဆံရင်း အထူးပြုလုပ်ထားနဲ့ သုက်ရည်ကို ခံယူနည်း ဆိုတာ Sterile silicone rubber condom ပိုးသန့်ထားတဲ့ စပယ်ရှယ် (ကွန်ဒွမ်) မျိုးသုံးရတာ ဖြစ်တယ်။ ဒီလိုစစ်ဆေးဘို့ရာ Regular condoms ရိုးရိုး (ကွန်ဒွမ်) နဲ့ မကောင်းပါ။

ဆေးစစ်ဘို့ သုက်ရည် မထုတ်ခင် ၂ ရက် ၃ ရက် လိင်မဆက်ဆံဘဲ၊ (မာစတာဘေးရှင်း) မလုပ်ဘဲ နေထားရတယ်။ ဒိထက် ကြာတာလဲ မကောင်းပြန်ဘူး။ အရေအတွက် ပိုများပြီး၊ လှုတ်ရှားမှု နှေးနိုင်တယ်။ ရက်တိုရင် ပြောင်းပြန်ဖြစ်နေနိုင်တယ်။ တကယ်လို့ အိမ်ကနေ သုက်ရည် ထုတ်ယူလာခဲ့ရင် ၁ နာရီအတွင်း စမ်းသပ်ရတာမို့ ဆေးခန်း အလုပ်လုပ်ချိန်ကို သိထားရမယ်။ သုက်ရည် ထည့်ယူလာဘို့ Sterile container ပိုးသန့်ပြီးသား ခွက်ကို အရင်ယူထားရပါမယ်။ ထုတ်ပြီး သုက်ရည်ခွက်ကို ရေခဲသေတ္တာထဲ မထားဘဲ သာမန် အခန်းအပူချိန်မှာသာ ထားရတယ်။ အမှန်က ကိုယ်အပူချိန် ၃၇ ဒီဂရီ (ဆဲလ်စီယပ်စ်) နဲ့ညီတာ အကောင်းဆုံး ဖြစ်တယ်။

Intrauterine insemination (IUI) or In vitro fertilization (IVF) ကိုယ်ဝန်ဆောင်စေဘို့ သုက်ရည်ခံတာအတွက်ဆိုရင် သားအိမ်ထဲ မထည့်ခင်၊ ဒါမှမဟုတ် မ-မျိုးဥနဲ့ မပေါင်းစပ်ခင်မှာ လတ်လတ်ဆတ်ဆတ် ယူထားတာ ဖြစ်ရမယ်။ သုက်ရည်ကို စစ်ဆေးတော့မယ်ဆိုရင် မိနစ် ၃ဝ-၆ဝ ကြာအောင်ထားပြီး အရည်ပျော်စေရသေးတယ်။

Cryopreservation of Semen ဆိုတာ သုက်ရည်ကို အေးခဲစေနည်း ဖြစ်တယ်။ မ-မျိုးဥထွက်မဲ့ရက်ကို စောင့်ဘို့ရာ အရေးပေါ်သဘော အရံထားတဲ့သဘော သိုလှောင်ထားနည်းဖြစ်တယ်။ တခြားရည်ရွယ်ချက်တွေအတွက်လဲ သုံးပါသေးတယ်။

IUI လုပ်မဲ့ သုက်ရည်ကို Seminal plasma တွေမပါအောင် ဆေးပြစ်ရသေးတယ်။ ဒါတွေပါနေရင် သားအိမ်က နာနိုင်တယ်။ ဒီရည်ရွယ်ချက်အတွက် သုက်ရည်ထုတ်တာမှာ တခြားအရည်တွေ မပါနိုင်လို့ (မာစတာဘေးရှင်း) နည်းက ပိုကောင်းတယ်။ တခြား အရည်တွေ ဖြစ်တဲ့ တံတွေး နဲ့ (ဗဂျိုင်းနား) အရည်တွေထဲမှာ (ဗက်တီးရီးယား) တွေ ပါနေတယ်။ သုက်ကောင် အရေအတွက် နည်းရင် (ဗက်တီးရီးယား) ကြောင့် ပိုဆိုးတယ်။ Insemination process သုက်ရည်နဲ့ မ-မျိုးဥ အပြင်မှာ ပေါင်းစပ်ပေးရတာက ၁၈ နာရီကြာ အထူးခန်းငယ်လေးထဲမှာ ထားရသေးတော့ (ဗက်တီးရီးယား) ပါနေရင် ပွါးလာနိုင်တယ်။

IVF အတွက် (မာစတာဘေးရှင်း) လုပ်ပြီး သုက်ရည်ထုတ်တဲ့အခါ Lubricant ချောဆီသုံးတာက ဆေးခန်းကနေပေးတာ ဖြစ်ရမယ်။
ဆန်းသစ်လာတဲ့ သုက်ရည်ထုတ်ယူနည်းတွေ ရှိလာနေပါပြီ။

Intracytoplasmic sperm injection (ICSI) နည်းဆိုတာ Egg မ-မျိုးဥကို One sperm သုက်တကောင်နဲ့ ပေါင်းစပ်စေနည်း ဖြစ်တယ်။

Testicular Fine Needle Aspiration (TFNA) နည်းပေါ်စတုံးကတော့ Azoospermia ခေါ်တဲ့ သုက်ရည်ထဲမှာ သုက်ပိုး မပါသူတွေကို စစ်ဆေးဘို့ ဖြစ်ပါတယ်။ အခုတော့ ဆေးစစ်ဘို့အတွက်ရော သန္ဓေကို အပြင်မှာဖြစ်စေဘို့အတွက်ပါ Sperm retrieval သုက်ရယူနည်းကို အသုံးပြုလာနိုင်ကြပါပြီ။ Aspiration from the testis ကျား-အစိကနေ စုပ်ယူနည်း ဖြစ်ပါတယ်။

အခုလို ခွဲစိတ်နည်းနဲ့ သုက်ရည်ရယူတာဟာ (က) The best quality sperm သုက်အရည်အသွေး အကောင်းဆုံး ရနိုင်တယ်။ (ခ) Enough sperm သုက်ရည်ပမာဏ လုံလောက်အောင်ရမယ်။ Cryopreservation နောင်လိုအပ်ရင်သုံးဘို့အတွက်ပါ သိမ်းထားနိုင်မယ်။ (ဂ) မျိုးပွါးလမ်းကြောင်းကိုလဲ ထိခိုက်မှု နည်းတယ်။

အပ်ကို 21-23-gauge needle အရွယ်၊ ဆေးထိုးပိုက်က 20cc syringe သုံးရတယ်။ Automatic biopsy gun ကရိယာလဲ သုံးနိုင်တယ်။ Obstructive azoospermia ဆိုတဲ့ သုက်လမ်းကြောင်းပိတ်လို့ သုက်ပိုးမပါသူတွေအတွက် သုံးတဲ့နည်းကောင်း ဖြစ်ပါတယ်။

Percutaneous Epididymal Sperm Aspiration (PESA) နည်းအတွက် 21-gauge butterfly needle အပ်နဲ့ 20-ml syringe ဆေးထိုးပိုက်သုံးတယ်။ ကျား-ကပ်ပဲ့အိတ်ထဲက caput epididymis ဆိုတဲ့နေရာကိုထိုးတာဖြစ်တယ်။

Percutaneous biopsy of the testis (PercBiopsy) နည်းအတွက် 14-gauge automatic biopsy gun ကိုသုံးတယ်။ သုက်ရည်များများ ထုတ်ယူနိုင်တယ်။

Microsurgical Epididymal Sperm Aspiration (MESA) နည်းကတော့ Operating microscope ခွဲစိတ်ရာသုံးတဲ့ အနုကြည့် မှန်ဘီလူး လိုတယ်။ တခါတည်း စစ်လို့ ရတယ်။

နည်းတွေအားလုံး Local anesthesia ထုံဆေး သုံးရတယ်။ အထူးကျွမ်းကျင်သူတွေကနေ လုပ်တာ စိုးရိမ်စရာ မရှိပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/semen-collection-method.html


Healthy Life

253 Blog posts

Comments