‎Red‬ Moles မှဲ့နီ

မှဲ့အနီရောင်အကြောင်း ဖတ်ချင်လို့ လမ်းပြပေးပါအုံး ဒေါက်တာ။ ကျနော့်ကိုယ်မှာ ၉၅ % လောက်က မှဲ့အနီတွေ များနေ

‎Red‬ Moles မှဲ့နီ

မှဲ့အနီရောင်အကြောင်း ဖတ်ချင်လို့ လမ်းပြပေးပါအုံး ဒေါက်တာ။ ကျနော့်ကိုယ်မှာ ၉၅ % လောက်က မှဲ့အနီတွေ များနေလို့ပါ။

မှဲ့နီကို Cherry angiomas လို့ခေါ်တယ်။ အခုမှပေါ်လာတာမျိုးကို သတိတော့ထားရမယ်။ ဒါပေမဲ့ မသိမသာ ရှိနေတာလေးတွေက ဘာမှစိုးရိမ်ဘို့မလိုပါ။ အသစ်ပေါ်လာမယ်၊ အရောင်ကလဲထူးခြားမယ်ဆိုရင် ဆရာဝန်ပြပါ။

မှဲ့အများစုက အနက်မဟုတ်ရင် အညိုရောင်ဖြစ်တယ်။ ကင်ဆာမဟုတ်တာမျိုးက အသက်ရလာလို့ဖြစ်တာပါ။

အနီရောင်ဖြစ်နေတာက သူ့ထဲမှာ သွေးကြေားလေးတွေရှိနေလို့ဖြစ်တယ်။ အရွယ်အစား ၁ မီလီမီတာရဲ့ ၁ဝ ပုံ ၁ ပုံကနေစတယ်။ ပြားတယ်။ ကြီးလာနိုင်တယ်။ ၂ မီလီမီတာအထိရှိလာနိုင်တယ်။ အနီရောင်တောက်တောက်၊ သွေးနီရောင်၊ ပန်းခရမ်းရောင်ရှိနိုင်တယ်။

ဆေးစာနဲ့ Campbell de Morgan spots လို့ခေါ်တာမျိုးက ကိုယ်အနှံ့မှာရှိနိုင်တယ်။ ကျး-မ ဖြစ်တယ်။ အသက် ၃ဝ ကျော်မှာအဖြစ်များတယ်။

မှဲ့ကိုလစဉ်စစ်ဆေးနေပါ။ အရွယ်အစား၊ တည်နေရာ၊ အရောင်။ သံသယရှိရင် အရေပြားဆရာဝန်ပြပါ။
• Asymmetrical မညီမညာဖြစ်ပြီး အထက်ကြွတက်နေမယ်၊
• Borders ဘေးနှုတ်ခမ်းက မညီမညာဖြစ်မယ်၊
• Color အရောင်မှောင်လေလေ ကင်ဆာကိုသံသယရှိသင့်လေ၊
• Diameter အရွယ်အစားက ခဲတံဖေါ့ဖျက်ထက်မကြီးဘူးဆိုရင် ကင်ဆာမဟုတ်ဘို့များတယ်။ ကြီးမယ်၊ ကြီးကြီးလာမယ်ဆိုရင် ဆရာဝန်ကိုပြပါ။
- Age Spots http://doctortintswe.blogspot.com/2014/11/age-spots.html
- Skin Pigmentation မျက်နှာမဲတာ ဘာလုပ်နိုင်သလဲ http://doctortintswe.blogspot.com/…/…/skin-pigmentation.html

ဒေါက်တာတင့်ဆွေ
၇-၁၂-၂ဝ၁၄

Credit Source: https://doctortintswe.blogspot.com/2015/10/red-moles.html


Healthy Life

253 Blog posts

Comments