Cellulitis (သို့) Erysipelas

လွန်ခဲ့တဲ့တနှစ်တိတိကတင်တဲ့စာဖြစ်တယ်။ မေးခွန်းကအင်္ဂလိပ်လိုရေးပါတယ်။ သူ့ ၄ နှစ်အရွယ်သားမှာ ပုံပါအနာဖြ

Cellulitis (သို့) Erysipelas

လွန်ခဲ့တဲ့တနှစ်တိတိကတင်တဲ့စာဖြစ်တယ်။ မေးခွန်းကအင်္ဂလိပ်လိုရေးပါတယ်။ သူ့ ၄ နှစ်အရွယ်သားမှာ ပုံပါအနာဖြစ်လို့ မေးတာပါ။

Cellulitis ဆယ်လူလိုက်တစ် နဲ့ Erysipelas အရစ်ဆီပဲလပ်စ် တခုခုဖြစ်နိုင်ပါတယ်။ ဆယ်လူလိုက်တစ် ဆိုတာ အရေပြားနဲ့ သူ့အောက်နေရာတွေမှာ ရောင်ရမ်းတာ။ အရစ်ဆီပဲလပ်စ် ဆိုတာက အရေပြား အပေါ်လွှာ ရောင်ရမ်းတာ။ Group A strep ဗက်တီးရီးယားကနေ အများဆုံးဖြစ်စေတယ်။

သာမန်ထိခိုက်ဒဏ်ရာလေးကနေစတာဖြစ်တတ်တယ်။ အပူလောင်သလိုနဲ့စတယ်။ ခွဲစိတ်နာကနေလဲ ဆက်ဖြစ်တတ်တယ်။ ခြေနဲ့ လက်နေရာတွေမှာ အများဆုံးဖြစ်တယ်။ ဒဏ်ရာမရပေမဲ့လဲ အရေပြားနဲ့ နှာခေါင်းထဲမှာ ရှိနေကြတဲ့ ပိုးတွေကနေ ကူးစက်လာတာဖြစ်နိုင်သေးတယ်။ သူများဆီကနေလဲကူးတယ်။

ကိုယ်ပူနိုင်တယ်။ ချမ်းနိုင်တယ်။ တက်စေ့တွေရောင်နေမယ်။ ဖြစ်တဲ့နေရာမှာ ခံစားမှုအရရော ထိမိ-ဖိမိလို့ရော နာမယ်။ နီမယ်။ တင်းနေမယ်။ ပူနေမယ်။ အနားနေရာက အထက်ကြွနေမယ်။ အနား အကန့်အသတ် ထင်ထင် ရှားရှားရှိမယ်။ အပူဖူးပေါက်သလိုဖြစ်လာမယ်။ သေသွားတဲ့အရေပြားလွှာ ကွာကျမယ်။ ကြာရင် မဲလာနိုင်တယ်။ ရောင်နေတာ ကြာနိုင်တယ်။ စအိုနေရာနားမှာလဲ ဖြစ်တတ်တယ်။ ယားမယ်။ ဝမ်းသွားတဲ့အခါနာမယ်။ အသားစဖြတ်ယူစစ်ဆေးတာနဲ့ ရောဂါသေချာစေရတယ်။ တချို့မှာ သွေးထဲမှာပါ ဗက်တီးရီးယား ရောက်နေတတ်တယ်။

Antibiotic ဗက်တီးရီးယားဆေးနဲ့ ၉ဝ% ပျောက်တယ်။ အနာ-အရောင်သက်သာဆေး Paracetamol. Ibuprofen ကနေ အထောက်အကူရမယ်။ ရှားရှားပါးပါး ပြည်တည်နေတာကို ပြည်ခွဲထုတ်ပေးရမယ်။ penicillins ဆေးကိုဦးစားပေး သုံးတယ်။ cephalosporins, macrolides, clindamycin ဆေးတွေကို ဒုတိယတန်းစားသုံးတယ်။

သာမန်ဖြစ်တာဆိုရင် အပြင်လူနာအနေနဲ့ dicloxacillin, amoxicillin, cephalexin စားဆေးတွေနဲ့ရတယ်။ ပနယ်စလင်နဲ့ မတည့်သူတွေကို Clindamycin or clarithromycin or azithromycin ဆေးပေးမယ်။ပြန်ဖြစ်တာဆိုရင် penicillin G ထိုးရမယ်။ ဒါမှဟုတ် amoxicillin (250 mg bid) ဒါမှဟုတ် erythromycin (250 mg qd or bid) ပေးနိုင်တယ်။ သိပ်ဆိုးရင် cefazolin, cefuroxime, ceftriaxone, nafcillin, or oxacillin ဆေးတွေသုံးရမယ်။

Mammalian bites တိရစ္ဆာန်ကိုက်ရာကနေဖြစ်တာဆိုရင် amoxicillin-clavulanate; fluoroquinolone plus clindamycin or trimethoprim-sulfamethoxazole (TMP-SMX) plus metronidazole ဆေးတွေပေးနိုင်တယ်။ ဆိုးရင် ampicillin-sulbactam or piperacillin-tazobactam ဆေးတွေသုံးနိုင်တယ်။

methicillin-resistant Staphylococcus aureus (MRSA) နဲ့ erythromycin-resistant Streptococcus pyogenes ဆေးယဉ်တဲ့အမျိုးအစားတွေလည်းရှိတယ်။ သိပ်မဆိုးရင် TMP-SMX or doxycycline or minocycline ဆေးတခုခုကို သုံးနိုင်တယ်။ ဆိုးရင် vancomycin, daptomycin, tigecycline, ceftaroline, linezolid ဆေးတွေကိုသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၄

Credit Source: https://doctortintswe.blogspot.com/2015/11/cellulitis-erysipelas.html


Healthy Life

253 Blog posts

Comments