New anti-malaria drug developed at Dundee University

ငှက်ဖျားရောဂါကို ကုသပေးနိုင်တဲ့ဆေးသစ်ကို Dundee University ဒန်ဒီတက္ကသိုလ် သုတေသနလုပ်တဲ့ ဆရာဝန်တွေက တွေ့ရှိတဲ့သတင

New anti-malaria drug developed at Dundee University

ငှက်ဖျားဆေးသစ်

ငှက်ဖျားရောဂါကို ကုသပေးနိုင်တဲ့ဆေးသစ်ကို Dundee University ဒန်ဒီတက္ကသိုလ် သုတေသနလုပ်တဲ့ ဆရာဝန်တွေက တွေ့ရှိတဲ့သတင်း ၁၇-၆-၂ဝ၁၅ နေ့ကထွက်လာပါတယ်။ လက်ရှိသုံးနေတဲ့ငှက်ဖျားဆေးတွေကို ပိုးတွေကခံနိုင်ရည်ရှိနေလို့ ကုသရာမှာ အကြီးအကျယ်အခက်အခဲဖြစ်နေရတာပါ။ ဆေးတခါပေးတာနဲ့ ဖြစ်နေတာကို ကုသပေးနိုင်တယ်။ သူများကိုလည်း မကူးစက်စေဘူး။

ဆေးကို DDD107498 လို့ခေါ်ပါတယ်။ Drug Discovery Unit and the Medicines for Malaria Venture ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

WHO အစီရင်ခံစာအရ ၂ဝ၁၃ ခုနှစ်မှာ ငှက်ဖျားလို့ရောဂါအမည်တပ်နိုင်သူပေါင်း သန်း ၂ဝဝ ရှိခဲ့တယ်။ လူပေါင်း ၅၈၄ဝဝဝ ယောက်သေဆုံးခဲ့ပါတယ်။ အများစုက ကိုယ်ဝန်ဆောင်တွေနဲ့ ၅ နှစ်အောက်ကလေးတွေဖြစ်ကြတယ်။

၂ဝဝ၉ ကတည်းက ဒီပရောဂျက်ကိုစလုပ်ခဲ့တယ်။ ဓါတ်ပေါင်း ၄၇ဝဝ ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အခုအခါ စိတ်ချရမှုကို စမ်းသပ်နေပါပြီ။ နောက်နှစ်လောက်မှာ လူနာနဲ့စမ်းသပ်မှုအဆင့် လုပ်နိုင်တယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/06/new-anti-malaria-drug-developed-at.html


Healthy Life

253 Blog posts

Comments