500,000 years from now နိမိတ်ဖတ်ခြင်း

Ashin Kavissara ဆရာရေ ခက်ခဲတဲ့ကိစ္စက သဘာဝတရားပါ။ ဘယ်သန်တဲ့လူက ညာလက်ကမသန်ပါဘူး။ ညာသန်တဲ့သူက ဘယ်လက်မသန်ပါဘူး။ နှစ်

500,000 years from now နိမိတ်ဖတ်ခြင်း

Ashin Kavissara ဆရာရေ ခက်ခဲတဲ့ကိစ္စက သဘာဝတရားပါ။ ဘယ်သန်တဲ့လူက ညာလက်ကမသန်ပါဘူး။ ညာသန်တဲ့သူက ဘယ်လက်မသန်ပါဘူး။ နှစ်ဘက်စလုံးသန်တဲ့သူက တကယ့်လူတော်ပါ။

Tint Swe တင်ပါ့။ မသန်တဲ့လက်ကို မသုံးတာကြာရင် ကြုံလှီသွားတော့တယ်။ Atrophy (အထရိုဖီ) ဆိုတာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကြုံလှီတဲ့ရောဂါဖြစ်တယ်။ ကိုယ်ခန္ဓာနေရာတကာမှာဖြစ်တတ်တယ်။ မျိုးဗီဇမူမမှန်လို့ ဖြစ်နိုင်တယ်။ အာဟာရမလုံလောက်လို့၊ သွေးမဝလို့၊ ဟော်မုန်းမလောက်ငလို့၊ အာရုံကြောချို့ယွင်းလို့၊ Apoptosis of cells ဆိုတာတွေလွန်ကဲလို့၊ အသုံးမချလို့ (အထရိုဖီ) ကြုံလှီတာဖြစ်လာစေနိုင်တယ်။

ကြွက်သားတွေက သိသာတယ်။ အလေးမရင် ကြီးသန်လာတယ်။ မသုံးရင် သေးပိန်လာတယ်။ ဒီဖြစ်စဉ်ကို ဇီဝကမ္မ ဖြစ်စဉ်လို့ ပြောနိုင်တယ်။ ထုထည်သေးသလို အားလည်းလျှော့နည်းမယ်။ အိပ်ယာထဲမှာ အကြာကြီးနေရသူတွေ၊ ကျောက်ပတ်တီးကြာကြာစီးထားတဲ့နေရာ။ အဲတာမျိုးက ကိုလ်လက်လေ့ကျင့်ခန်းနဲ့ ရင်းစားပြန်ရနိုင်တယ်။

တချို့ကြ ရောဂါဖြစ်တယ်။ AIDS ရောဂါရလာရင် တကိုယ်လုံးသေးကွေးကြုံလှီလာတာကို Cachexia လို့ခေါ်တယ်။ နှလုံးရောဂါနဲ့ အသည်းရောဂါတွေကနေလည်း ရစေနိုင်တယ်။ ဇရာသဘောအရ အဲလိုနည်းနည်းလာတာကို Sarcopenia လို့ခေါ်တယ်။ သွေးဆုံးပြီး အမျိုးသမီးတွေ ဗဂျိုင်းနားက အဲလိုဖြစ်လာမယ်။ အီစထိုဂျင်ဟော်မုန်း နည်းလာလို့ဖြစ်တယ်။

လူသားတွေ နောင်နှစ် ၅ သိန်းမှာ ဘယ်လိုဖြစ်လာမလည်း
လူသားတွေနဲ့ဆင်တူတဲ့ ရှေးဟောင်းဂေါ်ရီလာတွေခြေထောက်ကိုကြည့်ပါ။ ခြေသန်းဟာ တခြားခြေချောင်းတွေလို ဖွံ့ထွားပြီး ခြေသည်းလည်းအပြည့်ဖုံးနေတယ်။ နောက်ခေတ်လူတွေက ခြေသန်းကို အသုံးနည်းကြပြီး ခြေမက အကြီးဆုံး တာဝန်ထမ်းဖြစ်လာတယ်။ ခြေသန်းကို မသုံးသလောက်ဖြစ်လာတယ်။ တချို့ဆိုရင် ခြေသန်းမှာ ခြေသည်းက ပါတယ်ဆိုယုံသာ ပါတော့တယ်။ ခြေသန်းမပါတော့တဲ့လူသား ဖြစ်လာမယ်။

လူသားတွေမှာ ခေါင်းပိုကြီးလာမယ်။ လုံးဝန်းလာမယ်။ ဦးနှောက်ပိုကြီးလာမယ်။ ပိုပြီးရှုတ်ထွေးလာမယ်။ မေးရိုးလည်း သေးလာမယ်။ မျက်ခုံးရိုးချောမွေ့လာမယ်။ မျက်နှာသေးလာမယ်။

အရပ်ပိုရှည်လာမယ်။ သွားအရေအတွက်နည်းလာမယ်။ သေးလာမယ်။ တတိယအန်သွားပျောက်သွားမယ်။ စွယ်သွား ပျောက်သွားမယ်။ ခေါင်းပြောင်တာ ပိုကျယ်လာမယ်။ ကိုယ်မွှေးနည်းလာမယ်။ လူတွေတယောက်နဲ့တယောက် ပိုတူလာကြလို့ လူခြင်းခွဲခြားရတာ ခက်လာတယ်။ ခါးသိမ်တာ ပျောက်လာမယ်။ တဖြောင့်တည်းဖြစ်လာမယ်။

ဒီစာလေးရေးဖြစ်တာက လက်ဝဲ-လက်ျာ အယူအဆကနေ ဆက်သွားတာပါ။ လက်နှစ်ဖက်ရှိပါလျက်ကနဲ့ လက်ဝဲ တဖက်တည်းသာသုံးတဲ့သူနဲ့ လက်ျာချည်းသာသုံးတဲ့သူတွေကို ထောက်ပြခဲ့ပါတယ်။ မွေးတုံးကပကတိမျက်စိကို နောင်ကြမှ မျက်မှန်နီတပ်တဲ့သူ မျက်မှန်စိမ်းတပ်တဲ့သူဖြစ်လာတယ်လို့ အရင်စာမှာရေးခဲ့ပါတယ်။

ကျွန်တော်က ကိုယ့်ရှိတာအကုန်ကို ဆတူမျှတူ သုံးစေချင်တာ။ ပကတိကို အရောင်မဆိုးမကြည့်စေချင်တာ။ ကြည့်တဲ့သူကသာ အရောင်ထည့်ပေမယ့် အကြည့်ခံရတဲ့ လူ၊ အရာဝတ္တု၊ ပစ္စည်းတွေက သူ့သဘာဝအရောင်နဲ့သာသူ ရှိကြပါတယ်။ နှစ် ၅ဝ လောက်အတွင်းမှာ လက်ဝဲပျောက်တဲ့သူတွေရော လက်ျာပျောက်တဲ့သူတွေကိုပါ မြင်ခဲ့တွေ့ခဲ့ရလို့ ရေးတာပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/12/500000-years-from-now.html


Healthy Life

253 Blog des postes

commentaires