Cancers ကင်ဆာ ကျဆုံးပါစေ
၂ဝဝ၈ စာရင်းအရ တကမ္ဘာလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ရသူပေါင်း ရ့၆ သန်းရှိခဲ့တယ်။ ကင်ဆာနဲ့သေရတာဟာ စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၃% ရှိပါတယ်။ ယောက်ျားတွေနဲ့ မိန်းမတွေမှာ ဖြစ်တာရော သေရတာပါ မတူပါ။ သေရသူတွေထဲက ၃ဝ% မှာ လူနေမူပုံစံ မပြောင်းလဲနိုင်ကြလို့ဖြစ်တယ်။
(၁) ကိုယ်အလေးချိန် (ကိုယ်ခန္ဓာ ထုထည်) များလို့၊
(၂) အသီးအရွက် အသီးအနှံ စားတာနည်းလို့၊
(၃) ကိုယ်လက်လှုပ်ရှားမှုနည်းလို့၊
(၄) ဆေးလိပ်သောက်လို့နဲ့
(၅) အရက်သောက်လို့ဖြစ်တယ်။
ဆေး-ဆေးလိပ်ကြောင့် ကင်ဆာသေနှုန်း ၂၂ %ရှိတယ်။ အဆုပ်ကင်ဆာတခုတည်းဆိုရင် ၇၁% ရှိတယ်။ ဗိုင်းရပ်စ်ကြောင့်ဆက်ဖြစ်တဲ့ကင်ဆာ HBV/HCV (ဘီပိုး-စီပိုး) နဲ့ HPV (ကြွက်နို့) တွေဟာ ဝင်ငွေ မများတဲ့ တိုင်းပြည်တွေမှာ ကင်ဆာနဲ့သေရတာရဲ့ ၂ဝ% ရှိတယ်။ ကင်ဆာနဲ့သေရတာအားလုံးရဲ့ ၇ဝ%ဟာ ဝင်ငွေ မများတဲ့ တိုင်းပြည်တွေကဖြစ်တယ်။
- အဆုပ်ကင်ဆာ = ၁့၃၇ သန်း၊
- အစာအိမ်ကင်ဆာ = ၇၃၆ဝဝဝ၊
- အသဲကင်ဆာ = ၆၉၅ဝဝဝ၊
- အူမကြီးကင်ဆာ = ၆ဝ၈ဝဝဝ၊
- ရင်သားကင်ဆာ = ၄၈၅ဝဝဝ၊
- သားအိမ်ဝကင်ဆာ = ၂၇၅ဝဝဝ ယောက်ဆုံးဖြစ်တယ်။
ကင်ဆာဆိုတာ ဆဲလ်လေးတခုကနေစတယ်။ မျိုးဗီဇဆိုင်ရာက အဆင့်ဆင့်ပြောင်းသွားလို့ဖြစ်တယ်။ ပြောင်းကာစမှာ သိရင် ကံကောင်းတယ်။ သိအောင်လုပ်ပြီးဆေးစနစ်တကျကုသရင် အသက်တွေအများကြီးကို ကယ်တင်နိုင်မယ်။
• ရူပ-ကင်ဆာဖြစ်စေနိုင်တာတွေ = ခရမ်းလွန်ရောင်ခြည်နဲ့ ဓါတ်ရောင်ခြည်၊
• ဓါတု-ကင်ဆာဖြစ်စေနိုင်တာတွေ = မီးခံပြားမှုံ၊ ဆေးလိပ်၊ အစာထဲက (အက်ဖလက်-တောက်ဆင်)၊ အာဆင်းနစ် (စိန်)၊
• ဇီဝ-ကင်ဆာဖြစ်စေနိုင်တာတွေ = ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ပါရာဆိုက်။
ကင်ဆာကို စောစောသိအောင် သားအိမ်ဝကင်ဆာအတွက် PAP test လုပ်ရမယ်။ မပြည့်စုံတဲ့နေရာမှာ Visual inspection with acetic acid (VIA) နည်းလုပ်နိုင်တယ်။ ရင်သားကင်ဆာအတွက် Mammography ရင်သား ဓါတ်မှန် လုပ်သင့်တယ်။ ရင်သားကင်ဆာ၊ သားအိမ်ဝကင်ဆာ၊ ခံတွင်းကင်ဆာနဲ့ အူမကြီးကင်ဆာတွေက စောစောသိရင် ပျောက်အောင်အထိ ကုသနိုင်တယ်။ ကလေးတွေမှာဖြစ်တဲ့ လူကီးမီးယားနဲ့ လင်ဖိုးမားတွေ အပြင် လူကြီး ကျားအစိ ဆာကိုးမားက ပြန့်တာများပေမဲ့ စနစ်တကျ ကုသရင် အလားအလာ အများကြီးကောင်းတယ်။ ပျောက်နိုင်တယ်။ ကင်ဆာကို ပျောက်အောင်မကုနိုင်၊ စင်အောင်လုပ်မပေးနိုင်ပေမဲ့ သက်သာအောင်လုပ်တဲ့နည်း Palliative care ကနေ ခံစားရတာတွေကို အများကြီးသက်သောစေတယ်။ လူမှုရေးနဲ့ စိတ်ဓါတ်ရေးရာမြှင့်တင်ပေးတာတွေက လူနာကို များစွာသက်သာရာရစေတယ်။
ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/12/cancers.html