Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

၁။ ကျွန်တော်က အသက် ၂၃ နှစ်၊ အဝေးမှုန် မျက်မှန်တပ်ပါတယ်။ တက္ကသိုလ် ပထမနှစ်လောက်မှ စတပ်တာပါ။ အခု ကျောင်းပြ

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

၁။ ကျွန်တော်က အသက် ၂၃ နှစ်၊ အဝေးမှုန် မျက်မှန်တပ်ပါတယ်။ တက္ကသိုလ် ပထမနှစ်လောက်မှ စတပ်တာပါ။ အခု ကျောင်းပြီးပါပြီ။ ပါဝါက ဘယ် ၃ဝဝ၊ ညာ ၁၅ဝ ရှိပါတယ်။ ဒီပါဝါမှာတင် တန့်နေတာကြာပါပြီ။ ထပ်မတိုးပါ။ အဲဒါ လေဆာနဲ့ ဖျောက်လို့ရ၊ မရသိချင်ပါတယ်။ လေဆာနဲ့ ပါဝါဖျောက်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးပြစ် ကုသမှုစရိတ် ဘယ်လောက် ကုန်နိုင်မလဲပါ သိချင်ပါတယ်။ နောက်ပြီး လေဆာနဲ့ တကြိမ်ဖျောက်ပြီးရင် အရင်လို ပါဝါ ပြန်တက်လာနိုင် မလားလဲ သိချင်ပါတယ်။

၂။ ဆရာလို့ရေးရအောင် အသက်က နှစ် ၄ဝ လောက်ကွာနေတော့ သိပ်ရေးမထွက်ဖူး။ ကျန်မက စကားပြောရင် ခင်ဗျား၊ ကျန်တော်လို့ ပြောတာ အကျင့်ပါနေတယ်။ အဲ့ဒါ တောကျတယ်လို့ ပြောကြတာပဲ။ ဖုန်းနဲ့ ရေးရင်း လက်ကွက်က ဖုန်သွား မမြင်ရတော့ဘူး။ မျက်စိပါဝါဖျောက်မလို့ စုံစမ်းတာ တစ်ဖက်ကို ၈ သိန်းလောက်ကုန်မယ်တဲ့။ ဘယ်ဘက်မျက်စိက -450 နဲ့ ညာဘက်မျက်စိက -500 မျက်ကြည်လွှာရောဂါ။ ဆလင်ဒါ မရှိဘူးပြောတာပဲ။ မျက်စိအဝေးမှုန်တဲ့သူတွေအတွက် အကြံေလေးရေးပါဦး။ မျက်ကပ်မှန်တခါတလေ တပ်ပါတယ်။

မေးတာ-ရေးတာတွေကို သဘောပေါက်အောင် ၄-၅ ခေါက် ကြိုးစားဖတ်ပါတယ်။ သိပ်တော့ နားမလည်သေးပါ။ မေးတဲ့သူက အမျိုးသမီးလား၊ အမျိုးသားလား မသိပါ။ အသက်လဲမသိပါ။ ဖုန်းနဲ့ ဆက်သွယ်ရသူတွေရဲ့ အခက်အခဲကို နားလည်ပါတယ်။ စာရိုက်တာကိုလဲ ကြိုးစားပြီး ထပ်ရေးထားလိုက်တယ်။ ဆောရီး။ မျက်စိကို လေဆာနဲ့ကုသတာကို ပြောတာလားမသိပါ။ ပဌမဆုံးပြောပါရစေ။ ကျွန်တော် မျက်စိအထူးကု ဆရာဝန် မဟုတ်ပါ။

မျက်စိအမြင်ရောဂါ Nearsightedness, Farsightedness and Astigmatism တွေကို Laser eye surgery နည်းနဲ့ ကုလို့ ရတယ်။ Excimer laser လေဆာနဲ့ကုသနည်းကို ၁၉၈၅ ကတည်းက စခဲ့တယ်။ တိုးတက် လာနေတာပါ။ LASIK ခွဲစိတ်နည်းဟာ အံသြလောက်အောင် ကောင်းတယ်။ Myopia ခေါ်တဲ့ ဆိုတဲ့ အနီးမြင်-အဝေးမှုန်တာ အတွက် (LASIK) Laser Assisted In-Situ Keratomileusis က နောက်ဆုံးပေါ်ပါ။ အနာလဲ သက်သာတယ်။ အလွန်တရာတကျ၊ အတော် စိတ်ချ၊ တကယ် ကောင်းတယ်လို့ ဆိုကြပါတယ်။ Refractive surgery ခေါ်တဲ့ Laser eye correction ဖြစ်တယ်။

ArgonFluoride (ArF) gas ကို UV wavelength of 193nm ရှိတဲ့ high-energy photons နဲ့သုံးပြီး 0.25 microns သာထူတဲ့ Corneal tissue မျက်ကြည်လွှာကို တိတိကျကျ ဖြတ်ပေးတယ်။ ဘေးကို မထိစေဘူး။ ဆေးရုံတက်စရာ မလိုဘဲ ရတယ်။ ၁၅ မိနစ်၊ နာရီဝက်သာကြမယ်။ နှစ်ဖက်လုံးကို တထိုင်ထဲကုလို့ရတယ်။ ၁ ရက်နေရင် ကောင်းကောင်းမြင်လာပြီး ၂-၃ လမှာ (ပါဖက်) ဖြစ်သွားမယ်။ ခွဲပြီး မျက်မှန်မလိုတော့ဘူး။

ဈေးကြီးပါတယ်။ ဘာဘဲလုပ်လုပ် စွန့်စားရတာမျိုးရှိတာပါ။ ဒီနည်းမှာ အကြီးအကျယ် မရှိပါ။ နဲနဲလေး လုပ်မိလိုက်ရင် ဒုတိယတကြိမ်လုပ်ရနိုင်တယ်။ များများကြီးလုပ်လိုက်မိရင်တော့ အပြင်ရပိုခက်တယ်။ တချို့မှာ မှောင်နေရင် မမြင်ရတာ၊ အဝိုင်းတွေ မြင်ရတာ၊ အရုပ် ၂ ထပ်မြင်တာ၊ မျက်စိခြောက်တာတွေ ဖြစ်တတ်တယ်။

မခွဲခင် ပြင်ဆင်တာ အလွန်အရေးကြီးတယ်။
• Visual acuity, fundus inspection, corneal curvature, corneal topography, corneal thickness, tear secretion, wave-front aberration, and other preoperative examination တွေ လုပ်ရမယ်။ • လူတိုင်းကိုတော့ လုပ်မရပါ။
• Myopia upto -20.0 to +8.0 with cylinder +/- 4 ရှိသူတွေ၊ +- 3 D to 20 or more ရှိသူတွေ၊
• အသက် ၁၈-၂ဝ ကျော် ရမယ်။ အမြင်စွမ်းအားလဲ ငြိမ်လာ၊ မျက်ကြည်လွှာကလဲ လိုသလောက် ထူလာလို့။
• တခြား မျက်စိရောဂါတွေ Cataract, Glaucoma Keratoconus, Retinal detachment မရှိသူ ဖြစ်ရမယ်
၊ • လေဆာ မလုပ်ခင် တပ်နေတဲ့ မျက်မှန်ကို ၂-၃ ပါတ် ဖြုတ်ထားရမယ်။
• Eye makeup လဲ မလုပ်ရပါ။
• ရုပ်ရှင်၊ ဘောလုံးပွဲကြည့်တာလဲ နားထားပါ။

NearVision CK နည်းကတော့ Radio waves ရေဒီယိုလှိုင်းသုံး ကုသနည်းဖြစ်တယ်။ လေဆာတို့ ဓါးတို့ မသုံးပါ။ ဆံပင်ထက်သေးတဲ့ Probe အချောင်းလေးနဲ့ Cornea မျက်ကြည်လွှာက Collagen တွေကို သေးကျုံ့သွာစေတယ်။ လုပ်ပေးနိုင်တဲ့ မျက်စိ အထူးကု ဆရာဝန်နဲ့ သေသေခြာခြာ တိုင်ပင်ပါ။ ဒီစာက ဆေးပညာ-ဗဟုသုတထက် မပိုလောက်ပါ။

Cataract မျက်စိတိမ် http://dts-medicaleducation.blogspot.in/2012/03/cataract.html
Eye Astigmatism and Amblyopia သူငယ်အိမ်စောင်းခြင်း နဲ့ ပျင်းတဲ့မျက်စိ http://doctortintswe.blogspot.com/2014/10/astigmatism-and-amblyopia.html

ဒေါက်တာတင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2016/01/laser-eye-operation.html


Healthy Life

253 Blog Beiträge

Kommentare