( ZawGyi )
ဆယ့္ႏွစ္ႏွစ္ၾကာမွ အေျဖရတဲ့ နတ္ေတြကျမတ္ဗုဒၶ ကိုေမးေသာ"ဒါနႏွစ္မ်ိဳးမွာပညာေပးတာနဲ႔ ပစၥည္း ဝတၳဳ ေပးတာ ဘယ္ဟာ ပို ေကာင္းလဲတဲ့...
?????????????????
ဒါနဆိုတာ လႉစရာ ပစၥည္းကိုလည္း ဒါန လို႔ေခၚ တယ္။ဒါက နံပါတ္တစ္။
ေနာက္တစ္ခုက အဲဒီလႉစရာ ပစၥည္းေတြကို လႉေစ တတ္တဲ့ ေစတနာကိုလည္း ဒါန လို႔ေခၚတယ္။
ဒါနဆိုတဲ့ စကားလုံးေလးမွာ ဒီလို အဓိပၸာယ္ ႏွစ္ မ်ိဳး ရွိတယ္ဆိုတာကိုလည္း မွတ္ထားပါ။
“ဒါနံ ဒတြာ - ဒါနကို လႉ၍” ဆိုတဲ့ေနရာမွာ
ေစတနာကို လႉတာမဟုတ္ဘူး၊လႉစရာပစၥည္းကို
လႉတာ။
"ဒါနံ ဒတြာ"ဆိုတဲ့စကား မွာ ဒါနံ-အလႉဒါနကို
ဒတြာ -ေပးလႉေသာေၾကာင့္၊အဲဒီစကားရပ္မွာ လႉစရာကို လႉေသာေၾကာင့္လို႔ ဒါနဝတၳဳကို လႉ ေသာေၾကာင့္လို႔ ဆိုလိုတာ။
ဒါနဆိုတာ လႉစရာ ပစၥည္းဝတၳဳကို လႉေသာ ေၾကာင့္ လို႔ ဒီလိုအဓိပၸာယ္ယူရမယ္။
“ဒါနေတာ ေဘာဂဝါ - ဒါနေၾကာင့္ စည္းစိမ္ဥစၥာ
ႂကြယ္ဝတယ္”ဆိုတာက်ေတာ့ အဲဒီဒါနကေစတနာ ကိုေျပာတာ၊ကံတရားကိုေျပာတာ။
လႉလိုက္တဲ့ လႉေစတတ္တဲ့ ေစတနာစြမ္းအား ကံ တရားသည္ ျဖစ္ေလရာ ဘဝမွာ ခ်မ္းသာႂကြယ္ဝ ျခင္း၊ စည္းစိမ္ဥစၥာေပါမ်ားျခင္းဆိုတဲ့ အက်ိဳးကို ေပးတယ္။
ဒါ့ေၾကာင့္မို႔ ဒါနလို႔ ဆိုတဲ့ေနရာမွာ စကားလုံးဆက္ သြယ္မႈကို ၾကည့္ၿပီးေတာ့ ဒီ ဒါနရဲ႕ အဓိပၸာယ္ ကို
မွတ္သားရမယ္ေပါ့။
ဒါနဆိုတာ ယူမယ့္ပုဂၢိဳလ္အတြက္အက်ိဳးျပဳတဲ့ ပစၥည္းတစ္ခုပဲ၊အက်ိဳးျပဳတဲ့ လုပ္ရပ္တစ္ခုပဲ။
လႉတယ္ ဆိုကတည္းက တစ္ဖက္သားရဲ႕ လိုအပ္ ခ်က္ကို ျဖည့္ေပးတာ မဟုတ္လား။
စားစရာမရွိတဲ့သူကို စားစရာ ေပးလိုက္တယ္။
ယူတဲ့သူကရမသြားဘူးလား၊ေနစရာမရွိလို႔ေနစရာေပးလိုက္တယ္၊ယူတဲ့သူ ရသြားတယ္။
အသိပညာမရွိလို႔ အသိပညာ ေပးလိုက္တယ္
ယူတဲ့ သူ ရသြားတာပဲ။
အဲဒီေတာ့ ကိုယ္ေပးလိုက္တာကိုယ့္ရဲ႕ေပးျခင္းဟာ ေပးသူကို အက်ိဳးျပဳသလား၊ယူသူကို အက်ိဳးျပဳ သလား ဆိုရင္ ယူသူကို အက်ိဳးျပဳတာေနာ္။
ဒါ့ေၾကာင့္မို႔ ဒါနေကာင္းမႈနဲ႔ ပတ္သက္ၿပီးဘယ္စံ နဲ႔ ဆုံးျဖတ္မလဲတဲ့။
ပညာေပးတာနဲ႔ ပစၥည္းဝတၳဳေပးတာ ဘယ္ဟာ ပို ေကာင္းလဲဆိုတာကို အဲဒီစံႏွစ္ခုနဲ႔ဆုံးျဖတ္မယ္။
ကဲ-အဲဒီေမးခြန္းေလးကို နတ္ေတြက ေမးလိုက္ ၾက တာ။
အခ်င္းခ်င္းေမးလို႔ အေျဖမထြက္ဘူး၊စတုမဟာ
ရာဇ္ နတ္မင္းႀကီးေတြဆီ သြားေမးလည္း အေျဖ မထြက္ဘူး၊သိၾကားမင္း သြားေမးေတာ့လည္း အေျဖမထြက္ဘူး။
အားလုံးစုၿပီးေတာ့ ဘုရားဆီ သြားေလွ်ာက္ တဲ့အခါက်ေတာ့ ဘုရားက အေျဖေပးလိုက္တယ္။
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” တဲ့။ဘုရားက အေဖြ
ေပးလိုက္တဲ့စကားေလး။
သဗၺဒါနံ-အားလုံးေသာ ေပးမႈေတြကို၊ဓမၼဒါနံ-ဓမၼ ကိုေပးျခင္းက၊ဇိနာတိ-အႏိုင္ရတယ္လို႔ ေျပာတာ။
ဘာပဲေပးေပး၊ေပးတာေတြအားလုံးကို ဘယ္ဟာ
က အႏိုင္ရတုန္း။
ဘယ္ဟာက အုပ္စိုးထားႏိုင္တုန္းဆိုရင္ ဓမၼကို ေပးျခင္းက အုပ္စိုးထားႏိုင္တယ္လို႔ ဆိုလိုတယ္။
ဓမၼလို႔ ဆိုတဲ့အထဲမယ္ ခုနက ပညာေပးတာလည္း ပါတယ္ေပါ့။ဒီေနရာမွာ “ဓမၼဒါန” လို႔ ေခၚတယ္။
အားလုံး နားလည္ေနၾကတာေတာ့ တရားအလႉ
ေပါ့ေနာ္။
အလႉဒါနဆိုတာ ႏွစ္မ်ိဳးရွိတယ္ဆိုတာ နဲနဲခြဲၿပီး
ေတာ့ၾကည့္။
နံပါတ္တစ္က အာမိသဒါန - အေဆာက္အဦးပဲ လႉလႉ၊စားစရာပဲလႉလႉ၊ဝတ္စရာပဲလႉလႉ၊ေဆးပဲ လႉလႉ ပစၥည္းဝတၳဳ လႉတာေတြအားလုံးကို “အာမိသ ဒါန” လို႔ ေခၚတယ္ေနာ္။အဲဒါက တစ္ခု။
အဲဒီလိုအေကာင္အထည္မရွိဘဲနဲ႔ လူတစ္ေယာက္
ကို အသိဉာဏ္ေပးတယ္၊ဓမၼအသိေပးတယ္၊ ေလာကအသိေပးတယ္။
အဲဒီလို အသိဉာဏ္နဲ႔ပတ္သက္တာေတြကို ျဖန႔္ေဝ ေပးတယ္ ဆိုတာ က်ေတာ့ ဓမၼဒါန၊ “ဓမၼဒါန” ဆိုတာက အေကာင္ အထည္ ႀကီးရွိတာ မဟုတ္ ဘူးေနာ္။ အသိကို ေပးတာ။
ဟိုတစ္ဖက္သားကပစၥည္းဝတၳဳ ရသြားတာမဟုတ္ ဘူး၊အသိဉာဏ္ပဲ ရသြားတာ။
အဲဒီႏွစ္ခုကို ႏႈိင္းယွဥ္လိုက္မယ္ ဆိုလို႔ရွိရင္တဲ့..
သဗၺဒါနံ ေပးတာေတြအားလုံးကို (ဘာပဲေပးေပး၊ ပစၥည္းဝတၳဳေတြ ေပးတာေတြ၊ ေပးတာေတြ အားလုံးကို)ဘယ္ဟာက အႏိုင္ရထားတုန္း၊ ဘယ္ အရာက အုပ္စီးထားတုန္းလို႔ဆိုရင္ ဓမၼဒါန လို႔ ေခၚတဲ့ ဓမၼအလႉက အႏိုင္ရပါ တယ္၊ ပညာအလႉက အႏိုင္ရပါတယ္လို႔ ေျပာတယ္။
ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာ နႏၵမာလာဘိဝံသ
( Unicode... )
ဆယ့်နှစ်နှစ်ကြာမှ အဖြေရတဲ့ နတ်တွေကမြတ်ဗုဒ္ဓ ကိုမေးသော"ဒါနနှစ်မျိုးမှာပညာပေးတာနဲ့ ပစ္စည်း ဝတ္ထု ပေးတာ ဘယ်ဟာ ပို ကောင်းလဲတဲ့...
?????????????????
ဒါနဆိုတာ လှူစရာ ပစ္စည်းကိုလည်း ဒါန လို့ခေါ် တယ်။ဒါက နံပါတ်တစ်။
နောက်တစ်ခုက အဲဒီလှူစရာ ပစ္စည်းတွေကို လှူစေ တတ်တဲ့ စေတနာကိုလည်း ဒါန လို့ခေါ်တယ်။
ဒါနဆိုတဲ့ စကားလုံးလေးမှာ ဒီလို အဓိပ္ပာယ် နှစ် မျိုး ရှိတယ်ဆိုတာကိုလည်း မှတ်ထားပါ။
“ဒါနံ ဒတွာ - ဒါနကို လှူ၍” ဆိုတဲ့နေရာမှာ
စေတနာကို လှူတာမဟုတ်ဘူး၊လှူစရာပစ္စည်းကို
လှူတာ။
"ဒါနံ ဒတွာ"ဆိုတဲ့စကား မှာ ဒါနံ-အလှူဒါနကို
ဒတွာ -ပေးလှူသောကြောင့်၊အဲဒီစကားရပ်မှာ လှူစရာကို လှူသောကြောင့်လို့ ဒါနဝတ္ထုကို လှူ သောကြောင့်လို့ ဆိုလိုတာ။
ဒါနဆိုတာ လှူစရာ ပစ္စည်းဝတ္ထုကို လှူသော ကြောင့် လို့ ဒီလိုအဓိပ္ပာယ်ယူရမယ်။
“ဒါနတော ဘောဂဝါ - ဒါနကြောင့် စည်းစိမ်ဥစ္စာ
ကြွယ်ဝတယ်”ဆိုတာကျတော့ အဲဒီဒါနကစေတနာ ကိုပြောတာ၊ကံတရားကိုပြောတာ။
လှူလိုက်တဲ့ လှူစေတတ်တဲ့ စေတနာစွမ်းအား ကံ တရားသည် ဖြစ်လေရာ ဘဝမှာ ချမ်းသာကြွယ်ဝ ခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်းဆိုတဲ့ အကျိုးကို ပေးတယ်။
ဒါ့ကြောင့်မို့ ဒါနလို့ ဆိုတဲ့နေရာမှာ စကားလုံးဆက် သွယ်မှုကို ကြည့်ပြီးတော့ ဒီ ဒါနရဲ့ အဓိပ္ပာယ် ကို
မှတ်သားရမယ်ပေါ့။
ဒါနဆိုတာ ယူမယ့်ပုဂ္ဂိုလ်အတွက်အကျိုးပြုတဲ့ ပစ္စည်းတစ်ခုပဲ၊အကျိုးပြုတဲ့ လုပ်ရပ်တစ်ခုပဲ။
လှူတယ် ဆိုကတည်းက တစ်ဖက်သားရဲ့ လိုအပ် ချက်ကို ဖြည့်ပေးတာ မဟုတ်လား။
စားစရာမရှိတဲ့သူကို စားစရာ ပေးလိုက်တယ်။
ယူတဲ့သူကရမသွားဘူးလား၊နေစရာမရှိလို့နေစရာပေးလိုက်တယ်၊ယူတဲ့သူ ရသွားတယ်။
အသိပညာမရှိလို့ အသိပညာ ပေးလိုက်တယ်
ယူတဲ့ သူ ရသွားတာပဲ။
အဲဒီတော့ ကိုယ်ပေးလိုက်တာကိုယ့်ရဲ့ပေးခြင်းဟာ ပေးသူကို အကျိုးပြုသလား၊ယူသူကို အကျိုးပြု သလား ဆိုရင် ယူသူကို အကျိုးပြုတာနော်။
ဒါ့ကြောင့်မို့ ဒါနကောင်းမှုနဲ့ ပတ်သက်ပြီးဘယ်စံ နဲ့ ဆုံးဖြတ်မလဲတဲ့။
ပညာပေးတာနဲ့ ပစ္စည်းဝတ္ထုပေးတာ ဘယ်ဟာ ပို ကောင်းလဲဆိုတာကို အဲဒီစံနှစ်ခုနဲ့ဆုံးဖြတ်မယ်။
ကဲ-အဲဒီမေးခွန်းလေးကို နတ်တွေက မေးလိုက် ကြ တာ။
အချင်းချင်းမေးလို့ အဖြေမထွက်ဘူး၊စတုမဟာ
ရာဇ် နတ်မင်းကြီးတွေဆီ သွားမေးလည်း အဖြေ မထွက်ဘူး၊သိကြားမင်း သွားမေးတော့လည်း အဖြေမထွက်ဘူး။
အားလုံးစုပြီးတော့ ဘုရားဆီ သွားလျှောက် တဲ့အခါကျတော့ ဘုရားက အဖြေပေးလိုက်တယ်။
“သဗ်ဗဒါနံ ဓမ်မဒါနံ ဇိနာတိ” တဲ့။ဘုရားက အဖွေ
ပေးလိုက်တဲ့စကားလေး။
သဗ္ဗဒါနံ-အားလုံးသော ပေးမှုတွေကို၊ဓမ္မဒါနံ-ဓမ္မ ကိုပေးခြင်းက၊ဇိနာတိ-အနိုင်ရတယ်လို့ ပြောတာ။
ဘာပဲပေးပေး၊ပေးတာတွေအားလုံးကို ဘယ်ဟာ
က အနိုင်ရတုန်း။
ဘယ်ဟာက အုပ်စိုးထားနိုင်တုန်းဆိုရင် ဓမ္မကို ပေးခြင်းက အုပ်စိုးထားနိုင်တယ်လို့ ဆိုလိုတယ်။
ဓမ္မလို့ ဆိုတဲ့အထဲမယ် ခုနက ပညာပေးတာလည်း ပါတယ်ပေါ့။ဒီနေရာမှာ “ဓမ္မဒါန” လို့ ခေါ်တယ်။
အားလုံး နားလည်နေကြတာတော့ တရားအလှူ
ပေါ့နော်။
အလှူဒါနဆိုတာ နှစ်မျိုးရှိတယ်ဆိုတာ နဲနဲခွဲပြီး
တော့ကြည့်။
နံပါတ်တစ်က အာမိသဒါန - အဆောက်အဦးပဲ လှူလှူ၊စားစရာပဲလှူလှူ၊ဝတ်စရာပဲလှူလှူ၊ဆေးပဲ လှူလှူ ပစ္စည်းဝတ္ထု လှူတာတွေအားလုံးကို “အာမိသ ဒါန” လို့ ခေါ်တယ်နော်။အဲဒါက တစ်ခု။
အဲဒီလိုအကောင်အထည်မရှိဘဲနဲ့ လူတစ်ယောက်
ကို အသိဉာဏ်ပေးတယ်၊ဓမ္မအသိပေးတယ်၊ လောကအသိပေးတယ်။
အဲဒီလို အသိဉာဏ်နဲ့ပတ်သက်တာတွေကို ဖြန့်ဝေ ပေးတယ် ဆိုတာ ကျတော့ ဓမ္မဒါန၊ “ဓမ္မဒါန” ဆိုတာက အကောင် အထည် ကြီးရှိတာ မဟုတ် ဘူးနော်။ အသိကို ပေးတာ။
ဟိုတစ်ဖက်သားကပစ္စည်းဝတ္ထု ရသွားတာမဟုတ် ဘူး၊အသိဉာဏ်ပဲ ရသွားတာ။
အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်မယ် ဆိုလို့ရှိရင်တဲ့..
သဗ္ဗဒါနံ ပေးတာတွေအားလုံးကို (ဘာပဲပေးပေး၊ ပစ္စည်းဝတ္ထုတွေ ပေးတာတွေ၊ ပေးတာတွေ အားလုံးကို)ဘယ်ဟာက အနိုင်ရထားတုန်း၊ ဘယ် အရာက အုပ်စီးထားတုန်းလို့ဆိုရင် ဓမ္မဒါန လို့ ခေါ်တဲ့ ဓမ္မအလှူက အနိုင်ရပါ တယ်၊ ပညာအလှူက အနိုင်ရပါတယ်လို့ ပြောတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ