အဲဒီညေနက ကားမွတ္တုိင္မွာ - အဲဒီညနေက ကားမှတ်တိုင်မှာ

က်ေနာ္ ဘက္စကား ေစာင့္ေနသည္။ သည္၀ါက်မွာ အပုိင္းသုံးပုိင္းပါသည္။ က်ေနာ္..ဘက္စကား..ေစာင့္ေနသည္။

Zawgyi Unicode


အဲဒီညေနက ကားမွတ္တိုင္မွာ

က်ေနာ္ ဘက္စကား ေစာင့္ေနသည္။ သည္ဝါက်မွာ အပိုင္းသုံးပိုင္းပါသည္။ က်ေနာ္..ဘက္စကား..ေစာင့္ေနသည္။ က်ေနာ္သည္ ျပဳလုပ္သူျဖစ္သည္။ ဘာလုပ္သလဲ။ ေစာင့္ေနသည္။ ဘာကိုေစာင့္ေနသလဲ။ ဘက္စ္ကားကို ေစာင့္ေနသည္။ ဘက္စ္ကားသည္ ေစာင့္ေနျခင္း ခံရသူျဖစ္သည္။ က်ေနာ္ ျပန္စဥ္းစားသည္။ က်ေနာ္က ျပဳလုပ္သူဆိုလ်င္ အေျခအေနကို ဖန္တီးခြင့္ က်ေနာ့္မွာ ရွိရေပမည္။ က်ေနာ္ေစာင့္ေနလ်င္ ဘက္စ္ကားက လာကိုလာရမည္။ ဘက္စကားသည္ က်ေနာ့္ေစခိုင္းရာအတိုင္း လုပ္သူျဖစ္ရမည္။ သူက ျပဳလုပ္ခံရသူဟု ဆိုထားသည္ မဟုတ္လား။ မွတ္တိုင္မွာ က်ေနာ္ရပ္ေနပုံကလည္း ဘက္စ္ကားကို လာကိုလာရမည္ဆိုသည့္ ဟန္ပန္ျဖင့္ ေစာင့္ေနပုံမ်ိဳးျဖစ္သည္။

အမွန္တကယ္က်ေတာ့ သည္လိုမဟုတ္ပါ။ ဘက္စ္ကားက က်ေနာ္ေစာင့္ေနသည့္အတြက္ လာမည္ဆိုသည့္သေဘာ မဟုတ္ပါ။ အေၾကာင္းတစုံတရာေၾကာင့္ အခ်ိန္အၾကာႀကီးၾကာမွ လာခ်င္လာပါလိမ့္မည္။ ဒါမွမဟုတ္ အေၾကာင္းတစုံတရာေၾကာင့္ မလာပဲလည္း ေနခ်င္ေနပါလိမ့္မည္။ ေသခ်ာသည္မွာ ဘက္စ္ကားလာမွ က်ေနာ္သြားလိုရာကို သြားႏိုင္မည္ျဖစ္သည္။ သည္ခရီးကို အျခားနည္းလမ္းမ်ားထက္ ဘက္စ္ကား စီးသြားမွ ျဖစ္ႏိုင္ေသာေၾကာင့္ က်ေနာ္ ဘက္စ္ကားကို ေစာင့္ေနခဲ့ျခင္းျဖစ္သည္။ က်ေနာ္က ေစာင့္ေနရသူ ျဖစ္ပါသည္။ ေစာင့္ေနေသာေၾကာင့္ ေစာင့္သူ၊ ျပဳလုပ္သူဟု က်ေနာ့္ကို သတ္မွတ္လ်င္ မမွန္ႏိုင္ပါ။ က်ေနာ္သည္ ေစာင့္ေန႐ုံမွအပ ဘာမွ မလုပ္ႏိုင္ပါ။

က်ေနာ္သြားခ်င္ေသာ ခရီးသည္လည္း ေစာင့္ေန႐ုံျဖင့္ ေရာက္မသြားႏိုင္ပါ။ ထိုအခါ ဘက္စ္ကားသည္ အေရးႀကီးလာပါသည္။ က်ေနာ့္အတြက္ အေရးႀကီးလာပါသည္။ ဘက္စ္ကားသည္ က်ေနာ္က ေစာင့္ေနျခင္းကို ခံေနရပါသည္။ ထို႔ေၾကာင့္ ဘက္စ္ကားကို ျပဳလုပ္ခံရသူဟု သတ္မွတ္လ်င္လည္း မမွန္ႏိုင္ပါ။ သူက က်ေနာ္ေစာင့္ေနေသာ္လည္း လာခ်င္လာမည္။ မလာခ်င္လည္း မလာပါ။ သူ႔မွာ သူ႔အေၾကာင္းႏွင့္သူ ရွိႏိုင္ပါသည္။ ထိုအေၾကာင္းကို က်ေနာ္က မသိႏိုင္ပါ။ တစုံတရာလည္း မစြက္ဖက္ႏိုင္ပါ။ ေသခ်ာသည္မွာ ဘက္စ္ကားလာမွ က်ေနာ္သြားလိုရာ ခရီးကို ေရာက္ပါလိမ့္မည္။ ထိုအခါ ဘက္စ္ကားသည္ က်ေနာ့္အတြက္ အေရးႀကီးလာပါသည္။ သူသည္ က်ေနာ့္ခရီးကို ျမန္ေအာင္ ေႏွးေအာင္၊ ေရာက္ေအာင္ မေရာက္ေအာင္ ဖန္တီးႏိုင္သူ ျဖစ္လာပါသည္။ ထိုအခါ သဒၵါသေဘာသည္ မွားယြင္းသြားပါသည္။ က်ေနာ္သည္ ေစာင့္ေနေသာ္လည္း ျပဳလုပ္ခံရသူ ျဖစ္သြားပါသည္။ ဘက္စ္ကားသည္ ေစာင့္ေနျခင္း ခံရေသာ္လည္း ျပဳလုပ္သူျဖစ္သြားပါသည္။

စာေၾကာင္းတေၾကာင္းျဖစ္ရန္ ျပဳလုပ္သူ၊ ျပဳလုပ္ခံရသူႏွင့္ ျပဳလုပ္ျခင္းတို႔ ရွိရမည္ဟု ဆိုပါသည္။ ျပဳလုပ္ခံရသူ မပါေသာ စာေၾကာင္းမ်ားလည္း ရွိပါသည္။ သို႔ေသာ္ ျပည့္စုံေသာ စာေၾကာင္းဟု ဆိုႏိုင္မည္လား။ ဥပမာ က်ေနာ္ေစာင့္သည္ဟု ဆိုပါေတာ့။ က်ေနာ္ ဘာကိုေစာင့္သလဲ။ အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါသည္။ အခြင့္အေရးကို ေစာင့္တာလား။ ပဲျပဳတ္သည္ကို ေစာင့္တာလား။ ခ်စ္သူကို ေစာင့္တာလား။ အရက္ဆိုင္ တံခါးအဖြင့္ကို ေစာင့္တာလား။ ျဖစ္ႏိုင္စရာေတြ အမ်ားႀကီးရွိသည္။ သို႔ေသာ္ က်ေနာ္က ေစာင့္ေနသည္။ ေစာင့္ေနသည္ဆိုသည့္ စကားလုံးမွာ အေစာင့္ခံတခု လိုေနသည္ကိုေတြ႕ရသည္။ စားေနသည္။ ဖတ္ေနသည္။ နမ္းေနသည္။ ႐ိုက္ေနသည္ စသည့္စကားလုံးတို႔မွာလည္း အစားခံ၊ အဖတ္ခံ၊ အနမ္းခံ၊ အ႐ိုက္ခံ အရာတခုခု လိုအပ္ေနပါသည္။ သို႔ေသာ္ ငိုေနသည္။ ရယ္ေနသည္။ အိပ္ေနသည္။ ထိုင္ေနသည္ စသည့္စကားတို႔အတြက္ေတာ့ ျပဳလုပ္ခံတခုခု မလိုပါ။ ေတြးရင္း နည္းနည္းလမ္းေခ်ာ္သြားပါသည္။ က်ေနာ္သည္ သဒၵါဆရာ မဟုတ္ပါ။ ဘက္စ္ကားေစာင့္ေနသူတေယာက္သာျဖစ္သည္။

ဘက္စ္ကားေစာင့္ရင္း တခုခုမေတြးျဖစ္ေအာင္ ေငးေမာယူရေလာက္သည့္ မိန္းမတေယာက္ေယာက္လည္း မွတ္တိုင္တြင္မရွိပါ။ ဟိုေျပာဒီေျပာ စကားစျမည္ေျပာစရာ အေဖာ္တေယာက္ေယာက္လည္း မပါပါ။ ထိုအခါ က်ေနာ္ ဆက္ေတြးပါသည္။ က်ေနာ္ ဘက္စ္ကား ေစာင့္ေနသည္။ သည္မွာ ေျပာစရာ ေခါင္းစဥ္သုံးခု ေတြ႕ပါသည္။ နံပတ္တစ္ ေခါင္းစဥ္မွာ က်ေနာ္ျဖစ္သည္။ က်ေနာ္သည္ ခရီးတခု သြားမည့္သူျဖစ္သည္။ ထိုခရီးသည္ လမ္းေလ်ာက္သြားရန္ အတန္ေဝးေသာ ခရီးျဖစ္သည္။ ထိုအခါ ဘက္စ္ကားစီးသြားရန္ ကားမွတ္တိုင္ကို ေရာက္လာသူမွာ က်ေနာ္ျဖစ္သည္။ ကားမွတ္တိုင္ကို ဘက္စ္ကား စီးသြားရန္ လာရျခင္းမွာ က်ေနာ့္မွာ ကိုယ္ပိုင္ကား၊ ဆိုင္ကယ္၊ စက္ဘီး စသည့္ ကိုယ္ပိုင္ယဥ္တခုခု၊ လမ္းေလ်ာက္သြားျခင္းထက္ ပိုမိုျမန္ဆန္ သက္သာေစေသာ ကိရိယာပစၥည္းတခုခု မရွိျခင္းေၾကာင့္ျဖစ္သည္။ က်ေနာ္သည္ အမ်ားျပည္သူ ခရီးသြားလာလြယ္ကူေစရန္ စီစဥ္ေပးထားသည့္ ဘက္စ္ကားကိုစီးမွသာ မိမိလိုရာ သြားႏိုင္မည့္သူျဖစ္ပါသည္။ နည္းနည္းျဖည့္ေျပာရလ်င္ ဘက္စကားခေပးရန္ ရွိသူလည္းျဖစ္သည္။ သို႔ေသာ္ အငွားယဥ္စီးရန္ ပိုက္ဆံမလုံေလာက္သူ၊ သို႔မဟုတ္ ႏွေျမာသူ၊ သို႔မဟုတ္ အငွားယဥ္စီးသြားရေလာက္ေအာင္ အေရးႀကီးသည့္ ကိစၥတခုခု မရွိသူလည္းျဖစ္ပါသည္။

ဒုတိယေခါင္းစဥ္မွာ ဘက္စ္ကားျဖစ္သည္။ လူအမ်ားလိုက္ပါစီးနင္းလို႔ရေအာင္ တည္ေဆာက္ထုတ္လုပ္ထားသည္။ လူအမ်ားသြားလာလြယ္ကူေစရန္ စီစဥ္ေပးထားသည့္ လမ္းေၾကာင္းမ်ားအတိုင္း ေမာင္းႏွင္သြားလာသည္။ သတ္မွတ္ထားေသာ မွတ္တိုင္မ်ားတြင္ လူအတင္အခ်လုပ္သည္။ အနည္းဆုံးစရိတ္ျဖင့္ ခရီးတခုကို သြားႏိုင္ေအာင္ သင့္တင့္ေသာႏႈန္းထားတခုကို ယူသည္။ တေယာက္ကိုတေယာက္ မသိသူမ်ား အတူတကြ စီးနင္းၾကသည္။ လိုရာမွတ္တိုင္ေရာက္လ်င္ မည္သူ႔ကိုမွ် ႏႈတ္ဆက္ရန္မလိုပဲ ဖုတ္ဖက္ခါ ဆင္းသြားလို႔ရသည္။ တခ်ိဳ႕ဘက္စ္ကားက သစ္သည္။ တခ်ိဳ႕ဘက္စ္ကားက ေဟာင္းႏြမ္းစုတ္ျပတ္သည္။ တခ်ိဳ႕ဘက္စ္ကားက ေခ်ာင္ခ်ိသည္။ တခ်ိဳ႕ဘက္စ္ကားက ၾကပ္သိပ္ညပ္ေနသည္။ တခ်ိဳ႕ဘက္စကားက အႏၲရယ္ျဖစ္ေလာက္ေအာင္ အၾကမ္းပတမ္းေမာင္းသည္။ အျမန္ေမာင္းသည္။ တခ်ိဳ႕ဘက္စ္ကားက တေရးေလာက္ ေကာင္းေကာင္းေမွးႏိုင္ေလာက္ေအာင္ အိတြဲ႕ေလးဖင့္သည္။ အခု က်ေနာ္ေရးေနသည့္ ဘက္စ္ကားအေၾကာင္းလိုပင္ စိတ္ပ်က္ဖို႔ေကာင္းသည္။ သို႔ေသာ္ ခင္ဗ်ားတို႔လည္း ဘက္စ္ကားေစာင့္ဖူးသူမ်ား ျဖစ္ႏိုင္ပါသည္။

ေနာက္ဆုံးေခါင္းစဥ္ကေတာ့ ေစာင့္ေနသည္။ ေစာင့္ေနသည္ဆိုသည့္ ျပဳလုပ္ျခင္းကိရိယာသည္ က်ေနာ္ေျပာခဲ့သလို ဆန႔္က်င္ဘက္ အဓိပၸါယ္ေတြကိုလည္း ေပါက္ဖြားေစပါသည္။ ကံႏွင့္ကတၱားကို ေျပာင္းျပန္ျဖစ္သြားေစပါသည္။ ေစာင့္ေနသူသည္ မေရရာပါ။ ေစာင့္ေနသူသည္ ဘာမွမတတ္ႏိုင္ပါ။ လည္ကေလးတဆန႔္ဆန႔္ႏွင့္ ေစာင့္ေနရပါသည္။ သူ႔ကို တေယာက္ေယာက္က ခိုင္းထားသလို ဇြဲေကာင္းေကာင္းႏွင့္ ေစာင့္ေနပါသည္။ ဘက္စ္ကား မလာမွာကို စိုးရိမ္ပူပန္စြာ ေစာင့္ေနပါသည္။ ခ်ိန္းဆိုထားရာဆီ အခ်ိန္မီမေရာက္မွာကို ေၾကာင့္က်စြာ ေစာင့္ေနပါသည္။ ဘက္စ္ကားလာမွ ေစာင့္ေနျခင္းကိစၥ ၿပီးပါမည္။ ဘက္စ္ကားမလာမခ်င္း ေစာင့္ၾကရပါမည္။

ဆိုရလ်င္ က်ေနာ္ႏွင့္ ဘက္စကားေတြ႕သြားသည္ႏွင့္၊ က်ေနာ့္ေရွ႕မွာ ဘက္စ္ကား ရပ္လိုက္သည္ႏွင့္၊ ဘက္စ္ကားေပၚ က်ေနာ္တက္လိုက္သည္ႏွင့္ ေစာင့္ေနျခင္း ၿပီးဆုံးသြားပါသည္။ ေစာင့္ဖို႔ မလိုေတာ့ပါ။ ေစာင့္ေနသည္ဟု ေျပာရန္ မရွိေတာ့ပါ။ က်ေနာ္ႏွင့္ ဘက္စကားၾကားတြင္ ေစာင့္ေနသည္ဆိုသည့္ စကားလုံး မရွိေတာ့ပါ။ ဘက္စကားက ဆက္ေမာင္းသြားပါသည္။ က်ေနာ္က ကားေပၚမွာ ပါသြားပါသည္။ ဘက္စ္ကားကို က်ေနာ္စီးသြားပါသည္။ ဘက္စကားသည္ က်ေနာ္စီးတာကို ထိုအခ်ိန္က်မွ ခံရပါေတာ့သည္။ ထိုအခါ ကံႏွင့္ကတၱားသည္ ေနရာမွန္ ေရာက္သြားေလသည္။ သို႔ေသာ္ က်ေနာ္ ဘက္စ္စကားေစာင့္ခဲ့သည္ဟု ေျပာခ်င္မည္ဆိုလ်င္ေတာ့ ေျပာႏိုင္ပါေသးသည္။ စီးနင္းလိုက္ပါသြားမွေတာ့ ေစာင့္ခဲ့သည္ဆိုသည့္ အေၾကာင္းက အေရးမႀကီးေတာ့ဟု ယူဆခ်င္လည္း ယူဆပါ။ သိုေသာ္ ေနာက္တခါ ဘက္စ္စကားအေၾကာင္း ေျပာလ်င္ စဥ္းစားလ်င္၊ ဘက္စ္ကား စီးေတာ့မည္ ဆိုလ်င္ေတာ့ ေစာင့္သည္ဆိုေသာ စကားလုံးကို ေရွာင္ကြင္း၍ မရႏိုင္ပါ။ ဘက္စ္ကားဆိုတာ စီးမည္ဆို ေစာင့္ရပါသည္။

Special Credit: Hnin Khar Moe (Remembering and Refeaturing Myanmar Blogger's post)

Images credit to original owner


အဲဒီညနေက ကားမှတ်တိုင်မှာ

ကျနော် ဘက်စကား စောင့်နေသည်။ သည်ဝါကျမှာ အပိုင်းသုံးပိုင်းပါသည်။ ကျနော်..ဘက်စကား..စောင့်နေသည်။ ကျနော်သည် ပြုလုပ်သူဖြစ်သည်။ ဘာလုပ်သလဲ။ စောင့်နေသည်။ ဘာကိုစောင့်နေသလဲ။ ဘက်စ်ကားကို စောင့်နေသည်။ ဘက်စ်ကားသည် စောင့်နေခြင်း ခံရသူဖြစ်သည်။ ကျနော် ပြန်စဉ်းစားသည်။ ကျနော်က ပြုလုပ်သူဆိုလျင် အခြေအနေကို ဖန်တီးခွင့် ကျနော့်မှာ ရှိရပေမည်။ ကျနော်စောင့်နေလျင် ဘက်စ်ကားက လာကိုလာရမည်။ ဘက်စကားသည် ကျနော့်စေခိုင်းရာအတိုင်း လုပ်သူဖြစ်ရမည်။ သူက ပြုလုပ်ခံရသူဟု ဆိုထားသည် မဟုတ်လား။ မှတ်တိုင်မှာ ကျနော်ရပ်နေပုံကလည်း ဘက်စ်ကားကို လာကိုလာရမည်ဆိုသည့် ဟန်ပန်ဖြင့် စောင့်နေပုံမျိုးဖြစ်သည်။

အမှန်တကယ်ကျတော့ သည်လိုမဟုတ်ပါ။ ဘက်စ်ကားက ကျနော်စောင့်နေသည့်အတွက် လာမည်ဆိုသည့်သဘော မဟုတ်ပါ။ အကြောင်းတစုံတရာကြောင့် အချိန်အကြာကြီးကြာမှ လာချင်လာပါလိမ့်မည်။ ဒါမှမဟုတ် အကြောင်းတစုံတရာကြောင့် မလာပဲလည်း နေချင်နေပါလိမ့်မည်။ သေချာသည်မှာ ဘက်စ်ကားလာမှ ကျနော်သွားလိုရာကို သွားနိုင်မည်ဖြစ်သည်။ သည်ခရီးကို အခြားနည်းလမ်းများထက် ဘက်စ်ကား စီးသွားမှ ဖြစ်နိုင်သောကြောင့် ကျနော် ဘက်စ်ကားကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ကျနော်က စောင့်နေရသူ ဖြစ်ပါသည်။ စောင့်နေသောကြောင့် စောင့်သူ၊ ပြုလုပ်သူဟု ကျနော့်ကို သတ်မှတ်လျင် မမှန်နိုင်ပါ။ ကျနော်သည် စောင့်နေရုံမှအပ ဘာမှ မလုပ်နိုင်ပါ။

ကျနော်သွားချင်သော ခရီးသည်လည်း စောင့်နေရုံဖြင့် ရောက်မသွားနိုင်ပါ။ ထိုအခါ ဘက်စ်ကားသည် အရေးကြီးလာပါသည်။ ကျနော့်အတွက် အရေးကြီးလာပါသည်။ ဘက်စ်ကားသည် ကျနော်က စောင့်နေခြင်းကို ခံနေရပါသည်။ ထို့ကြောင့် ဘက်စ်ကားကို ပြုလုပ်ခံရသူဟု သတ်မှတ်လျင်လည်း မမှန်နိုင်ပါ။ သူက ကျနော်စောင့်နေသော်လည်း လာချင်လာမည်။ မလာချင်လည်း မလာပါ။ သူ့မှာ သူ့အကြောင်းနှင့်သူ ရှိနိုင်ပါသည်။ ထိုအကြောင်းကို ကျနော်က မသိနိုင်ပါ။ တစုံတရာလည်း မစွက်ဖက်နိုင်ပါ။ သေချာသည်မှာ ဘက်စ်ကားလာမှ ကျနော်သွားလိုရာ ခရီးကို ရောက်ပါလိမ့်မည်။ ထိုအခါ ဘက်စ်ကားသည် ကျနော့်အတွက် အရေးကြီးလာပါသည်။ သူသည် ကျနော့်ခရီးကို မြန်အောင် နှေးအောင်၊ ရောက်အောင် မရောက်အောင် ဖန်တီးနိုင်သူ ဖြစ်လာပါသည်။ ထိုအခါ သဒ္ဒါသဘောသည် မှားယွင်းသွားပါသည်။ ကျနော်သည် စောင့်နေသော်လည်း ပြုလုပ်ခံရသူ ဖြစ်သွားပါသည်။ ဘက်စ်ကားသည် စောင့်နေခြင်း ခံရသော်လည်း ပြုလုပ်သူဖြစ်သွားပါသည်။

စာကြောင်းတကြောင်းဖြစ်ရန် ပြုလုပ်သူ၊ ပြုလုပ်ခံရသူနှင့် ပြုလုပ်ခြင်းတို့ ရှိရမည်ဟု ဆိုပါသည်။ ပြုလုပ်ခံရသူ မပါသော စာကြောင်းများလည်း ရှိပါသည်။ သို့သော် ပြည့်စုံသော စာကြောင်းဟု ဆိုနိုင်မည်လား။ ဥပမာ ကျနော်စောင့်သည်ဟု ဆိုပါတော့။ ကျနော် ဘာကိုစောင့်သလဲ။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ အခွင့်အရေးကို စောင့်တာလား။ ပဲပြုတ်သည်ကို စောင့်တာလား။ ချစ်သူကို စောင့်တာလား။ အရက်ဆိုင် တံခါးအဖွင့်ကို စောင့်တာလား။ ဖြစ်နိုင်စရာတွေ အများကြီးရှိသည်။ သို့သော် ကျနော်က စောင့်နေသည်။ စောင့်နေသည်ဆိုသည့် စကားလုံးမှာ အစောင့်ခံတခု လိုနေသည်ကိုတွေ့ရသည်။ စားနေသည်။ ဖတ်နေသည်။ နမ်းနေသည်။ ရိုက်နေသည် စသည့်စကားလုံးတို့မှာလည်း အစားခံ၊ အဖတ်ခံ၊ အနမ်းခံ၊ အရိုက်ခံ အရာတခုခု လိုအပ်နေပါသည်။ သို့သော် ငိုနေသည်။ ရယ်နေသည်။ အိပ်နေသည်။ ထိုင်နေသည် စသည့်စကားတို့အတွက်တော့ ပြုလုပ်ခံတခုခု မလိုပါ။ တွေးရင်း နည်းနည်းလမ်းချော်သွားပါသည်။ ကျနော်သည် သဒ္ဒါဆရာ မဟုတ်ပါ။ ဘက်စ်ကားစောင့်နေသူတယောက်သာဖြစ်သည်။

ဘက်စ်ကားစောင့်ရင်း တခုခုမတွေးဖြစ်အောင် ငေးမောယူရလောက်သည့် မိန်းမတယောက်ယောက်လည်း မှတ်တိုင်တွင်မရှိပါ။ ဟိုပြောဒီပြော စကားစမြည်ပြောစရာ အဖော်တယောက်ယောက်လည်း မပါပါ။ ထိုအခါ ကျနော် ဆက်တွေးပါသည်။ ကျနော် ဘက်စ်ကား စောင့်နေသည်။ သည်မှာ ပြောစရာ ခေါင်းစဉ်သုံးခု တွေ့ပါသည်။ နံပတ်တစ် ခေါင်းစဉ်မှာ ကျနော်ဖြစ်သည်။ ကျနော်သည် ခရီးတခု သွားမည့်သူဖြစ်သည်။ ထိုခရီးသည် လမ်းလျောက်သွားရန် အတန်ဝေးသော ခရီးဖြစ်သည်။ ထိုအခါ ဘက်စ်ကားစီးသွားရန် ကားမှတ်တိုင်ကို ရောက်လာသူမှာ ကျနော်ဖြစ်သည်။ ကားမှတ်တိုင်ကို ဘက်စ်ကား စီးသွားရန် လာရခြင်းမှာ ကျနော့်မှာ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်၊ စက်ဘီး စသည့် ကိုယ်ပိုင်ယဉ်တခုခု၊ လမ်းလျောက်သွားခြင်းထက် ပိုမိုမြန်ဆန် သက်သာစေသော ကိရိယာပစ္စည်းတခုခု မရှိခြင်းကြောင့်ဖြစ်သည်။ ကျနော်သည် အများပြည်သူ ခရီးသွားလာလွယ်ကူစေရန် စီစဉ်ပေးထားသည့် ဘက်စ်ကားကိုစီးမှသာ မိမိလိုရာ သွားနိုင်မည့်သူဖြစ်ပါသည်။ နည်းနည်းဖြည့်ပြောရလျင် ဘက်စကားခပေးရန် ရှိသူလည်းဖြစ်သည်။ သို့သော် အငှားယဉ်စီးရန် ပိုက်ဆံမလုံလောက်သူ၊ သို့မဟုတ် နှမြောသူ၊ သို့မဟုတ် အငှားယဉ်စီးသွားရလောက်အောင် အရေးကြီးသည့် ကိစ္စတခုခု မရှိသူလည်းဖြစ်ပါသည်။

ဒုတိယခေါင်းစဉ်မှာ ဘက်စ်ကားဖြစ်သည်။ လူအများလိုက်ပါစီးနင်းလို့ရအောင် တည်ဆောက်ထုတ်လုပ်ထားသည်။ လူအများသွားလာလွယ်ကူစေရန် စီစဉ်ပေးထားသည့် လမ်းကြောင်းများအတိုင်း မောင်းနှင်သွားလာသည်။ သတ်မှတ်ထားသော မှတ်တိုင်များတွင် လူအတင်အချလုပ်သည်။ အနည်းဆုံးစရိတ်ဖြင့် ခရီးတခုကို သွားနိုင်အောင် သင့်တင့်သောနှုန်းထားတခုကို ယူသည်။ တယောက်ကိုတယောက် မသိသူများ အတူတကွ စီးနင်းကြသည်။ လိုရာမှတ်တိုင်ရောက်လျင် မည်သူ့ကိုမျှ နှုတ်ဆက်ရန်မလိုပဲ ဖုတ်ဖက်ခါ ဆင်းသွားလို့ရသည်။ တချို့ဘက်စ်ကားက သစ်သည်။ တချို့ဘက်စ်ကားက ဟောင်းနွမ်းစုတ်ပြတ်သည်။ တချို့ဘက်စ်ကားက ချောင်ချိသည်။ တချို့ဘက်စ်ကားက ကြပ်သိပ်ညပ်နေသည်။ တချို့ဘက်စကားက အန္တရယ်ဖြစ်လောက်အောင် အကြမ်းပတမ်းမောင်းသည်။ အမြန်မောင်းသည်။ တချို့ဘက်စ်ကားက တရေးလောက် ကောင်းကောင်းမှေးနိုင်လောက်အောင် အိတွဲ့လေးဖင့်သည်။ အခု ကျနော်ရေးနေသည့် ဘက်စ်ကားအကြောင်းလိုပင် စိတ်ပျက်ဖို့ကောင်းသည်။ သို့သော် ခင်ဗျားတို့လည်း ဘက်စ်ကားစောင့်ဖူးသူများ ဖြစ်နိုင်ပါသည်။

နောက်ဆုံးခေါင်းစဉ်ကတော့ စောင့်နေသည်။ စောင့်နေသည်ဆိုသည့် ပြုလုပ်ခြင်းကိရိယာသည် ကျနော်ပြောခဲ့သလို ဆန့်ကျင်ဘက် အဓိပ္ပါယ်တွေကိုလည်း ပေါက်ဖွားစေပါသည်။ ကံနှင့်ကတ္တားကို ပြောင်းပြန်ဖြစ်သွားစေပါသည်။ စောင့်နေသူသည် မရေရာပါ။ စောင့်နေသူသည် ဘာမှမတတ်နိုင်ပါ။ လည်ကလေးတဆန့်ဆန့်နှင့် စောင့်နေရပါသည်။ သူ့ကို တယောက်ယောက်က ခိုင်းထားသလို ဇွဲကောင်းကောင်းနှင့် စောင့်နေပါသည်။ ဘက်စ်ကား မလာမှာကို စိုးရိမ်ပူပန်စွာ စောင့်နေပါသည်။ ချိန်းဆိုထားရာဆီ အချိန်မီမရောက်မှာကို ကြောင့်ကျစွာ စောင့်နေပါသည်။ ဘက်စ်ကားလာမှ စောင့်နေခြင်းကိစ္စ ပြီးပါမည်။ ဘက်စ်ကားမလာမချင်း စောင့်ကြရပါမည်။

ဆိုရလျင် ကျနော်နှင့် ဘက်စကားတွေ့သွားသည်နှင့်၊ ကျနော့်ရှေ့မှာ ဘက်စ်ကား ရပ်လိုက်သည်နှင့်၊ ဘက်စ်ကားပေါ် ကျနော်တက်လိုက်သည်နှင့် စောင့်နေခြင်း ပြီးဆုံးသွားပါသည်။ စောင့်ဖို့ မလိုတော့ပါ။ စောင့်နေသည်ဟု ပြောရန် မရှိတော့ပါ။ ကျနော်နှင့် ဘက်စကားကြားတွင် စောင့်နေသည်ဆိုသည့် စကားလုံး မရှိတော့ပါ။ ဘက်စကားက ဆက်မောင်းသွားပါသည်။ ကျနော်က ကားပေါ်မှာ ပါသွားပါသည်။ ဘက်စ်ကားကို ကျနော်စီးသွားပါသည်။ ဘက်စကားသည် ကျနော်စီးတာကို ထိုအချိန်ကျမှ ခံရပါတော့သည်။ ထိုအခါ ကံနှင့်ကတ္တားသည် နေရာမှန် ရောက်သွားလေသည်။ သို့သော် ကျနော် ဘက်စ်စကားစောင့်ခဲ့သည်ဟု ပြောချင်မည်ဆိုလျင်တော့ ပြောနိုင်ပါသေးသည်။ စီးနင်းလိုက်ပါသွားမှတော့ စောင့်ခဲ့သည်ဆိုသည့် အကြောင်းက အရေးမကြီးတော့ဟု ယူဆချင်လည်း ယူဆပါ။ သိုသော် နောက်တခါ ဘက်စ်စကားအကြောင်း ပြောလျင် စဉ်းစားလျင်၊ ဘက်စ်ကား စီးတော့မည် ဆိုလျင်တော့ စောင့်သည်ဆိုသော စကားလုံးကို ရှောင်ကွင်း၍ မရနိုင်ပါ။ ဘက်စ်ကားဆိုတာ စီးမည်ဆို စောင့်ရပါသည်။

Special Credit: Hnin Khar Moe (Remembering and Refeaturing Myanmar Blogger's post)

Images credit to original owner

192 Views