Baby Face Ringworm ႏို႔ေပြး

မဂၤလာပါဆရာ။ က်ေနာ္သားက ၂လနဲ႔ ၂၄ရက္သားပါဆရာ။ ေဆာင္းတြင္းမို႔လားေတာ့မသိဘူးဆရာ။ ကေလးက အသားေတြ အရမ္းပတ္တယ္ဆရာ Baby mild double milk cream ေတာ့ လိမ္းေပးပါတယ္ဆရာ။ ဒါေပမဲ့ မသက္သာပါဘူးဆရာ။ ကေလးက အသားေတြယားလို႔လက္နဲ႔ပြတ္တာ မ်က္ႏွာေတြလဲရဲေနတာပါပဲ။ အဲဒါ ဘာေဆး လိမ္းရမလဲလမ္းညြန္ေပးပါဆရာ။

 

မဂၤလာပါဆရာ။ က်ေနာ္သားက ၂လနဲ႔ ၂၄ရက္သားပါဆရာ။ ေဆာင္းတြင္းမို႔လားေတာ့မသိဘူးဆရာ။ ကေလးက အသားေတြ အရမ္းပတ္တယ္ဆရာ Baby mild double milk cream ေတာ့ လိမ္းေပးပါတယ္ဆရာ။ ဒါေပမဲ့ မသက္သာပါဘူးဆရာ။ ကေလးက အသားေတြယားလို႔လက္နဲ႔ပြတ္တာ မ်က္ႏွာေတြလဲရဲေနတာပါပဲ။ အဲဒါ ဘာေဆး လိမ္းရမလဲလမ္းညြန္ေပးပါဆရာ။

ေဆးခန္းသြားရမယ္ဆိုလဲသြားပါမယ္။ ကေလးက အရမ္းငယ္ေနေတာ့ မလိုအပ္ပဲ ေဆးခန္းမသြားခ်င္လို႔ပါဆရာ။ ေက်းဇူးျပဳၿပီး အၾကံေလးေပးပါဦးဆရာ။ ကေလးပံုနဲ႔ လိမ္းတဲ့ cream ပံု ပို႔ေပးထားပါမယ္ဆရာ။

ကေလးငယ္ေတြ မ်က္ႏွာနဲ႔ ကိုယ္အေရျပားမွာ အသားပတ္တာ၊ နီရဲတာ၊ ေျခာက္ေသြ႔တာ ျဖစ္တတ္တယ္။ လိမ္းေဆးေတြ သတိထားရမယ္။ ကေလးသံုးလမ္းစရာ ေရြးရမယ္။ ေၾကာ္ျငာေကာင္းတိုင္းေတာ့ စိတ္မခ်ရပါ။ ျမန္မာျပည္မွာ ဘယ္ဟာေကာင္းသလဲ ကြ်န္ေတာ္က မညႊန္ႏိုင္ပါ။ ေဆာရီး။

ႏို႔ေပြးကို Ringworm fungus လို႔လည္းေခၚတယ္။ ႏို႔စို႔ရင္းထိစပ္တဲ့ ပါးေနရာမွာ နီရဲလာရင္ ႏို႔ေပြးျဖစ္ဖို႔ မ်ားတယ္။ မ်က္ႏွာမွာ မဟုတ္ဘဲ တျခားေနရာမွာျဖစ္ရင္ အိမ္ေမြးတိရစာၧန္ကေန ကူးလာတာျဖစ္ႏိုင္တယ္။ ေဆာ့တဲ့အရြယ္ဆိုရင္ ေျမၾကီးကေန ကူးလာတာလည္း ျဖစ္ႏိုင္တယ္။ ကစားစရာေတြကေနလည္း ကူးလာတတ္တယ္။

မွကၡရုနာျဖစ္တဲ့ပိုးနဲ႔ အတူဘဲ။ ႏို႔ေပြးက သူ႔အလိုလိုေပ်ာက္ပါတယ္။ မိခင္ႏို႔ကို ခါတိုင္းထက္ပိုျပီး သန္႔ေပးပါ။ သန္႔ရွင္းတယ္ ဆိုတာ ေရ + ဆပ္ျပာနဲ႔ သန္႔ျပီးရင္ ေျခာက္ေအာင္လုပ္ျပီးမွသာ အေပၚအဝတ္ဝတ္ပါ။ မိႈေတြက ပူေႏြးေလွာင္ေနတာကို ၾကိဳက္တယ္။ ကေလးငယ္မွာ အလိုလို ေပ်ာက္တာမ်ားတယ္။

ေပြးေသခ်ာရင္ Clotrimazole 1-2% နဲ႔ Miconazole 1-2% ေဆးအလြယ္ဝယ္လို႔ ရတယ္။ Ring Guard လိမ္းေဆးလည္း ရွိတယ္။ တေန႔ ၂ ၾကိမ္၊ ပါးပါးလိမ္းရတယ္။ အျမင္အရေပ်ာက္ျပီးေနာက္ တပါတ္ၾကာအထိလိမ္းပါ။ ေဆးလိမ္းေပးတဲ့ လက္ကို ေဆးပါ။ တခ်ိဳ႕ ၄ ပါတ္အထိၾကာတယ္။ စားေဆးမလိုေလာက္ပါ။ တကိုယ္ေရ သန္႔ရွင္းေရးနဲ႔ ပါတ္ဝန္းက်င္ သန္႔ရွင္းေရး ပိုလုပ္ပါ။ ေဆးလိမ္းရင္ မ်က္စိနဲ႔မျမင္ႏိုင္တဲ့ေနာက္ တပတ္ၾကာအထိ လိမ္းရတယ္။

ႏို႔ေပြးလို႔ပဲေခၚၾကတဲ့ Atopic eczema ဆိုတာက ႏွင္းခူနာတမ်ိဳးျဖစ္တယ္။ မကူးစက္ပါ။ မတည့္တာတခုခုကေန ျဖစ္ေစတယ္။ ဥပမာ ဆပ္ျပာ။ ဖုန္။ အဝတ္အစား။ တိရိစၧာန္အေမႊး။ စားစရာ။ ယားလို႔ ကေလးမအီမသာ ျဖစ္မယ္။ ကုတ္လို႔ ဘက္တီးရီးယားပိုးဝင္ႏိုင္တယ္။

ေပ်ာက္ေအာင္ ကု၍မရ။ ေဆာရီး။ ကေလးအသက္ ၅-၆ ႏွစ္တြင္ အလိုလို ေပ်ာက္သြားႏိုင္တယ္။ တခ်ိဳ႕က ႀကီးတဲ့အထိ မေပ်ာက္။ ေဆာရီး။

မတည့္တာသိရင္ ေရွာင္ပါ။ Moisturizer လိမ္းႏိုင္တယ္။ အလွဆီလိမ္းႏိုင္တယ္။ တခ်ိဳ႕ေတာ့ စတီရြိဳက္လိမ္းေဆ Hydrocortisone 1% တေန႔ ၂-၃ ႀကိမ္၊ ၁ပတ္လိမ္း၊ ၁ ပတ္နားလိမ္းရတယ္။ Beprosone 0.05% ကို ၃-၅ ရက္ ပါးပါး လိမ္းႏိုင္တယ္။ ပိုးဝင္လို႔ ခပ္ဝါဝါအဖတ္ျဖစ္တာအတြက္ Bactropam လိမ္းေဆး ၁ ေန႔ ၃ ႀကိမ္။

ေဒါက္တာတင့္ေဆြ
၁၄-၁-၂ဝ၁၈

 

(Unicode version)

မင်္ဂလာပါဆရာ။ ကျနော်သားက ၂လနဲ့ ၂၄ရက်သားပါဆရာ။ ဆောင်းတွင်းမို့လားတော့မသိဘူးဆရာ။ ကလေးက အသားတွေ အရမ်းပတ်တယ်ဆရာ Baby mild double milk cream တော့ လိမ်းပေးပါတယ်ဆရာ။ ဒါပေမဲ့ မသက်သာပါဘူးဆရာ။ ကလေးက အသားတွေယားလို့လက်နဲ့ပွတ်တာ မျက်နှာတွေလဲရဲနေတာပါပဲ။ အဲဒါ ဘာဆေး လိမ်းရမလဲလမ်းညွန်ပေးပါဆရာ။

ဆေးခန်းသွားရမယ်ဆိုလဲသွားပါမယ်။ ကလေးက အရမ်းငယ်နေတော့ မလိုအပ်ပဲ ဆေးခန်းမသွားချင်လို့ပါဆရာ။ ကျေးဇူးပြုပြီး အကြံလေးပေးပါဦးဆရာ။ ကလေးပုံနဲ့ လိမ်းတဲ့ cream ပုံ ပို့ပေးထားပါမယ်ဆရာ။

ကလေးငယ်တွေ မျက်နှာနဲ့ ကိုယ်အရေပြားမှာ အသားပတ်တာ၊ နီရဲတာ၊ ခြောက်သွေ့တာ ဖြစ်တတ်တယ်။ လိမ်းဆေးတွေ သတိထားရမယ်။ ကလေးသုံးလမ်းစရာ ရွေးရမယ်။ ကြော်ငြာကောင်းတိုင်းတော့ စိတ်မချရပါ။ မြန်မာပြည်မှာ ဘယ်ဟာကောင်းသလဲ ကျွန်တော်က မညွှန်နိုင်ပါ။ ဆောရီး။

နို့ပွေးကို Ringworm fungus လို့လည်းခေါ်တယ်။ နို့စို့ရင်းထိစပ်တဲ့ ပါးနေရာမှာ နီရဲလာရင် နို့ပွေးဖြစ်ဖို့ များတယ်။ မျက်နှာမှာ မဟုတ်ဘဲ တခြားနေရာမှာဖြစ်ရင် အိမ်မွေးတိရစ္ဆာန်ကနေ ကူးလာတာဖြစ်နိုင်တယ်။ ဆော့တဲ့အရွယ်ဆိုရင် မြေကြီးကနေ ကူးလာတာလည်း ဖြစ်နိုင်တယ်။ ကစားစရာတွေကနေလည်း ကူးလာတတ်တယ်။

မှက္ခရုနာဖြစ်တဲ့ပိုးနဲ့ အတူဘဲ။ နို့ပွေးက သူ့အလိုလိုပျောက်ပါတယ်။ မိခင်နို့ကို ခါတိုင်းထက်ပိုပြီး သန့်ပေးပါ။ သန့်ရှင်းတယ် ဆိုတာ ရေ + ဆပ်ပြာနဲ့ သန့်ပြီးရင် ခြောက်အောင်လုပ်ပြီးမှသာ အပေါ်အဝတ်ဝတ်ပါ။ မှိုတွေက ပူနွေးလှောင်နေတာကို ကြိုက်တယ်။ ကလေးငယ်မှာ အလိုလို ပျောက်တာများတယ်။

ပွေးသေချာရင် Clotrimazole 1-2% နဲ့ Miconazole 1-2% ဆေးအလွယ်ဝယ်လို့ ရတယ်။ Ring Guard လိမ်းဆေးလည်း ရှိတယ်။ တနေ့ ၂ ကြိမ်၊ ပါးပါးလိမ်းရတယ်။ အမြင်အရပျောက်ပြီးနောက် တပါတ်ကြာအထိလိမ်းပါ။ ဆေးလိမ်းပေးတဲ့ လက်ကို ဆေးပါ။ တချို့ ၄ ပါတ်အထိကြာတယ်။ စားဆေးမလိုလောက်ပါ။ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပါတ်ဝန်းကျင် သန့်ရှင်းရေး ပိုလုပ်ပါ။ ဆေးလိမ်းရင် မျက်စိနဲ့မမြင်နိုင်တဲ့နောက် တပတ်ကြာအထိ လိမ်းရတယ်။

နို့ပွေးလို့ပဲခေါ်ကြတဲ့ Atopic eczema ဆိုတာက နှင်းခူနာတမျိုးဖြစ်တယ်။ မကူးစက်ပါ။ မတည့်တာတခုခုကနေ ဖြစ်စေတယ်။ ဥပမာ ဆပ်ပြာ။ ဖုန်။ အဝတ်အစား။ တိရိစ္ဆာန်အမွှေး။ စားစရာ။ ယားလို့ ကလေးမအီမသာ ဖြစ်မယ်။ ကုတ်လို့ ဘက်တီးရီးယားပိုးဝင်နိုင်တယ်။

ပျောက်အောင် ကု၍မရ။ ဆောရီး။ ကလေးအသက် ၅-၆ နှစ်တွင် အလိုလို ပျောက်သွားနိုင်တယ်။ တချို့က ကြီးတဲ့အထိ မပျောက်။ ဆောရီး။

မတည့်တာသိရင် ရှောင်ပါ။ Moisturizer လိမ်းနိုင်တယ်။ အလှဆီလိမ်းနိုင်တယ်။ တချို့တော့ စတီရွိုက်လိမ်းဆေ Hydrocortisone 1% တနေ့ ၂-၃ ကြိမ်၊ ၁ပတ်လိမ်း၊ ၁ ပတ်နားလိမ်းရတယ်။ Beprosone 0.05% ကို ၃-၅ ရက် ပါးပါး လိမ်းနိုင်တယ်။ ပိုးဝင်လို့ ခပ်ဝါဝါအဖတ်ဖြစ်တာအတွက် Bactropam လိမ်းဆေး ၁ နေ့ ၃ ကြိမ်။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၈

Credit: Dr. Tint Swe #DrTintSwe


Baby Health

11 Blog posts

Comments