Body temperature ကိုယ်အပူချိန်

၁။ ဆရာ မင်္ဂလာပါရှင့် ကျမက မုံရွာကပါ သားသားလေးက ၈လပါ ခေါင်းပူနေတာဆရာ ကိုယ်ကတော့မပူပါဘူး အဖျားတိုင်းတာလ

Body temperature ကိုယ်အပူချိန်

၁။ ဆရာ မင်္ဂလာပါရှင့် ကျမက မုံရွာကပါ သားသားလေးက ၈လပါ ခေါင်းပူနေတာဆရာ ကိုယ်ကတော့မပူပါဘူး အဖျားတိုင်းတာလည်းသာမန်ပါ ရေမချိုးပေးပါဘူး ဘာလုပ်သင့်ရှင့် ခေါင်းပူနေဒီနေ့ရောဆို ၂ရက်ရှိပြီရှင့် ပါရာစီတမောတိုက်ပါတယ်ရှင့် အစာကတော့ ထမင်းနဲနဲနှင့်ကြက်ဥ ကျွေးပါတယ်ဆရာ

၂။ ကလေးကို ဂျိုင်းမှာတိုင်းတာလေ တချို့က +1 လုပ်ရတယ်။ တချို့က မလုပ်ရဘူးပြောတယ်။ ဘယ်ဟာအမှန်ပါလဲရှင့်။ ကလေးက ၃ နှစ် ၃ လပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ Google မှာဖတ်ကြည့်တော့လည်း နားမလည်လို့ပါ။ 99 F ရှိရင် 100 လို့ယူရတယ်လို့ ပြောလို့ပါ။

၃။ ကျွန်မသမီးလေး အသက် ၅ နှစ်ပါ။ ချိုင်းကိုတိုင်းပြီး တစ်ပေါင်းတာ အပူချိန်က normal ကိုတော့ မရောက်ပါဘူးရှင့်။ လျှာအောက်ကို ထည့်တိုင်းတော့ အပူချိန် ၁ဝဝ ပါ။ ဆရာဝန်ကို ကလေးဖျားလို့သွားပြတော့ ဆရာဝန်က ချိုင်းကိုတိုင်းပြီး  မပူပါဘူးလို့ပြောပါတယ်ရှင်။ ကလေးက အဆုတ်ရောင် အဆုပ်နည်းနည်းနာနေတယ်ဆိုပြီးဆေးပေးလိုက်ပါတယ်။ Course ကုန်အောင်တိုက်လို့မှ ကိုယ်ပူနေသေးရင် တီဘီ သွားစစ်ပါတဲ့ဆရာ။ အဲ့ဒါ ကျွန်မ အပူချိန် ခဏခဏတိုင်းတိုင်း ခုနကလိုပဲ ချိုင်းနဲ့ လျှာအောင်အပူချိန်က မတူလို့ ဘယ်ဟာကပိုမှန်မလဲ သိချင်ပါတယ်ဆရာ။

ဖျား မဖျားဆိုတာ အပူချိန်တိုင်းကြည့်လို့ ၉၈့၆ အက်ဖ်ထက်များမှသာ ဖျားတယ်လို့ခေါ်တယ်။ ရေချိုးတယ်ဆိုတာ နေ့တိုင်း (နေ့တိုင်းလိုလို) လုပ်ရတဲ့ တကိုယ်ရေသန့်ရှင်းရေးဖြစ်တယ်။ မျက်နှာသစ်သလိုသဘောသာဖြစ်တယ်။

Thermogram of Women and Men


ပုံမှန် ကိုယ်အပူချိန်တိုင်းနည်းများနှိုင်းယှဉ်ချက်
- ပါးစပ်ကတိုင်းခြင်း = 98.6°F (37°C)
- စအိုကတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုများတယ်။
- နာထဲကနေတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုများတယ်။
- ချိုင်းကနေတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုနည်းတယ်။
- နဖူးကနေတိုင်းခြင်း = ပါးစပ်ကတိုင်းတာထက် 0.5°F (0.3°C) to 1°F (0.6°C) ပိုနည်းတယ်။
- ကလေးငယ်တွေကို စအိုကတိုင်းတာက ပိုတိကျတာတွေ့ရတယ်။

ဆေးပညာအရသာ အဲလိုအတိအကျပြောပါတယ်။ လက်တွေ့မှာ အဲလောက်ထိ တိကျဖို့ မလိုတတ်ပါ။

Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း https://doctortintswe.blogspot.com/2016/07/fever-first-aid.html
Body temperature ကိုယ်အပူချိန် https://doctortintswe.blogspot.com/2016/07/body-temperature.html

ဒေါက်တာတင့်ဆွေ
၃-၈-၂ဝ၁၈
Credit: Dr. Tint Swe #TintSwe #DrTintSwe
Source: https://doctortintswe.blogspot.com/2018/08/body-temperature.html


Baby Health

11 博客 帖子

注释