Erectile Dysfunction Physiology

ပန်းသေ-ပန်းညှိုး ကို Erectile Dysfunction နဲ့ Impotence လို့လဲခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက

October 30, 2014
Erectile Dysfunction Physiology ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ

ပန်းသေ-ပန်းညှိုး ကို Erectile Dysfunction နဲ့ Impotence လို့လဲခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝ မဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လိင်အင်္ဂါ သန်မာမှုဆိုတာ (ဟိုက်ဒရောလစ်) တံခါးမျိုးလိုဘဲ လိင်တံထဲကို သွေးတွေ စီးဝင်လာရာကနေ ဖြစ်လာစေတယ်။

Erectile Dysfunction Physiology

လိင်အင်္ဂါသန်မာဘို့ရာ ဖြစ်စဉ် ၂ ခုရှိပါတယ်။
(၁) Reflex erection ဆိုတာ လိင်အင်္ဂါကို ထိကိုင်တဲ့အခါ တုံ့ပြန်မှု၊ Peripheral nerves အဖျားပိုင်းက အာရုံကြောတွေနဲ့ ခါးဆစ်ထဲက အာရုံကြောတွေကနေ လုပ်ပေးတယ်။ လိင်အင်္ဂါကို ထိကိုင်တာနဲ့ အာရုံကြောစနစ်ကြောင့် Nitric oxide (နိုက်ထရစ်အောက်ဆိုက်) တွေ ထွက်လာစေတယ်။ သူ့ကြောင့် လိင်တံထဲက Corpora cavernosa ထဲမှာရှိတဲ့ Smooth muscles အနုစားကြွက်သားတွေ Relaxation ပျော့ကျယ်လာစေမယ်။
(၂) Psychogenic erection စိတ်ပိုင်းကနေ လုပ်ပေးတာ။ Sexual arousal လိင်စိတ် ဖြစ်ပေါ်လာခြင်းကနေ အစပျိုးတယ်။

ကျား-အစိကနေလဲ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်း ကိုထုတ်ပေးတယ်။ ဒါ့အပြင် ဦးနှောက်ထဲမှာရှိတဲ့ (ပစ်ကျူထရီ) အိတ်ကလေးကလဲ သူ့အလုပ်သူ ကောင်းကောင်း လုပ်နိုင်ဘို့ လိုသေးတယ်။

ဒါ့ကြောင့် -
1. Hormonal deficiency ဟော်မုန်း နည်းနေရင်၊
2. Disorders of the neural system အာရုံကြော မကောင်းရင်၊
3. Lack of adequate penile blood supply သွေးပို့လွှတ်မှု မကောင်းရင် နဲ့
4. Psychological problems စိတ်အခြေအနေမှာ အားနည်းချက်ရှိရင် ပန်းညှိုး-ပန်းသေ ဖြစ်စေနိုင်တယ်။

ED ရောဂါဟာ တကမ္ဘာလုံးမှာ ဖြစ်ကြတာ များတယ်။ အသက် ၆ဝ ကျော်ရင် ၃၅% မှာ ပန်းသေ-ပန်းညှိုး ရှိနေကြတယ်။ ယောက်ျားတွေဟာ (Medications) ဆေးများများသောက်လေလေ Erectile Dysfunction (Impotence) ပန်းသေ-ပန်းညှိုးဖြစ်နိုင်ခြေ များလေလေဖြစ်တယ် လို့ Kaiser Permanente သုတေသီတွေကနေ British Journal of Urology International မှာ ထုတ်ဖေါ် ရေးသားလိုက်ပါတယ်။ ဖြစ်စေနိုင်တာသာမကဘူး ဖြစ်နေရင်လဲ ပိုဆိုးစေနိုင်ပါသေးတယ်။ California Men's Health Study ကနေ Diana C. Londoño က ဦးဆောင်ပြီး၊ ၄၆ နှစ်ကနေ ၆၈ နှစ်ကြားအရွယ်ရှိတဲ့ အတန်းအစားပေါင်းစုံက ယောက်ျားပေါင်း ၃၇၇၁၂ ယောက်ကို ဆန်းစစ်ခဲ့တာပါ။ ၂ဝဝ၂ ကနေ ၂ဝဝ၃ ကြားမှာ ဒီအရွယ်ရောက် ယောက်ျားတွေ သောက်ခဲ့တဲ့ ဆေးမှတ်တမ်းတွေကို စုဆောင်းပါတယ်။ အဓိကဆေး ၃ မျိုးဖြစ်ပါတယ်။

ဖြစ်စေနိုင်တဲ့ အကြောင်းခံတွေ အမျိုးမျိုးရှိတယ်။
အသက် ၆ဝ ကျော်သူတွေမှာ ၄ဝ ကျော်တွေထက် ၄ ဆ ပိုဖြစ်တယ်။ နှလုံးေ-သွးကြောရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ၊ သွေးတိုး၊ သွေးကြော မာ-ကျဉ်းရောဂါ၊ ဆေးလိပ်စွဲ၊ အရက်စွဲ၊ အားကုန်နေတာ၊ လူအဝလွန်တာ၊ ဟော်မုန်းနည်းတာ၊ (တက်စတိုစတီရုန်း) ဟော်မုန်း နည်းနေတာ၊ (အာဆင်းနိတ်) အဆိပ်သင့်တာ၊

ဆေးဝါးကြောင့်ဖြစ်တာတွေထဲမှာ (SSRIs) စိတ်ကျဆေးတွေ နဲ့ Nicotine (နီကိုတင်း) မူးယစ်ဆေးတွေက အများဆုံး ဖြစ်တယ်။ ခါးရိုးဆစ် ထိခိုက်တာ၊ ဦးနှောက်ထိခိုက်တာ၊ (ပါကင်ဆန်) ရောဂါ၊ (အယ်လ်ဇိုင်းမား) ရောဂါ၊ (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါ နဲ့ (စထုပ်ခ်) ရောဂါ၊ Peyronie's disease ရောဂါတွေ ရှိနေတာ။ အူမကြီး၊ ဆီးကျိတ်၊ ဆီးအိမ်၊ အစာဟောင်းအိမ်တွေမှာ ခွဲစိတ်တာ၊ ဓါတ်ကင်တာ၊ စိတ်အခြေခံတွေကတော့ လက်တွေ့စိုးရိမ်စိတ်၊ စိတ်ဖိအား များခြင်း၊ တကယ့်စိတ်ကျရောဂါ၊ (စကစ်ဇိုဖရီးနီးယား)၊ ဆေးစွဲခြင်း၊ (ပင်းနစ်) ထိန်းမနိုင်-သိမ်းမရ စိတ်ရောဂါ၊ အထွေထွေ စိတ်ကျခြင်း၊ (ပါဇင်နယ်လ်တီ) တကိုယ်ရေစိတ်ရောဂါ၊ အဆိုးမြင်စိတ်တွေ၊ ၂ဝဝ၂ သုတေသနတခုအရ စက်ဘီးစီးတာနဲ့လဲ ဆက်စပ်မှုရှိတယ်။ ၂ဝ၁၁ သုတေသနတခုအရ NSAIDs အကိုက်အခဲပျောက်ဆေးတွေကို တနေ့ ၃ ကြိမ်၊ ၃ လမက သောက်သူတွေဟာ ၂၂% ပိုဖြစ်တာ တွေ့ရတယ်။

ဆေးစစ်နည်းတွေ -
• Hypogonadism, Prolactinoma, Coronary artery disease and Peripheral vascular disease နဲ့ Diabetes ရောဂါတွေရှိ-မရှိ စစ်ရမယ်။
• Duplex ultrasound ရိုက်ရင် သွေးစီးလျှောက်မှုကို သိနိုင်တယ်။
• Penile nerves function စမ်းသပ်နည်း၊
• Nocturnal penile tumescence (NPT)
• ယောက်ျားတယောက်ဟာ အိပ်နေတုံး (REM) အဆင့်အတွင်းမှာ လိင်သန်မာမှု ၅-၆ ကြိမ်ဖြစ်တာ ပုံမှန်ပါ။ အဲလိုမဖြစ်ရင် Nerve function နဲ့ Blood supply တွေ ချို့ယွင်းနေမယ်။ Snap gauge နဲ့ Strain gauge ကရိယာတွေနဲ့ တိုင်းတာစစ်ဆေးနိုင်တယ်။
- Penile biothesiometry စမ်းသပ်နည်း၊
- Dynamic infusion cavernosometry (DICC) နည်း၊
- Corpus cavernosometry နည်း၊
- Magnetic resonance angiography (MRA) နည်း။

ဘာလို့ဖြစ်သလဲအပေါ် မူတည်ပြီး ကုသရတယ်။
• (အာဆင်းနိတ်) အဆိပ်သင့်သူတွေမှာ Potassium (ပိုတက်ဆီယန်) ဓါတ်ဆား နည်းနေတာကို ပြင်ပေးရတယ်။
• Alprostadil penis suppository ဆေးကို ဆီးသွားပြွန်ထဲ ထည့်ပေးရတယ်။
• Papaverine, Phentolamine, Prostaglandin E1 ဆေးကို လိင်အင်္ဂါမှာ ကိုယ့်ဖါသာ ထိုးရတယ်။ Alprostadil (Alprostadil, Caverject Impulse, Edex)
• Penile prosthesis လိင်အင်္ဂါအတု တပ်မယ်၊
• Penis pumps (Vacuum constriction device) (ပန့်ပ်) ကရိယာ သုံးမယ်၊ (ရေးထားပါတယ်)
• Vascular reconstructive surgery ခွဲစိတ်ကုသနည်။
• Testosterone replacement (တက်စတိုစတီရုန်း) ဟော်မုန်းပေးခြင်း၊
• Alprostadil (Vitaros) cream လိမ်းဆေးလဲ ကနေဒါမှာ ခွင့်ပြုချက် ရထားတယ်။

Testosterone (တက်စတိုစတီရုန်း) ဟော်မုန်းနည်းနေသူဟာ လိင်စိတ်လာတာ နည်းနေမယ်၊ နေမကောင်း ထိုင်မသာဖြစ်နေမယ်၊ စိတ်ဓါတ် ကျနေမယ်၊ အာရုံစိုက်ရတာ မှတ်သားရတာ အားနည်းနေမယ်၊ ကိုယ်ခန္ဓာလဲ ပိန်လှီနေမယ်၊ (ကိုလက်စထော) အလုပ်မမှန်ဖြစ်နေမယ်၊ သွေးအားနည်းနေမယ်၊ အရိုးအားနည်းနေမယ်၊ ကိုယ်မွှေးပေါက်တာ ပါးနေမယ်၊

(တက်စတိုစတီရုန်း) နည်း-မနည်း သွေးစစ်ရင်သိမယ်။ မနက်ခင်းမှာ စမ်းတာပိုကောင်းတယ်။ နည်းနေသူတွေကို
- Testosterone IM ၂-၃ ပါတ်တခါ ထိုးနိုင်တယ်။
- Testosterone patches ကပ်ခွါကပ်ထားနိုင်တယ်။ တနေ့တခါ ကပ်ရတယ်။ နေရာပြောင်းပြီးကပ်နိုင်တယ်။ သောက်ဆေး မရှိသေးပါ။ ရှိရင်လဲ အသဲကို ပိုထိခိုက်စေနိုင်တယ်။
- Testosterone ဆေးပေးရင် Prostate ဆီးကျိတ်ကိုကြီးစေတယ်။ Prostate cancer ဆီးကျိတ်-ကင်ဆာ ရှိရင် မသင့်ဘူး။

Testosterone ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ = အဆီပြန်မယ်၊ ဝက်ခြံပေါက်မယ်၊ ကိုယ်ရောင်မယ်၊ ရင်သားထွားမယ်၊ အိပ်ရေးပျက်မယ်၊ ကျား-အစေ့ သေးသွားနိုင်တယ်၊ ကိုလက်စထော အနည်း-အများပြောင်းမယ်၊ သွေးနီဥများမယ်၊ သုက်ပိုးနည်းစေပြီး ကလေးမရဖြစ်စေနိုင်တယ်၊

ရောဂါအခံတွေလဲမရှိ၊ ပြောခဲ့တာတွေကိုလဲ ပြင်လို့မှ မရသေးရင် Psychological counseling (Stress, Anxiety or Depression) စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူပါ။ သက်သာ-ကောင်းမွန်-ပျောက်ကင်းစေမှာ အမှန်ပါ။

ဆရာဝန်မလိုဘဲ ပျောက်ကင်းနိုင်တာတွေလဲ ရှိပါတယ်။
- လိင်ဆက်ဆံတာကို လိုတာထက်ပိုပြီး စိတ်လှုပ်ရှားနေတာ ပြင်ပါ။
- အလုပ်-မိသားစုအတွင်း စိတ်အခန့်မသင့် ဖြစ်နေတာ ပြင်ပါ။
- ကိုယ့်ဇနီး-မိန်ကလေးနဲ့ ဆက်ဆံရေး ကျဲနေတာ ပြင်ပါ။
- ကိုယ့်ကိုယ်ကို လိင်ကိစ္စမှာ ယုံကြည်မှု မနည်းသင့်ဘဲ နည်းနေတာ ပြင်ပါ။
- ကိုယ့်မိန်းကလေးဖေါ်ကနေ အနုတ်သဘော ပြောတာကို ပြောင်းစေပါ။ မေ့ထားလိုက်ပါ။
- လူနေမှုဘဝ ပုံစံပောင်းသင့်ရင် ပြောင်းပါ။ ဥပမာ Smoking ဆေးလိပ်၊ အရက်ဖြတ်ပါ၊ ကိုယ်အလေးချိန်လျှော့ချပါ၊ (အေရိုးဘစ်) လေ့ကျင့်ခန်းလုပ်တာ ပိုကောင်းစေမယ်။

တခြားနည်းတွေ ရှိပေမဲ့ FDA ကနေ အသိအမှတ်ပြုပေးမထားပါ။
- Acupuncture အပ်စိုက်နည်း၊
- Korean red ginseng (Panax ginseng) ကိုရီးယား (ဂျန်ဆင်း)၊
- Yohimbine (ယိုဟင်ဘီးန်)၊
- DHEA (dehydroepiandrosterone) (ဒီအိတ်ချ်အီးအေ)၊
- Ginkgo (ဂျင်ဂို)၊
- L-arginine (အယ်လ်-အာဂျနင်း)၊
- Herbal Viagra ဟာဘယ် ဗိုင်ယာဂရာ၊

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/erectile-dysfunction-physiology.html


Healthy Life

253 Blog posts

Comments