Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်၊ သုတေသနလုပ်ချိန် = အေ

October 25, 2014
Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်၊ သုတေသနလုပ်ချိန် = အောက်တိုဘာ ၂ဝဝ၆

Breast Cancer Treatment regimes

1. Ductal carcinoma in situ နို့ပြွန်လေးမှာသာ ကွက်ဖြစ်နေတဲ့ ရင်သား-ကင်ဆာ
Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
(a) Conservative surgery + Radiotherapy
Reduced risk of recurrence and invasive carcinoma with no evidence of an effect on survival

(b) Conservative surgery + Tamoxifen + Radiotherapy
Significantly reduces but found no significant difference in overall survival at about 6 years.

2. Breast cancer (Operable) ခွဲစိတ်နိုင်တဲ့အဆင့်ရှိတဲ့ ရင်သား-ကင်ဆာ
(a) Beneficial အကျိုးရှိနိုင်သည့် ကုသနည်း
- Adjuvant chemotherapy
- Adjuvant Tamoxifen
- Athracycline regime as adjuvant chemotherapy
- Breast conservative surgery
- Chemotherapy + Tamoxifen
- Ovarian ablation in premenopausal women
- Breast conservative surgery + Radiotherapy

(b) Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Neoadjuvant chemotherapy
- Mastectomy + Tadiotherapy
- Total nodal radiotherapy in high risk disease

(c) Trade-off မသုံးတော့တဲ့နည်း
- Axillary clearance
- Axillary radiotherapy
- Radiotherapy after mastectomy

(d) Unknown to be beneficial မသခြာတဲ့နည်း
- Radiotherapy to the internal mammary chain
- Radiotherapy to the ipsilateral supraclavicular fossa

(e) Unlikely to be beneficial အကျိုး မများလောက်တဲ့နည်း
- Enhanced dose regimes of adjuvant chemotherapy
Prolonged chemotherapy (8-12 months Vs 4-6 months)
Radical mastectomy

3. Locally advanced Breast cancer နေရာမှာကွက်ပြန့်နေတဲ့ ရင်သား-ကင်ဆာ
(a) Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Radiotherapy
- Radiotherapy after attempted curative surgery
- Surgery
- Tamoxifen + Radiotherapy

(b) Unlikely to be beneficial အကျိုး မများလောက်တဲ့နည်း
- Chemotherapy (Cyclophosphamide/Methotrexate/Fluorouracil or Anthracycline based regimes)

(B) Breast cancer (Metastatic) အဝေးကိုပြန့်နေပြီဖြစ်တဲ့ ရင်သား-ကင်ဆာ
1. Beneficial အကျိုးရှိနိုင်သည့် ကုသနည်း
(a) Chemotherapy ဆေးပေးကုသနည်း
- Anthracycline based regimes (CAF) containing Doxorubican as final line of treatment
- Classical combination chemotherapy (CMF)
- First line chemotherapy + Monoclonal antibody (in women with over-expressed HER2 neu Oncogene)

(b) Hormone treatment ဟော်မုန်းပေးကုသနည်း
- Selected Aromatase inhibitors as first line hormonal treatment in postmenopausal women
- Selected Aromatase inhibitors as second line hormonal treatment in postmenopausal women
- Tamoxifen as first line treatment in Oestrogen receptor positive disease

(c) Radiotherapy ဓါတ်ကင်နည်း
- Radiotherapy + appropriate analgesia
- Radiotherapy for spinal cord compression
- Radiotherapy + high dose steroids in spinal cord compression

2. Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Bisphosphonates for bone metastasis
- Combined Gonadorelin analogues + Tamoxifen as first line treatment in premenopausal wpmen
- New cytotoxic drugs in Anthracycline resistant diseases such as Taxanes and smisynthetic vinca alkaloids as second line treatment
- Radiotherapy to control cerebral and choroidal metastases

3. Trade-off မသုံးတော့တဲ့နည်း
- Ovarian ablation as first line treatment in premenopausal women Vs Tamoxifan
- Progestin as first line treatment Vs Tamoxafen, beneficial in women with bone pain and anorexia

2-11-2011 Breast Cancer Survival Improves By Switching Drugs
Wednesday, 02 November 2011 15:56
ရင်သား-ကင်ဆာ ဆေးကုသနည်းသစ်

Clinical Oncology ဆေးပညာ ဂျာနယ်ထဲမှာ Intergroup Exemestane Study's (IES) ရဲ့ ထုတ်ချက်အရ breast cancer ရင်သား-ကင်ဆာကြောင့် Tamoxifen ဆေးကို ၂-၃ နှစ် ပေးပြီးတဲ့နောက်မှာ Exemestane ခေါ်တဲ့ Aromatase inhibitor ဆေးကို ပြောင်းရင် သေဆုံးရတဲ့ဦးရေကို သိသိသာသာ လျှော့စေနိုင်တယ်လို့ ပါရှိပါတယ်။

ရင်သား-ကင်ဆာထဲက Estrogen receptor-positive ဟော်မုန်းဓါတ်ကိုသက်ရောက်မှုရှိတဲ့ အမျိုးအစားကို စောစောသိသူတွေကို ခွဲစိတ်ပြီးတဲ့နောက်မှာ Tamoxifen ဆေးကို ၅ နှစ်ကြာပေးနေတာက ကနေ့ စံအနေနဲ့ သတ်မှတ်သုံးစွဲနေတာ ဖြစ်ပါတယ်။ Recurrence နောင်ပြန်မဖြစ်အောင် လုပ်တာပါ။ သေဆုံးမှုနှုန်း ၃၄% လျှောနည်းတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ အမျိုးသမီးတွေကို Aromatase inhibitors ဆေးကို အစေပေးဆေး အနေဲ့ဖြစ်ဖြစ်၊ နောက်ပေးဆေးအနေနဲ့ဖြစ်ဖြစ် ပြောင်းပေးနေပါတယ်။

Intergroup Exemestane Study ရယ် Institute of Cancer Research's Clinical Trials Statistics Unit ရယ် Imperial College London's Clinical Trials Unit (Cancer) ရယ် ပူးပေါင်းပြီး ရေရှည်အကျိုးဖြစ်တာကို ၃၇ နိုင်ငံမှာ ၁၉၉၈ ကတည်းက လေ့လာနေခဲ့ပါတယ်။ Tamoxifen ဆေးကို ၂-၃ နှစ်ပေးပြီး၊ Exemestane ဆေးကို စုစုပေါင်း ၅ နှစ်ပြည့်အောင် ပေးနည်း ဖြစ်ပါတယ်။ Pfizer Inc. ကနေ ငွေကြေးထောက်ပံတဲ့ သုတေသန ဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် ထုတ်ပြန်ချက်အရ အဲလို ဆေးတမျိုးထဲကနေ နောက်တမျိုးကို ပြောင်းပေးခဲ့သူ၊ နောက်ပြီး ရောဂါလဲ ၂-၃ နှစ်အထိ ရောဂါ ပြန်မဖြစ်သူတွေ ဖြစ်တဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သေဆုံးမှုနှုန်း နည်းတာသိရတယ်။ ဒါပေမဲ့ ဒီလိုကောင်းတဲ့ အလားအလာဟာ နောက်မှာလဲ ဆက်ကောင်းနေ-မနေတော့ စောင့်ကြည့်ရပါအုံးမယ်။

လေ့လာမှုပြုသူတွေထဲမှာ ဟော်မုန်း သက်ရောက်မှုရှိတဲ့ ကင်ဆာ လူနာပေါင်း ၄ဝ၅၂ ယောက်နဲ့၊ တခြားအမျိုးအစား ကင်ဆာ လူနာပေါင်း ၅၄၇ ယောက်တို့ ပါဝင်ခဲ့ပါတယ်။ သူတို့ကို ၉၁ လအကြာမှာ ပြန်လေ့လာခဲ့တယ်။ ဆေးပြောင်းသူတွေမှာ ဆေးတမျိုးထဲသာ ပေးသူတွေထက် ကင်ဆာ ပြန်ဖြစ်နှုန်း ၁၈% နည်းပြီး၊ သေဆုံးမှုမှာ ၁၄% လျှော့နည်းတာ တွေ့ရတယ်။ ဆေးသစ်ရဲ့ ဘေးထွက်-ဆိုးကျိုးတွေထဲမှာ ကြွက်သား-အရိုး နဲ့ ဆိုင်တာတွေ များပြီး၊ မီးယပ်နဲ့ဆိုင်တာတွေ နည်းတယ်။ ခြုံကြည့်ရင်တော့ သိပ်မကွာပါ။

ICR's Clinical Trials Statistics Unit ဒါရိုက်တာ Professor Judith Bliss ကနေပြောတာက "တိုးတက်မှုတွေ့ရတာက တကယ်ဖြစ်တယ်။ ဆေးပါတ်လည်တဲ့နောက်မှာ ၅ နှစ်အထိ သိသာတာဖြစ်တယ်။ အခုလို အသင့်အတင့်သာ ပိုကောင်းပေမဲ့ ကောင်းတာက တာရှည်သဘောဖြစ်တာမို့ ဒီတွေ့ရှိချက်ဟာ သွေးဆုံးပြီး ဝေဒနာသည် အမျိုးသမီးတွေအတွက် ကြိုဆိုဘို့ ကောင်းတဲ့ သတင်းပါတယ်။"

Division of Cancer at Imperial College London အကြီးအကဲ Professor Charles Coombes ပြောတာက "လေ့လာမှု ပြုကာစတုံးက ကျွန်တော်တို့မှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဆိုတာလဲ အသေအခြာမပြောနိုင်ခဲ့ဘူး။ ကောင်းတာနဲ့ ဆိုးတာ ဘယ်ဟာက သာမလဲဆိုတာပါ မပြောနိုင်ခဲ့ပါ။ အခုတော့ ပြောနိုင်ပါပြီ။ အမျိုးသမီးတွေအတွက် ပိုကောင်းသလို ဘေးထွက်-ဆိုးကျိုးတွေဖြစ်တဲ့ Deep vein thrombosis အတွင်းပိုင်းနေ သွေးပြန်ကြောထဲ သွေးခဲတာ နဲ့ Uterine cancer သားအိမ်-ကင်ဆာ ဖြစ်တာတွေ နည်းစေတာပါ သိလာပါပြီ။"

(ယူကေ) မှာ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးပေါင်း ၄၈ဝဝဝ ယောက်မှာ ရင်သား-ကင်ဆာ ဖြစ်နေတာ တွေ့နေရပါတယ်။ ၇၅% လောက်ဟာ estrogen receptor positive tumor (အီစထိုဂျင်) ဟော်မုန်း နဲ့ ဆက်နွယ်နေတဲ့ အမျိုးအစားဖြစ်ကြတယ်။ Tamoxifen ရော Exemestane ရောဟာ ဒီလို အမျိုးအစား ကင်ဆာအတွက်သုံးရတဲ့ဆေးတွေပါ။ tamoxifen ဆေဒဟာ ကင်ဆာ အကျိတ်ကို (အီစထိုဂျင်) အသုံးမချစေအောင် လုပ်ပေးတယ်။ aromatase ဆေးကတော့ ကိုယ်ကနေ (အီစထိုဂျင်) တွေ ထွက်မလာစေအောင် လုပ်ပေးတယ်။

သုတေသနလုပ်သူတွေ ယူဆတာက တချို့ကင်ဆာ (ဆဲလ်) တွေက Tamoxifen ဆေးကို ခံနိုင်ရည်ရှိလာနိုင်တယ်။ Exemestane ဆေးကနေ အဲလို ခံနိုင်ရည်ရှိသွားတဲ့ (ဆဲလ်) တွေကို သတ်ပြစ်မယ်။ (အီစထိုဂျင်) တွေ သွေးထဲကနေ ဖယ်ရှားပေးတာမို့ အဲလို လုပ်စေနိုင်တာ ဖြစ်မယ်။

UK မှာရှိတဲ့ Cancer Research ကင်ဆာသုတေသန သတင်းပြန်ကြား ဒါရိုက်တာ Dr Lesley Walker ပြောတာက "ဒီရလဒ်တွေအရ Exemestane ဆေးဟာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရင်သား-ကင်ဆာ ကုသဘို့အတွက် အပိုတန်ဘိုးရှိပါတယ်။ Tamoxifen ဆေးပြီးသူတွေအတွက်လဲ ရှောင်ရှားနိုင်တယ်။ ဆေးကုသမှုကို တိုးတက်စေပြီး၊ အမျိုးသမီးတွေကို သေနှုန်းနည်းစေတယ်။

Aromatase inhibitors ဖြစ်တဲ့ Exemestane လိုဆေးဟာ ရင်သား-ကင်ဆာ ကုထုံးကို ပိုမိုကောင်းစေတယ်။ ရင်သား-ကင်ဆာ ကာကွယ်ရေးအတွက် အားတက်စရာ ဖြစ်ပါတယ်။"

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/breast-cancer-treatment-regimes.html


Healthy Life

253 Blog posts

Comments