Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)

• I'm Not Pregnant သွေးဆင်းရင် ကိုယ်ဝန်မရှိဘူးပေါ့။
ကံသေကမ္မ ပြောမရသေးပါ။ ရာသီသွေး ဟုတ်ပါရဲ့လား။ Early pregnancy ကိုယ်ဝ

October 24, 2014
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)

Menstruation (1)

• I'm Not Pregnant သွေးဆင်းရင် ကိုယ်ဝန်မရှိဘူးပေါ့။
ကံသေကမ္မ ပြောမရသေးပါ။ ရာသီသွေး ဟုတ်ပါရဲ့လား။ Early pregnancy ကိုယ်ဝန်ရှိစမှာလဲ သွေးဆင်းတတ်တယ်။ Morning sickness ကိုယ်ဝန်ရှိစလက္ခဏာတွေ ရှိသလား သတိထားပါ။ Urine pregnancy test သေခြာအောင် ဆီးစစ်ပါ။ Miscarriage ကိုယ်ဝန်ပျက်လို့လဲ ဆင်းတယ် မဟုတ်လား။ Ovulation မျိုးဥ ထွက်တော့လဲ နဲနဲဆင်းတတ်တယ်။ ဒါဆိုရင် ကိုယ်ဝန် မဟုတ်ဘူး။ ရာသီသွေးလဲ မဟုတ်ဘူး။

• Skip a Period ရာသီမလာတာ ဘာလို့လဲရှင့်
မပူပါနဲ့။ ရာသီ မမှန်တာ မကြာခဏ ဖြစ်တတ်ပါတယ်။ အပျိုဖြစ်စ ၅-၇ နှစ်အတွင်းမှာ ပိုဖြစ်တတ်တယ်။ ကိုယ်ဝန်ကို အရင် စဉ်းစားရမှာတော့ သေခြာတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်များတာ၊ ပိန်လွန်းတာ၊ လေ့ကျင့်ခန်း-အားကစား လုပ်တာများရင်၊ ကျန်းမာရေး မကောင်းတာ စတဲ့အချက်တွေကနေလဲ ရာသီကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ ရာသီတလ ဆိုတာ ၂၈ ကနေ ၃၅ ရက်အထိ ကြာတတ်တယ်။ ဒိထက်ကျော်နေရင် ဆရာဝန်ပြပါ။

• Tampons ရာသီလာတုံးသုံးတဲ့ (တင်မ်ပွန်) ကြောင့် ဘာဖြစ်နိုင်ပါသလဲ
ရာသီလာလို့ ဆင်းတာတွေကို စုပ်ယူစေဘို့ အရင်ကတော့ (ပက်) ခေါ်တဲ့ အခုအခံကို သုံးတယ်။ အခုလဲ အများစုက သုံးပါတယ်။ နောက်ပိုင်းမှာ ဗဂျိုင်းနားထဲကို ထည့်သွင်းထားရတဲ့ (ကော်တွန်) နဲ့လုပ်ထားတဲ့ (တင်မ်ပွန်) ခေါ်တဲ့ ပစ္စည်းလေးကို သုံးလာကြတယ်။ (တင်မ်ပွန်) ကြောင့် Toxic Shock Syndrome (TSS) ဆိုတာဖြစ်ရင်တော့ အရေးကြီးတယ်။ ဗက်တီးရီးယားဝင်လို့ အသက်ကိုပါ ရန်ရှာနိုင်တယ်။ ဖြစ်တာ အလွန်ကိုရှားပါးပါတယ်။ ကိုယ်ပူလာ၊ ချမ်းလာမယ်၊ ဗိုက်အောက်ပိုင်း နာလာမယ်ဆိုရင် ဆရာဝန်ပြပါ။ အနီပြင်လဲ ထွက်နိုင်တယ်။ ဗဂျိုင်းနားထဲ ကြာကြာမထားပါနဲ့ အသစ်လဲပေးပါ။

• Tampon Sizes (တင်မ်ပွန်) အရွယ်အစား
Junior အငယ်၊ Regular ပုံမှန်၊ Super အကြီး နဲ့ Super plus မဟာအကြီးစားတွေ ရှိပါတယ်။ ပျမ်းမျှအရွယ်တခုကနေ သွေး-အရည် လဘက်ရည်တဇွန်းစာ စုပ်ယူနိုင်တယ်။ တခုကို ၄-၆ နာရီတခါ လဲပေးသင့်တယ်။ ညအချိန်အိပ်ချိန်မှာ (ပက်) ကို ပိုသုံးတာကောင်းတယ်။ TSS မဖြစ်စေနိုင်ဘူး။

• Too Heavy ရာသီဆင်းတာများရင်
တလမှာ ဆင်းတာ လဘက်ရည်ဇွန်း ၄-၁၂ အထိရှိနိုင်တယ်။ တနေ့မှာ Pad, Minipad (ပက်) ဖြစ်ဖြစ် (တင်မ်ပွန်) ၁ဝ ခုမက သုံးရတယ် ဆိုရင်၊ တနာရီတခါ လဲပေးနေရရင်တော့ ဆရာဝန်ပြပါ။

• How Long တခါလာ ဘယ်လောက်ကြာသလဲ
အများစု အမျိုးသမီးတွေ ရာသီတခါလာရင် ၃-၅ ရက်ကြာတယ်။ ၂-၇ ရက်အထိလဲ မစိုးရိမ်ပါနဲ့။ ဒါထက်ကြာရင် ဆရာဝန်ပြပါ။ သွေးဆင်း များရင်တော့ Anemia သွေးအားနည်းစေတတ်လို့ သံဓါတ်ဆေး နဲ့ အစားအစာ အပိုလုပ်ပါ။

• Pregnant During Period ရာသီလာနေတုံး အတူနေရင် ကိုယ်ဝန်မရဘူး မဟုတ်လား။
ရာနှုန်းပြည့်တော့ မရဘူးမပြောနိုင်သေးပါ။ ကိုယ်ဝန်ဆိုတာ မျိုးဥထွက်တာနဲ့သာဆိုင်တယ်။ ရာသီလာတာနဲ့ မဆိုင်ဘူး။ မျိုးဥက ရာသီမလာခင်ကလေး ထွက်ထားရင် ကိုယ်ဝန်ရချင် ရနိုင်တယ်။ တနေ့ကဘဲ မိန်းကလေးတယောက်က မေးသေးတယ်။ ရာသီရက်ထဲမှာ အကာကွယ်မပါဘဲ အတူနေမိလို့ ဆီးစစ်တော့ အပေါင်းပြနေသတဲ့။

• Cramps ရာသီလာရင် ဗိုက်နာတာ ဘာလုပ်ရမလဲ
Acetaminophen (Paracetamol), Ibuprofen, or Naproxen ဆေးတမျိုးမျိုးသောက်ပါ။ ဟော်မုန်းပါ ကိုယ်ဝန်တားဆေး သောက်ရင်လဲ သက်သာတယ်။ ရေနွေးအိတ်ကပ်ပါ။ ရေနွေးနဲ့ ရေချိုးပါ။

• Bloating ဗိုက်ကယ်-လေပွရင်ကော
အောက်ပိုင်းက ဝတ်ရတာ နဲနဲကြပ်လာမယ်။ ဒီအချိန်မှာ ရေက ခါတိုင်းထက်ပိုအောင်းတတ်လို့ဖြစ်တယ်။ အစားအသောက် ဆင်ခြင်ပါ။ အသီးအနှံ၊ အသီးအရွက်ပိုစားပေးပါ။ အငန်လျှော့စာပါ။

• PMS Symptoms ရာသီမလာခင်ဖြစ်ချင်တာတွေ
အနည်းနဲ့ အများခံစားရတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အငန်လျှော့စား၊ ကော်ဖီလျှော့သောက်၊ စိတ်မူပြောင်းတတ်သူက သတိထားဆင်ခြင်နေထိုင်ပါ။ လိုအပ်ရင် ဆရာဝန်ပြပါ။ Vitamin E, Calcium နဲ့ Magnesium ဆေးတွေ ပေးတတ်တယ်။

• Junk Food ဆိုင်မှာ အလွယ်ဝယ်ရတဲ့အစားတွေ၊
ခေတ်ပေါ်အစားအစာတွေ ရှောင်ပါ။ အိုက်စခရင်မ်၊ ချောကလက်၊ အာလူးကျော် သကြား၊ အဆီ၊ ကျော်တာတွေ မသင့်ပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/menstruation-1.html


Healthy Life

253 Blog posts

Comments