Pregnancy and x-ray at airport ကိုယ်ဝန်ဆောင်နဲ့ လေဆိပ်ဓါတ်မှန်

1. Thandar Myo ရွှေတိဂုံဘုရားသွားဖူးရင်တော့ လုံခြုံရေးအတွက် ထားတဲ့ X ray စက်ထဲ ကိုယ်ဝန်ဆောင်ကိုလည်း ဖြတ်ခိုင်းတယ

October 21, 2014
Pregnancy and x-ray at airport ကိုယ်ဝန်ဆောင်နဲ့ လေဆိပ်ဓါတ်မှန်

Pregnancy and x-ray at airport

1. Thandar Myo ရွှေတိဂုံဘုရားသွားဖူးရင်တော့ လုံခြုံရေးအတွက် ထားတဲ့ X ray စက်ထဲ ကိုယ်ဝန်ဆောင်ကိုလည်း ဖြတ်ခိုင်းတယ်။ Super market တွေကတော့ မဖြတ်ခိုင်းဘူး။ ဘုရား ခဏခဏ သွားဖူးဖို့တောင် ခပ်လန့်လန့်ရယ်။
2. ဆရာ ကျနော်တစ်ခုလောက်မေးချင်လို့ပါ။ ကျနော်အမျိုးသမီးကအခုကိုယ်ဝန် (၇) လရှိပါပြီ။ ပထမဦးဆုံး ကိုယ်ဝန်ပါ။ မြန်မာပြည်ကို ပြန်ပြီးမွေးဖွားရမှာဖြစ်ပါတယ်။ အဲဒါ ယခုပြန်လျှင်လေဆိပ်မှာ X-Ray ဖြတ်၍ ပြန်ရမှာဆိုတော့ X-Ray က ကလေးကို ထိခိုက်နိုင်ပါသလားဆရာ။ နောက်ပြီး အခြားကာကွယ်မှုတွေ လုပ်သွားဖို့ လိုအပ်ပါသလားဆရာ။

· မစိုးရိမ်ပါနဲ့။ လေဆိပ်သုံးလူကိုစစ်ဆေးတဲ့ကိရိယာက ဓါတ်ရောင်ခြည်နည်းနည်းလေးသာသုံးပါတယ်။
· လူဖြတ်လျှောက်ရတဲ့ Metal detectors မှာတော့ Low-frequency electromagnetic field လျှပ်စစ်-သံလိုက်ဖြစ်တယ်။ အဲဒါကတော့ X-rays ဓါတ်မှန်မဟုတ်ပါ။
· Luggage X-ray machines ‘လပ်ဂေ့’ ကိုစစ်တာမှာတော့ ဓါတ်မှန်သုံးတယ်။
· အမေရိကန်လေဆိပ်တွေမှာတော့ ကိရိယာသစ်သုံးတယ်။ တခုကို backscatter machine ခေါ်တယ်။ low-level X-rays ဓါတ်မှန်အပျော့စားပါတယ်။ အန္တရာယ်မရှိပါဘူးလို့ Transportation Safety Administration (TSA) အာဏာပိုင်တွေက ဆိုပါတယ်။ ရင်ပတ်ဓါတ်မှန်ထက် ၁ဝဝဝ ပုံ ၁ ပုံသာသုံးတယ်လို့ဆိုပါတယ်။ ဒါဟာ high-altitude flight အမြင့်မှာ ပျံသန်းရတာ ၂ မိနစ်စာနဲ့ ညီပါသတဲ့။
· နောက်တခု Millimeter wave machine ကတော့ Electromagnetic waves လျှပ်စစ်-သံလိုက်လှိုင်းသုံးတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/pregnancy-and-x-ray-at-airport.html


Healthy Life

253 Blog posts

Comments