Ebola virus disease (အီဗိုလာ) ဗိုင်းရပ်စ်ရောဂါ

• (အီဗိုလာ) ဗိုင်းရပ်စ်ရောဂါ ကို အရင်က Ebola haemorrhagic fever (အီဗိုလာ) သွေးလွန်ရောဂါလို့ခေါ်ခဲ့တယ်။ ကပ်ရောဂါလိုဖြစ်လာ

October 17, 2014
Ebola virus disease (အီဗိုလာ) ဗိုင်းရပ်စ်ရောဂါ

Ebola virus disease

• (အီဗိုလာ) ဗိုင်းရပ်စ်ရောဂါ ကို အရင်က Ebola haemorrhagic fever (အီဗိုလာ) သွေးလွန်ရောဂါလို့ခေါ်ခဲ့တယ်။ ကပ်ရောဂါလိုဖြစ်လာရင် သေပျောက်နှုန်း ၉ဝ% အထိရှိနိုင်တယ်။
• ဗဟိုနဲ့ အနောက်အာဖရိက အစွန်အဖျား ကျေးရွာတွေမှာ အဓိကဖြစ်နေတယ်။ ဆူဒန် နဲ့ ကွန်ဂိုမှာ ၁၉၇၆ တုံးက စတွေ့တယ်။ ကွန်ဂိုမှာရှိတဲ့ Ebola River အီဗိုလာမြစ်နာမည်ကိုယူပြီး ဒီရောဂါနာမည်ပေးထားတာဖြစ်တယ်။
• တောတိရစ္ဆာန်တွေကနေ လူကိုကူးစက်တယ်။ လူလူချင်းကူးစက်တယ်။
• အီဗိုလာပိုးဟာ အသီးလင်းနို့တွေထဲမှာနေကြတယ်။ ရောဂါဖြစ်လာရင် အထူးကုသမှုခံယူရမယ်။ ဒါပေမဲ့ အကောင်းဆုံး ဆေးကုသနည်းရယ်လို့ မပေါ်သေးပါ။ ကာကွယ်ဆေး တရားဝင်မပေါ်သေးပါ။
• ပိုးရှိနေတဲအကောင်တွေရဲ့ သွေး၊ ကိုယ်ထဲကအရည်၊ အညစ်အကြေးတွေကနေတဆင့် ကူးစက်တယ်။ လူနာရဲ့လက်ကိုပါးစပ်မှာငုံမိတာနဲ့လဲကူးနိုင်တယ်။ လိင်ကနေလဲကူးတယ်။ ချွေးကနေလဲကူးနိုင်တယ်။ ခြင်ကနေမကူးပါ။ ပိုးဝင်ခံရရင် ၂၁ ရက်အထိနေမှ ခံစားရတယ်။ ရောဂါရှာနေတုံးမှာ သေဆုံးနိုင်တယ်။
• ရုတ်ရက်ဖျားမယ်။ အားယုတ်မယ်။ ကြွက်သားတွေနာမယ်။ ခေါင်းကိုက်မယ်။ လည်ချောင်းနာမယ်။ အန်မယ်။ ဝမ်းပျက်မယ်။ အနီပြင်တွေထွက်မယ်။ ကိုယ်တွင်းထဲသွေးယိုမယ်။ ကျောက်ကပ်နဲ့ အသဲအလုပ်တွေထိခိုက်မယ်။
1. antibody-capture enzyme-linked immunosorbent assay (ELISA)
2. antigen detection tests
3. serum neutralization test
4. reverse transcriptase polymerase chain reaction (RT-PCR) assay
5. electron microscopy
6. virus isolation by cell culture စမ်းသပ်နည်းတွေလုပ်ရတယ်။
• ကွန်ဂို၊ ယူဂန်ဒါ၊ ဆူဒန်၊ တောင်အာဖရိ၊ ကုတ်တီဗွား၊ ဂါဘွန်နိုင်ငံတွေမှာဖြစ်တယ်။ အာရှတိုက်ကို ရောက်မလာသေးပါ။
ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၄
http://www.bbc.com/news/world-africa-26835233
Credit Source: https://doctortintswe.blogspot.com/2014/10/ebola-virus-disease.html


Healthy Life

253 Blog Postagens

Comentários