Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ

ဟားဗတ်' တက္ကသိုလ် ဆရာဝန်တစုကနေ ဆီးချိုရောဂါ အမျိုးအစား (၁) ကိုကုသနိုင်ဘို့ရာ 'စတမ်ဆဲလ်' တွေကိုသုံးပ

October 17, 2014
Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ

Diabetes type 1 cure

'ဟားဗတ်' တက္ကသိုလ် ဆရာဝန်တစုကနေ ဆီးချိုရောဂါ အမျိုးအစား (၁) ကိုကုသနိုင်ဘို့ရာ 'စတမ်ဆဲလ်' တွေကိုသုံးပြီး စမ်းသပ်နေပါတယ်။ ဓါတ်ခွဲခန်းထဲမှာဘဲ 'ဆဲလ်' တွေ သိန်းသန်းများစွာကို ဖြစ်လာစေတယ်။ ကြွက်တွေကို အရင်စမ်းနေပါတယ်။ ဆီးချိုအမျိုးအစား (၁) ဆိုတာ ရောဂါခံနိုင်ရည်စနစ်ချို့ယွင်းလို့ဖြစ်ရတယ်။ သွေးထဲက သကြားဓါတ်ကိုထိန်းပေးနေတဲ့ 'ဆဲလ်' တွေ ပျက်စီးတယ်။ သကြားဓါတ်ကိုထိန်းပေးမဲ့ 'အင်စူလင်' ဟော်မုန်းကို ထုတ်မပေးတော့တာမို့ ဆီးချိုဖြစ်စေတယ်။လူတွေအများဆုံးဖြစ်တဲ့ ဆီးချို အမျိုးအစား (၂) ကတော့ ဖြစ်ရတာမတူပါ။ လူနေမှုပုံစံကနေဆက်ဖြစ်တယ်။
အစားအစာထဲမှာပါတဲ့ သကြားဓါတ်ကို ပုံမှန်သာရှိနေအောင်ထိန်းဘို့ သရက်ရွက်ထဲက 'ဘီတာဆဲလ်' တွေကနေ လုပ်ပေးတာ ဖြစ်တယ်။ တကယ်လို့ ကိုယ့်ရောဂါပြီးစနစ်ကနေ အဲဒီ 'ဘီတာဆဲလ်' တွေကို ဖျက်လိုက်ရင် ဆီးချိုရောဂါ ရစေပါတော့တယ်။
ဆရာဝန်တွေကနေ ပျက်စီးသွားတဲ့ 'ဘီတာဆဲလ်' သန်း ၁၅ဝ လောက်ကို ဓါတ်ခွဲခန်းထဲမှာ သန္ဓေသား 'စတမ်ဆဲလ်' ကနေ လုပ်ယူပြီး ဆီးချိုအမျိုးအစား (၁) ကိုကုသဘို့ ရည်ရွယ်ပါတယ်။ 'ဆဲလ်' တွေကနေ 'အင်စူလင်' ထုတ်ပေးနိုင်ပြီဆိုရင် သကြားဓါတ်ကို ထိန်ပေးပါလိမ့်မယ်။
လုပ်စရာအဆင့်တွေ အများကြီးတော့ကျန်ပါသေးတယ်။ အောင်မြင်မှုတွေအရ ဆီးချိုအမျိုးအစား (၁) ကိုပျောက်စဘို့ အားရစရာကောင်းတဲ့ခြေလှမ်းလို့ ယူဆနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၄
Credit Source: https://doctortintswe.blogspot.com/2014/10/diabetes-type-1-cure.html


Healthy Life

253 ब्लॉग पदों

टिप्पणियाँ