October 17, 2014
CT coronary angiogram နှလုံးသွားသွေးကြောများ CT ရိုက်ခြင်း
CT coronary angiogram နှလုံးသွားသွေးကြောများ CT ရိုက်ခြင်း အစဉ်အလာ နှလုံးသွားသွေးကြောတွေ စစ်ဆေးနည်း Coronary angiogram မှာ 'ကသီတာ' ပြွန်လေးကိုသုံးပေမဲ့ ဒီနည်းမှာ မသုံးပါ။ အားကောင်းတဲ့ ဓါတ်မှန်ကိုသုံးပါတယ်။ နှလုံးရောဂါအတော်များများကို စစ်ဆေးပေးနိုင်လို့ အသုံးများလာပါတယ်။ နည်းဟောင်းရော နည်းသစ်ပါ ဓါတ်ရောင်ခြည်ကိုသုံးရပါတယ်။ နည်းသစ်ကိုတော့ ရင်ပတ်အတင်းနာတဲ့အခါ Coronary artery disease ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းတာ ဟုတ်-မဟုတ်ကို စစ်ဆေးဘို့သုံးပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ အသင့်အတင့်ရှိသူတွေအတွက် နည်းသစ်ကပိုသင့်ပါတယ်။ နှလုံးသွားသွေးကြောရောဂါရှိမှန်း သိနေသူတွေအတွက်တော့ အစဉ်အလာသုံးနည်းက သင့်မြတ်ပါတယ်။ Coronary angiogram မှာ ပေါင်ခြံကသွေးလွှတ်ကြောထဲကနေ ပြွန်သေးသေးလေးထည့်မယ်။ နှလုံးအထိသွားစေမယ်။ ပြီးရင် ဆိုးဆေးထိုးပေးမယ်။ ဓါတ်မှန်ပုံရိုက်ယူမယ်။ သွေးလွှတ်ကြော ပိတ်နေတာရှိရင် မြင်ရမယ်။ တခါတည်း Angioplasty နည်းနဲ့ ပိတ်နေတာကို ပြုပြင်ပေးမယ်။ CT angiogram မှာ ပြွန်ငယ်ထည့်စရာမလိုဘဲ ဆိုးဆေးကို (IV) ရိုးရိုးအကြောဆေးထိုးသလိုထိုးပေးမယ် ပိတ်နေတာတွေ့ရင်တော့ အရင်နည်းသုံးပြီး ကုသပေးရပါလိမ့်မယ်။ CT angiogram နဲ့တူတဲ့ Coronary calcium scan ဆိုတာလဲရှိတယ်။ နှလုံးသွားသွေးလွှတ်ကြောထဲက 'ကယ်လ်စီယမ်' ကို တိုင်းတာတာဖြစ်တယ်။ ဆိုးဆေးမလိုပါ။ ဒီရောဂါနဲ့ဆက်စပ်နေတဲ့ လက္ခဏာတခုဖြစ်တယ်။ မရိုက်ခင်မှာ ရေသောက်နိုင်တယ်။ 'ကေဖင်း' ပါတာမသောက်ရင်ကောင်းတယ်။ အဝတ်အစားတွေ ခါးအထိချွတ်ပေးရမယ်။ Beta-Blockers (ဘီတာ ဘလော့ကာ) ဆေးပေးထားမယ်။ 'စတန်' ရိုက်ရတာက ၅ စက္ကန့်သာကြာပေမဲ့ နှလုံးခုန်နှေးလာအောင် စောင့်ရတာမို့ တစ်နာရီလောက်အချိန်ယူနိုင်တယ်။ နှလုံးခုန်နေတာကို မှတ်တမ်းယူဘို့ ရင်ပတ်မှာ Electrodes 'အီလက်ထရုတ်' ဝိုင်ယာကြိုးစလေးတွေလာကပ်မယ်။ ဓါတ်မှန်စက်ကနေ နှလုံးပုံကို ဒေါင့်အမျိုးမျိုးကနေ ရိုက်ယူနေမယ်။ မျက်စိနဲ့တော့မမြင်ရပါ။ အသက်ရှူအောင့်ထားဘို့ ခိုင်းနိုင်တယ်။ လှုတ်ရှားမှုကြောင့် ပုံဝါးမှာစိုးလို့ဖြစ်တယ်။ နည်းနှစ်မျိုးလုံးမှာ သုံးရတဲ့ ဓါတ်ရောင်ခြည်ကြောင့် ကင်ဆာဖြစ်နိုင်ချေ ထူးမများပါ။ ကိုယ်ဝန်ဆောင်တွေတော့ အထဲကကလေးကို စိုးရိမ်ရလို့ မရိုက်ပါ။ ဒေါက်တာတင့်ဆွေ ၁၁-၁ဝ-၂ဝ၁၄
အစဉ်အလာ နှလုံးသွားသွေးကြောတွေ စစ်ဆေးနည်း Coronary angiogram မှာ 'ကသီတာ' ပြွန်လေးကိုသုံးပေမဲ့ ဒီနည်းမှာ မသုံးပါ။ အားကောင်းတဲ့ ဓါတ်မှန်ကိုသုံးပါတယ်။ နှလုံးရောဂါအတော်များများကို စစ်ဆေးပေးနိုင်လို့ အသုံးများလာပါတယ်။ နည်းဟောင်းရော နည်းသစ်ပါ ဓါတ်ရောင်ခြည်ကိုသုံးရပါတယ်။ နည်းသစ်ကိုတော့ ရင်ပတ်အတင်းနာတဲ့အခါ Coronary artery disease ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းတာ ဟုတ်-မဟုတ်ကို စစ်ဆေးဘို့သုံးပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ အသင့်အတင့်ရှိသူတွေအတွက် နည်းသစ်ကပိုသင့်ပါတယ်။ နှလုံးသွားသွေးကြောရောဂါရှိမှန်း သိနေသူတွေအတွက်တော့ အစဉ်အလာသုံးနည်းက သင့်မြတ်ပါတယ်။
Coronary angiogram မှာ ပေါင်ခြံကသွေးလွှတ်ကြောထဲကနေ ပြွန်သေးသေးလေးထည့်မယ်။ နှလုံးအထိသွားစေမယ်။ ပြီးရင် ဆိုးဆေးထိုးပေးမယ်။ ဓါတ်မှန်ပုံရိုက်ယူမယ်။ သွေးလွှတ်ကြော ပိတ်နေတာရှိရင် မြင်ရမယ်။ တခါတည်း Angioplasty နည်းနဲ့ ပိတ်နေတာကို ပြုပြင်ပေးမယ်။
CT angiogram မှာ ပြွန်ငယ်ထည့်စရာမလိုဘဲ ဆိုးဆေးကို (IV) ရိုးရိုးအကြောဆေးထိုးသလိုထိုးပေးမယ် ပိတ်နေတာတွေ့ရင်တော့ အရင်နည်းသုံးပြီး ကုသပေးရပါလိမ့်မယ်။
CT angiogram နဲ့တူတဲ့ Coronary calcium scan ဆိုတာလဲရှိတယ်။ နှလုံးသွားသွေးလွှတ်ကြောထဲက 'ကယ်လ်စီယမ်' ကို တိုင်းတာတာဖြစ်တယ်။ ဆိုးဆေးမလိုပါ။ ဒီရောဂါနဲ့ဆက်စပ်နေတဲ့ လက္ခဏာတခုဖြစ်တယ်။
မရိုက်ခင်မှာ ရေသောက်နိုင်တယ်။ 'ကေဖင်း' ပါတာမသောက်ရင်ကောင်းတယ်။ အဝတ်အစားတွေ ခါးအထိချွတ်ပေးရမယ်။ Beta-Blockers (ဘီတာ ဘလော့ကာ) ဆေးပေးထားမယ်။ 'စတန်' ရိုက်ရတာက ၅ စက္ကန့်သာကြာပေမဲ့ နှလုံးခုန်နှေးလာအောင် စောင့်ရတာမို့ တစ်နာရီလောက်အချိန်ယူနိုင်တယ်။ နှလုံးခုန်နေတာကို မှတ်တမ်းယူဘို့ ရင်ပတ်မှာ Electrodes 'အီလက်ထရုတ်' ဝိုင်ယာကြိုးစလေးတွေလာကပ်မယ်။ ဓါတ်မှန်စက်ကနေ နှလုံးပုံကို ဒေါင့်အမျိုးမျိုးကနေ ရိုက်ယူနေမယ်။ မျက်စိနဲ့တော့မမြင်ရပါ။ အသက်ရှူအောင့်ထားဘို့ ခိုင်းနိုင်တယ်။ လှုတ်ရှားမှုကြောင့် ပုံဝါးမှာစိုးလို့ဖြစ်တယ်။
နည်းနှစ်မျိုးလုံးမှာ သုံးရတဲ့ ဓါတ်ရောင်ခြည်ကြောင့် ကင်ဆာဖြစ်နိုင်ချေ ထူးမများပါ။ ကိုယ်ဝန်ဆောင်တွေတော့ အထဲကကလေးကို စိုးရိမ်ရလို့ မရိုက်ပါ။
ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၄
Credit Source: https://doctortintswe.blogspot.com/2014/10/ct-coronary-angiogram-ct.html