Bleeding Peptic Ulcer အစာအိမ်နာ သွေးယိုခြင်း

ဆရာရေ message ရေးတာမရလို့ ဒီကနေရေးပြီးမေးတာပါ။ အစာအိမ်သွေးယိုတာ ဘယ်သူတွေမှာ အဓိကဖြစ်တာလဲဗျာ။ နောက်ပါးစပ်မှ

November 25, 2014
Bleeding Peptic Ulcer အစာအိမ်နာ သွေးယိုခြင်း

Bleeding Peptic Ulcer

ဆရာရေ message ရေးတာမရလို့ ဒီကနေရေးပြီးမေးတာပါ။ အစာအိမ်သွေးယိုတာ ဘယ်သူတွေမှာ အဓိကဖြစ်တာလဲဗျာ။ နောက်ပါးစပ်မှအန်ပဲ၊ ဝမ်းမှာပြတဲ့သူမှာ သွေးယိုပြီးဆိုတာနဲ့ ဘယ်လိုလက္ခဏာတွေပြလဲသိချင်ပါတယ်ဆရာ။

• ဒီစာမှာ အစာအိမ်ကနေသွေးယိုနေတာအတွက်သာ ရေးပါမယ်။
• အစကတည်းက အစာအိမ်လေနာရှိမှန်သိသူကနေ သွေးယိုလို့ အရေးပေါ်ဆေးရုံလာသူရှိသလို့ သွေးယိုမှ ဆေးရုံရောက်လာသူတွေလဲရှိတယ်။
• ရင်ပူူတာ၊ ဗိုက်အောင့်တာ။ အစာမကျေတာမျိုးရှိနေခဲ့နိုင်တယ်။ အလုပ်ပင်ပန်းပြီးနောက် ခေါင်းထဲပေါ့နေသလို နေမယ်။ ရုတ်ရက်ပအထိမှာ မူးမယ်။ အားကုန်သလိုဖြစ်မယ်။
• အကိုက်အခဲပျောက်ဆေး aspirin or ibuprofen သောက်ပြီးနောက်ဆက်ဖြစ်တာလဲရှိတယ်။
• ဗိုက်နေရာကို နှိပ်ကြည့်ရင်နာမယ်။ ဝမ်းကိုစစ်ရင် သွေးနီဥတွေ့မယ်။ (CBC) သွေးစစ်ရင် သွေးအားနည်းနေမယ်။
• သွေးဖိအား BP နည်းမေယ်။ အသားအရေ ဖြူရော်ရော်ဖြစ်နေမယ်။ အားမရှိသလိုနေမယ်။ ရေငတ်မယ်။
• အနာနေရာက ရောင်လာလို့ အောက်မှာသွေးကြောကိုပေါက်စေလို့ သွေးယိုတာဖြစ်တယ်။ သွေးအန်နိုင်တယ်။
• ကော်ဖီရောင်အန်မယ်။ အောက်ဆက်တင်းရင် အဲဒီသွေကို အစာချက်သလိုလုပ်ရာကနေ ဝမ်းအဆင့် ရောက်ချိန်မှာ မဲနက်နေတော့မယ်။ သွေးအနီရောင်ပါတာက အစာအိမ်ကနေလာတာမဟုတ်ပါ။ black အနက် tarry stools ကတ္တရာစေးရောင်လို့ခေါ်တယ်။
• အရေးကြီးတယ်။ အရေးပေါ်ဖြစ်တယ်။ ချက်ချင်းဆေးကုရမယ်။ ဆေးရုံတင်မယ်။ သွေးသွင်းရနိုင်တယ်။
• အခြေခံစစ်ဆေးတာတွေလုပ်မယ်။ အဆင့်မြင့်စစ်ဆေးတာတွေလုပ်မယ်။ သွေးတိတ်အောင်လုပ်မယ်။
• Endoscopy အစာလမ်းထဲကိရိယာတည့်ပြီး သွေးတိတ်အောင် ဆေးထိုးမယ်။ လေဆာသုံးနိုင်တယ်။ လျှပ်စစ်သုံးနိုင်မယ်။ ကလစ်နဲ့ညှပ်နိုင်တယ်။
• မရသေးရင် Angiography နည်းနဲ့ဆေးထိုးမယ်။
• ဘာလို့သွေးယိုသလဲကိုစစ်ဆေးပြီး ထပ်မဖြစ်အောင်လုပ်ရမယ်။ H. pylori ပိုးဆိုရင် Antibiotics ပိုးသေဆေးပေးမယ်။
• ranitidine (Zantac), omeprazole (Prilosec, Zegerid) နဲ့ lansoprazole (Prevacid, Prevacid SoluTab) ဆေးတွေကနေ အစာခြေရည်ထွက်တာကို နည်းစေမယ်။
• Antacids အက်စစ်ပျယ်ဆေးတွေလိုမယ်။
• Colitis အူရောင်တာအတွက် Anti-inflammatory drugs ဆေးပေးမယ်။
• Polyps ရှိနေရင် Surgery ခွဲစိတ်ကုသမယ်။
• Aspirin, ibuprofen ဆေးတွေ၊ အရက်နဲ့ ဆေးလိပ်တွေအားလုံးရှောင်ရမယ်။

ဒေါက်တာတင့်တွေ
Credit Source: https://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer_25.html


Healthy Life

253 Blog posts

Comments