Nipple discharge နို့ကနေ နို့မဟုတ်တာ ထွက်ရင်

ရာသီသွေးလည်းပုံမှန်လာပါတယ်ဆရာ။ ဒါပေမယ့ ်ညာဘက်ရင်သားကနေ နို့ရည်ကြည်ထွက်တယ်ဆရာ။ အဲဒါ ကိုယ်ဝန်ရှိတာ ဖြစ

November 25, 2014
Nipple discharge နို့ကနေ နို့မဟုတ်တာ ထွက်ရင်

Nipple discharge

ရာသီသွေးလည်းပုံမှန်လာပါတယ်ဆရာ။ ဒါပေမယ့ ်ညာဘက်ရင်သားကနေ နို့ရည်ကြည်ထွက်တယ်ဆရာ။ အဲဒါ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်လားဆရာ။ ကျေးဇူးပြုပြီး ဒီမေးကို အဖြေလေးပို့ပေးပါနော်။

နို့သီးထိပ်ဖျားကနေ တခုခုထွက်တာဟာ များသောအားဖြင့် ရောဂါမဟုတ်ပါ။ ဒါပေမဲ့ ရင်သားအတွက် ဆရာဝန်ဆီကို လာပြသူတွေထဲမှာ ရင်သား-အကျိတ်နဲ့ ရင်သား-နာတာပြီးရင် တတိယ အများဆုံး ဖြစ်တယ်။ ဆယ်ကျော်သက် ယောက်ျားလေး၊ မိန်းကလေးတွေမှာလဲ အရွယ်ရောက်ချိန်မှာ ဖြစ်နိုင်သေးတယ်။ ကိုယ်ဝန်မဆောင်တဲ့ မိန်းကလေးတွေ၊ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတွေမှာ နို့ကနေ အရည်တခုခုထွက်တာ စိုးရိမ်စရာ မရှိတတ်ဘူး။ ဆရာဝန်ကိုတော့ တိုင်ပင်သင့်တယ်။ ယောက်ျားတွေမှာ ဖြစ်ရင် ဘယ်အရွယ်ဖြစ်ဖြစ် ဆေးစစ်ရမယ်။

နို့ကနေ အရည် ထွက်တာဟာ တဖက်ထဲကနေရော နှစ်ဖက်လုံးကပါဖြစ်စေနိုင်တယ်။ အလိုလိုထွက်တာနဲ့ ညှစ်ကြည့်မှ ထွက်တာ ဖြစ်နိုင်တယ်။ ရေလို၊ နဲနဲပျစ်ပျစ်၊ အတော်ပျစ်ပျစ်၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ အလိုလိုလဲ ပျောက်သွားနိုင်တယ်။ အသက် ၄ဝ ကျော်မှ ထွက်ရင်၊ ရင်သားထဲမှာ အကျိတ်လဲရှိနေရင်၊ သွေးပါနေရင်၊ တဖက်ထဲက သတ်သတ်မှတ်မှတ် ထွက်နေရင် ဆေးစစ်ပါ။

နို့ကနေထွက်တဲ့ အရည်အမျိုးအစားတွေ
- အများဆုံးဖြစ်တတ်တဲ့ ခပ်နောက်နောက် အဖြူရည် Galactorrhea ဆိုတာကြောင့် ဖြစ်နိုင်တယ်။
- အဖြူရောင်အရည်ကြည်ဟာ Pregnancy ကိုယ်ဝန်ဆောင်ချိန်မယ် ထွက်တယ်။
- သွေးပါတဲ့ အနီရောင်ဟာ ပိုးဝင်တာ၊ Intraductal papillomas နို့ပြွန်ရောဂါနဲ့ Breast cancer နို့ကင်ဆာတွေကြောင့် ဖြစ်မယ်။
- ဖြူဝါဝါ၊ အဝါ နဲ့ ခပ်စိမ်းစိမ်းဟာ ပိုးဝင်လို့ထွက်တဲ့ ပြည် ဖြစ်တယ်။

ဖြစ်နိုင်ခြေရှိတဲ့ ရောဂါမှန်သမျှရေးချရရင် -
၁။ Abscess ပြည်တည်နာ၊
၂။ Breast cancer နို့ကင်ဆာ၊
၃။ Breast infection ရောဂါပိုးဝင်တာ၊
၄။ Excessive breast stimulation နို့ကို နိုးဆွမှုလုပ်တာ များတာ၊
၅။ Fibroadenoma (ဖိုင်ဘရို-အဒီနိုးမား) ကင်ဆာ မဟုတ်တဲ့ နို့အကျိတ်၊
၆။ Fibrocystic breasts (ဖိုင်ဘရို-ဆစ်စတစ်) ရောဂါ၊
၇။ Ductal carcinoma in situ (DCIS) နို့ထွက်ပြွန်ထဲမှာသာရှိတဲ့ ကင်ဆာ၊
၈။ Galactorrhea (ဂလက်တိုးရီးယား) ရောဂါ၊
၉။ Hormone imbalance ဟော်မုန်း အချိုးအစား ပြောင်လဲတာ၊
၁ဝ။ Injury or trauma to the breast ထိခိုက်ဒဏ်ရာရတာ၊
၁၁။ Intraductal papilloma နို့ထွက်ပြွန်ထဲ ကင်ဆာ မဟုတ်တဲ့ (ပက်ပလိုမား) ရောဂါ၊
၁၂။ Mammary duct ectasia (အတက်ဆီးယား) နို့ပြွန်ရောဂါ၊ Thyroid disorder လည်ပင်းကြီးနဲ့ ံပတ်သက်တယ်။
၁၃။ Medication ဆေးဝါးတွေကြောင့်ဖြစ်တာ၊
၁၄။ Paget's disease of the breast (ပေးကျက်စ်) ရောဂါ၊
၁၅။ Pregnancy ကိုယ်ဝန်၊
၁၆။ Prolactinoma (ပရိုလက်တီနိုးမား) ရောဂါ တွေ ဖြစ်တယ်။

ဆေးတွေကြောင့် နို့က တခုခုထွက်နိုင်တယ်။
- Antidepressants စိတ်ကျလို့ သောက်ရတဲ့ Monoamine oxidase inhibitors (MAOIs) နဲ့ Selective serotonin reuptake inhibitors SSRI’s ဆေးတွေ။ ဥပမာ citalopram (Celexa), fluoxetine (Prozac), paroxetine (Paxil), and sertraline (Zoloft); နဲ့ tricyclics တွေကြောင့်လဲ ဖြစ်နိုင်တယ်။
- Anxiolytics အိပ်ဆေး၊
- Alprazolam (Xanax), Buspirone (BuSpar) စိတ်ရောဂါဆေး၊ Atenolol (Tenormin), Methyldopa (Aldomet), Reserpine (Serpasil), Verapamil (Calan) သွေးကျဆေး၊ Phenothiazines (Thorazine, Compazine) စိတ်ရောဂါဆေး၊
- Cimetidine (Tagamet), Famotidine (Pepcid), Ranitidine (Zantac) လေနာရောဂါဆေး၊
- Estrogen + Medroxyprogesterone acetate (Prempro, Premphase) ဟော်မုန်းဆေး၊ Contraceptives ကိုယ်ဝန်တား စားဆေး-ထိုးဆေးတွေ၊
- တိုင်းရင်းဆေးတွေ = Anise, Blessed thistle, Fennel, Fenugreek, Marshmallow, Nettle, Raspberry, Red clover
- Cannabis (Marijuana), Opiates မူးယစ်ဆေးတွေ

နို့ကနေ အရည်တခုခုထွက်တာဟာ Breast cancer နို့ကင်ဆာ မဖြစ်ဘို့များတယ်။ တကယ်လို့ ရာသီလာချိန် တလထဲမှာ နို့က အရည်ထွက်ပြီး လကုန်လို့လဲ မပျောက်ရင် ဆရာဝန်ပြပါ။ ဆေးသောက်နေတာကို စစ်ဆေးပါ။ နို့သီးထိပ်ဖျားကို မဆွပါနဲ့၊ ညှစ်ကြည့်တာမျိုး သိပ်မလုပ်ပါနဲ့။ အတွင်းခံ တင်းကျပ်မနေစေပါနဲ့။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/nipple-discharge_25.html


Healthy Life

253 Blog posts

Comments