Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး

ဘီပိုးရှိမိခင် ကလေးမွေးရင် ကလေးကို ဘီပိုးကူးစက်နီုင်ပါသလားဆရာ။ အခု ကိုယ်ဝန်က ၃၂ ပတ် ကျော်လာပါပြီဆရာ။ အ

November 15, 2014
Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး

ဘီပိုးရှိမိခင် ကလေးမွေးရင် ကလေးကို ဘီပိုးကူးစက်နီုင်ပါသလားဆရာ။ အခု ကိုယ်ဝန်က ၃၂ ပတ် ကျော်လာပါပြီဆရာ။ အဲဒါ သမီးဗိုက်အပ်တဲ့ဆရာဝန်က မွေးမွေးပြီးချင်း ကလေးဘီပိုးကာကွယ်ဆေး ထိုးလို့ရတယ်၊ တစ်သိန်းခွဲကျပ် ကျမယ်လို့ ပြောပါတယ်။ အဲဒီဆေးကိ ကလေးကို ဘီပိုးဘယ်လောက်ထိ (%) ကာကွယ်ပေးနိုင်ပါလဲဆရာ။ စိတ်ချရပါသလား။ ငါးမျိုးစပ်ကာကွယ်ဆေးထိုးရင် လုံလောက်ရဲ့လားဆရာ။

ငါးမျိုးစပ်ကာကွယ်ဆေးနဲ့ မလုံလောက်ပါ။

အသဲရောင်ရောဂါ ဘီပိုးအတွက် Hepatitis B Vaccine ကာကွယ်ဆေး အပြင် နောက်တမျိုး ရှိသေးတယ်။ ဒီဆေးမျိုးကို Globulin ခေါ်တယ်။ ကာကွယ်ဆေးလဲ မဟုတ်၊ ကုသဆေးလဲ မဟုတ်ပါ။

ကာကွယ်ဆေး မှန်သမျှဟာ ရောဂါကို ဖြစ်စေနိုင်တဲ့ ပိုးလိုမျိုးဟာကို ထိုးပေး-တိုက်ကြွေးပေးတာ ဖြစ်တယ်။ Antigen ခေါ်တယ်။ အဲဒါက ကိုယ်ထဲ (သွေးထဲ) ရောက်သွားရင် လူ့ကိုယ်ကနေ ဆန့်ကျင်တဲ့ ခုခံမှုလုပ်ပေးမဲ့ အတွင်းအား သဘောဆန်တဲ့ ဓါတ်တွေ ထုတ်ပေးလာမယ်။ ခုခံပေးမှာတွေ အလုံအလောက်ရှိတာနဲ့ ကာကွယ်ဆေး ထိုးထားသူဟာ ရောဂါကို တကယ်ဖြစ်မေမဲ့ ပိုး ဝင်လာရင် တခါထဲ တိုက်ဖျက်ပြစ်နိုင်စွမ်း ရှိတာမို့ ရောဂါ မရတော့ဘူး။ အချိန်တော့ စောင့်ရသေးတယ်။

တချို့အခြေအနေတွေမှာ ခုခံနိုင်စွမ်းဓါတ်တွေ ကိုယ်ထဲက ထုတ်ပေးနိုင်လောက်တဲ့အထိ အချိန်ကို မစောင့်နိုင်ဘူး။ အဲလို အခါမျိုး အတွက် ခုခံအားတွေကို အပြင်မှာလုပ်ထားပြီး ဆေးအဖြစ် ထိုးပေးနိုင်တယ်။ အသဲရောင် ဘီ အတွက် အဲဒီဆေးမျိုး ရှိတယ်။ ဒီဆေးထိုးလိုက်တာနဲ့ Temporarily-induced immunity ယာယီသဘောဆောင်တဲ့ ခုခံအား ရသွားစေတယ်။

• Generic Name ဆေးနာမယ် = Human Hepatitis B Immune Globulin = Hepatitis B Immune Globulin (HBIG)
• Product Name ဆိုင်တင်နာမယ်
၁။ HEP-B/ Livig-B (Pack size: 100 I.U. / 1ml vial and 200 I.U. / 2 ml vial)
၂။ HepaGam B Injection 312 units/mL
၃။ HyperHEP B S/D Injection 220 units/mL
၄။ Nabi-HB Injection 312 units/mL
၅။ HYPERHEP B S/D (Canada)

In the U.S. အမေရိကားမှာ ရနိုင်တဲ့ဆေးနာမယ်တွေ
* Bayhep B
* HepaGam B
* HyperHEP B
* Nabi-HB
* Nabi-HB NovaPlus

အိန္ဒိယမှာ Hepabig နာမည်နဲ့ရောင်းတယ်။ 0.5 ml (100 IU) တလုံးကို ရူးပီး ၅၈ဝဝ ပေးရတယ်။

Indications and Usage ဘာအတွက် သုံးရသလဲ
၁။ Needle stick, direct mucous membrane contact, or oral ingestion ဆေးထိုးအပ်ကတဆင့်ဝင်တာ၊ ပါးစပ်ထဲဝင်တာ၊ အနာအဆာ ရှိတဲ့နေရာကို ထိစင်မိတာ၊
၂။ Infants born to hepatitis B surface antigen (HBsAg) positive mothers ဘီပိုးရှိနေသူ မိခင်ကနေ မွေးလာမဲ့ကလေး၊
၃။ Sexual exposure to an HBsAg-positive person ဘီပိုးရှိနေသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမိတာ၊
၄။ Recurrence following liver transplantation in HBsAg-positive patients (HepaGam B only) အသဲအစားထိုးပြီးနောက် ရောဂါပြန်ထသူ၊

Contraindications ဆေးမပေးသင့်သူများ
• Anaphylactic reaction to human globulin ဆေးမတည့်သူများ၊
• Thrombocytopenia or a coagulation disorder that would contraindicate IM injection သွေးမခဲစေတတ်တဲ့ ရောဂါ ရှိပြီး အသားဆေး ထိုးမဖြစ်သူများ၊

Dosage and Administration ဆေးဘယ်လောက်ထိုးရမလဲ
အတိအကျ ပြောရရင် ဆေးမှန်သမျှ ဆေးသောက်သူ၊ ဆေးထိုးခံသူရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ဆေး အနည်း-အများ ချိန်ဆ ပေးရတယ်။
၁။ Newborns of HBsAg-Positive Mothers မိခင်က ဘီပိုးရှိနေသူကနေ မွေးလာတဲ့ကလေး IM 0.5 mL ၁၂ နာရီအတွင်းထိုးပါ။ hepatitis B vaccine ပါထိုးပေးပါ။
၂။ Acute Exposure to Blood Containing HBsAg ဘီပိုးပါနေတဲ့သွေး ဝင်မိသူများ IM 0.06 mL/kg ၂၄ နာရီအတွင်း ထိုးပါ။ Hepatitis B vaccine series သတ်မှတ်ထားတဲ့အတိုင်း ကာကွယ်ဆေး ၃ ခါထိုးပါ။ ထိုးပြီးသူဆိုရင် Booster dose တကြိမ် ထပ်ထိုးရမယ်။ အရင်က ဘီပိုးကာကွယ်ဆေး မထိုးရသူကို နောက် တလအကြာမှာ HBIG ထပ်ထိုးပါ။
၃။ Sexual Exposure to an HBsAg-Positive Person ဘီပိုးရှိသူနဲ့ လိင်ဆက်ဆံမိသူများ IM 0.06 mL/kg ကို ၁၄ ရက်အတွင်းထိုးပါ။ B vaccine ကိုလဲ ထိုးပါ။
၄။ Household Exposure to Persons With Acute HBV Infection တအိမ်ထဲနေရသူများ ကူးစက်ခံရနိုင်တယ်လို့ ယူဆရင် Infants younger than 12 months of age ၁၂ လအရွယ်အထိကလေး = IM 0.5 mL HBIG
၅။ Liver Transplantation (HepaGam B only) အသဲအစားထိုးရသူ = Adults လူကြီး IV 20,000 units/dose ထိုးပါ၊ နောက် နေ့စဉ် ၇ ရက်ဆက်တိုက်၊ နောက် ၂ ပါတ်တခါ (ခွဲစိတ်ပြီးနောက်) ၁၂ ပါတ်အထိ၊ နောက် တလ တခါ ၄ လမှစပြီးထိုးပါ။ ဆေးသွင်းနှုန်းဟာ 2 mL/min ဖြစ်ရမယ်၊ လိုအပ်ရင် 1 mL/min အထိနှေးပါ။

General Advice ဆေးအကြံပေးချက်
• ဆေးသက်တမ်း စစ်ဆေးပါ၊ အနယ်အမှုံ ပါ-မပါ စစ်ဆေးပါ။
• IM အသားဆေးသာ ထိုးပါ။ ပေါင် အထက်ပိုင်း အပြင်-ဘေးနေရာမှာ ထိုးပါ၊ ဒါမှမဟုတ် လက်မောင်းအိုးမှာ ထိုးပါ။ မွေးစကလေးကို ပေါင် အထက်ပိုင်း အပြင်-ဘေးနေရာမှာ ထိုးပါ၊ တင်ပါးနေရာမှာ ထိုးရင် အထက်ပိုင်း-အပြင်ပိုင်းမှာသာ ထိုးပါ။
• HBIG နဲ့ Hepatitis B vaccine ကို တပြိုင်ထဲ ထိုးနိုင်တယ်။ ဒါပေမဲ့ တနေရာစီမှာသာ ထိုးပါ။
• တခြားထိုးဆေးတွေနဲ့ ရောမထိုးပါနဲ့။
• Storage/Stability ထိုးဆေးကို refrigerator ရေခဲသေတာထဲမှာ အပူချိန် 36° to 46°F မှာ ထားသိုပါ။ အခဲခမ်းထဲ မထားရ။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ
• Hypertension; Hypotension သွေးဖိအား များနိုင်သည်၊ နည်းနိုင်သည်။
• Headache (14%) ခေါင်းကိုက်နိုင်သည်။ Malaise (6%) မအီမသာဖြစ်နိုင်သည်။ Agitation စိတ်တို-စိတ်ရှုတ်၊ Amnesia သတိမေ့လျှော့၊ Essential tremor ခြေတုံ-လက်တုံ၊ Fatigue အားယုတ်၊ Light-headedness/fainting (3%) ခေါင်ထဲပေါ့နေ၊ Pyrexia ကိုယ်ပူ။
• Angioedema; Pruritus; Rash; Urticaria အရေပြား အနီပြင်ထွက်၊ ယားယံ၊
• Presbyopia မျက်စိအနီး အာရုံမစိုက်နိုင်၊
• Nausea (4%) ပျို့ချင်၊ vomiting (2%) အန်ချင်၊ Aphthous stomatitis လျှာနာပေါက်၊ Diarrhea ဝမ်းပျက်၊ Dyspepsia အစာမကျေ၊
• Nocturia အိပ်ယာထဲဆီးသွားချင်၊
• Decreased WBC သွေးဖြူဥနည်း၊ Ecchymosis (2%) သွေးခြည်ဥ၊ Splenomegaly ဘေလုံးကြီး၊
• Erythema (12%) ဆေးထိုးတဲ့နေရာရောင်-နီ၊ Aching (4%) ကိုက်ခဲ၊ Pain နာကျင်၊
• Hyperglycemia သွေးချိုတက်၊
• Myalgia (10%) ကြွက်သားနာ၊ Joint stiffness (2%) အဆစ်နာ၊ Back pain ခါးနာ၊
• Pleural effusion အဆုပ်ထဲရေအောင်း၊ Pneumonia နူမိုးနီးယား၊
• Cold symptoms or flu (10%) တုပ်ကွေးလိုခံစား၊

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis-b-immune-globulin.html


Healthy Life

253 Blog posts

Comments