Pregnancy Third trimester ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ

ကိုယ်ဝန် ၃၂ ပါတ်ကျော်တာနဲ့ ဆရာဝန်ပြဘို့ တပါတ်ခါလိုလာပြီ။ အနေရခက်မယ်။ မောပန်းတတ်တယ်။ စိတ်လှုတ်ရျားမှု မ

November 04, 2014
Pregnancy Third trimester ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ

Pregnancy Third trimester

ကိုယ်ဝန် ၃၂ ပါတ်ကျော်တာနဲ့ ဆရာဝန်ပြဘို့ တပါတ်ခါလိုလာပြီ။ အနေရခက်မယ်။ မောပန်းတတ်တယ်။ စိတ်လှုတ်ရျားမှု များတယ်။ အထဲကကလေး ပိုပိုကြီးလာတာအပြင် အနေအထားလဲ ပြောင်းလာတယ်။ အပြုသဘောဆောင်ပါ၊ အပေါင်းလက္ခဏာ ဆောင်ပါ။

• Continued breast growth ရင်သားပိုထွားလာမယ်။ ကိုယ်အလေးချိန် ၂ ပေါင်တက်လာတာက ရင်သားကြောင့် ဖြစ်နိုင်တယ်။ နို့သီးအဖျားကနေ colostrums နို့ဦးရေကြည် ထွက်နိုင်မယ်။ ဝါကျင့်ကျင့်အရောင်ရှိတယ်။
• Weight gain ကိုယ်အလေးချိန်တိုးမယ်။ ကိုယ်ဝန်မဆောင်ခင်ကထက် ၂၅-၃၅ ပေါင်တိုးလာတာ ဖြစ်မယ်။ ကလေး၊ အချင်း၊ ရေမွှာရည်၊ ရင်သား၊ သားအိမ်တွေကြောင့် ဖြစ်တယ်။ ခြေထောက်ရောင်နေရင်လဲ တိုးမယ်။ အဆီပိုတွေ၊ သွေးများလာတာတွေကြောင့်လဲ တိုးတယ်။
• Braxton Hicks contractions ကလေးခြေနဲ့ကန်တာ ဖြစ်လာမယ်။ သားအိမ်ကလဲ အမွေးသင်သလို တခါတခါ နာမယ်။ မွေးချင်လို့နာတာက နာလိုက်ရပ်လိုက်၊ ကြာတာနဲ့အမျှ နာချိန်ရှည်ပြီး နားချိန်တိုလာမယ်။ အနာလဲ ပိုလာရတယ်။
• Backaches ခါးနာမှာသေခြာတယ်။ ကလေး အလေးချိန်တိုးတော့ ဟော်မုန်းတွေကနေ ခါးရိုးဆစ်တွေ ပျော့စေတယ်။ အနေအထိုင် ပြင်ပါ။ ထိုင်တာလဲ အမှီပါပါစေ။ နာတဲ့နေရာကို အပူကပ်လိုက်၊ အအေးကပ်လိုက် လုပ်နိုင်တယ်။ နှိပ်နယ်ပေးတာလဲ လုပ်နိုင်တယ်။ ခွါမြင့်ဖိနပ်မစီးပါနဲ့။ အနာသက်သာဆေးတွေ သုံးနိုင်ပါတယ်။ Paracetamol, Ibuprofen စတာတွေ။ တနေ့ ၂-၃-၄ ကြိမ်အထိသောက်နိုင်တယ်။ အစာ၊ နို့၊ တခုခုနဲ့သောက်ပါ။
• Shortness of breath အသက်ရှူမဝသလို ဖြစ်နိုင်တယ်။ ကြီးထွားလာတဲ့ သားအိမ်က အသက်ရှူရာမှာ အလုပ်လုပ်တဲ့ ရင်ခေါင်းနဲ့ ဗိုက်ကို ပိုင်းခြားပေးထားတဲ့ Diaphragm ကြွက်သားပြားကြီးကို ဖိလာလို့ဖြစ်တယ်။ သူ့အထက်မှာလဲ အဆုပ်ကရှိတယ်။ ကလေးခေါင်း အောက်ဆင်းလာချိန်ရောက်ရင်တော့ သက်သာလာမယ်။ အနေ-အထိုင်-အအိပ်ကိုသာ ပြင်ဆင်ယူပါ။ အခုအခံတွေ သုံးပါ။
• Heartburn ရင်ပူတာလဲ ဖြစ်နိုင်တယ်။ ကြီးထွားလာတဲ့ သားအိမ်က ဗိုက် ဘာ်ဘက် အဖက်နာမှာနေတဲ့ အစာအိမ်ကိုလဲ ဖိနေလို့ ဖြစ်ရတယ်။ အစာကို နည်းနည်းချင်း အကြိမ်များများ စားပေးပါ။ အစာမာ မစားတဲ့ ကြားထဲ အရည်သောက်ပါ။ ကျော်တဲ့အစာ၊ ကာဗွန်ပါဖျော်ရည်၊ အပူအစပ် မသင့်ပါ။ Antacids အက်စစ်-ပျယ်ဆေး သောက်နိုင်တယ်။
• Swelling ကိုယ်ရောင်မယ်။ ကြီးထွားလာတဲ့ သားအိမ်ကနေ သွေးပြန်ကြောတွေ၊ သွေးပြန်ရည်ကြောတွေကိုပါ ဖိနေမယ်။ ကိုယ်အောက်ပိုင်း ရောင်လာနိုင်တယ်။ ရောင်တာတွေက အာရုံကြောကိုဖိထားသလိုနေရင် ထုံတာ၊ ကျင်တာလဲ ဖြစ်နိုင်သေးတယ်။ ဗီတာမင် ဘီ (၁) နည်းတာတော့ မဟုတ်ပါ။ နည်း-မနည်းတော့ စစ်ရမယ်။ မျက်နှာပါရောင်ရင် ဆရာဝန်ပြပါ။ ခြေထောက်တွေ အနားပေးပါ။ အငန်လျှော့စားပါ။ ရေကူးနိုင်တယ်။ ရေကန်ထဲ ခြေချပြီး ရေကူးသလို လုပ်နိုင်တယ်။
• Spider veins, varicose veins and hemorrhoids သွေးကြောထုံးတာလဲ ဖြစ်လာနိုင်တယ်။ လိပ်ခေါင်းလဲ ထွက်နိုင်တယ်။ သွေးလျှောက်တာ များလာတာမို့ မျက်နှာ၊ ကိုယ်တွေမှာ သွေးအနီစက်မျိုး ပေါ်နိုင်တယ်။ အသားဖြူရင် သိသာတယ်။ သွေးကြောထုံးရင် နားနေချိန်မှာ ခြေထောက်ကို မြှင့်တင်ပေးထားပါ။ Support stockings ခြေအိပ်မျုးဝတ်နိုင်တယ်။ ဝမ်းမချုပ်ပါစေနဲ့။ (ဖိုင်ဘာ) များ အစာရွေးစားပါ။ ရေ-အရည်ပိုသောက်ပါ။
• Frequent urination ဆီးခဏခဏသွားချင်လာမယ်။ ကလေးခေါင်းက ဆီးအိမ်ကို လာလာတိုးနေမယ်။ ညအချိန် ဆီးအကြိမ်များတာဆိုရင် ဆီးချိုစစ်ရမယ်။ နှာချေတာ၊ ရယ်မောတာ၊ ချောင်းဆိုးတာကနေ ဆီးမလုံသလိုလဲ ဖြစ်နိုင်သေးတယ်။ ကိစ္စမရှိပါ. သတိနဲ့သာဆင်ခြင်ပါ။ ဆီးအောင်တာဆိုရင် ဆရာဝန်ပြပါ။
• Vaginal discharge မွေးလမ်းကတခုခုဆင်းနိုင်တယ်။ အဖြူဆင်းသလို မများရင် ဆေးမလိုပါ။ ယားတာရော၊ အနံ့ရှိတာရော၊ အရောင်ရှိတာရောဆိုရင် ဆရာဝန်ပြပါ။ ရေတွေ စိမ့်ဆင်းတာဆိုရင် ရေမြွာပေါက်သလား။
• Your emotions စိတ်လှုတ်ရှားမှာသေခြာတယ်။ သားဦးဆို ပိုဖြစ်တယ်။ အတွေ့အကြုံရှိသူတွေနဲ့ စကားပြောပါ။ အားပေးကောင်းသူကိုသာ ရွေးပြောသင့်တယ်။ ကိုယ့်ကိုယ်ကိုလဲ ပြောပါ။ ငါလုပ်ရင်ဖြစ်ရမယ်။ အကောင်းဆုံးကို ငါစွမ်းဆောင်နိုင်တယ်။ စာကောင်းပေကောင်းတွေ ရွေးဖတ်ပါ။

Hydramnios ရေမြွာရည် များနေသလား
မေးတဲ့သူကို ဆရာဝန်ကနေ Hydramios လို့ မပြောရင် စိုးရိမ်စရာမလိုပါ။ Amniotic fluid ရေမြွာရည်ဆိုတာ ရေမြွာအိတ်ထဲမှာ အပြည့်ရှိနေတယ်။ ကလေးကို ထိခိုက်မှု လုံးဝမရှိအောင် (ကူရှင်) လို လုပ်ပေးတယ်။ ချက်ကြိုးကို ပိပြားမနေအောင်လုပ်ပေးတယ်။ သားအိမ် အပူချိန်ကို ထိန်ညှိပေးတယ်။ ရောဂါပိုးမဝင်အောင် ကာကွယ်ပေးတယ်။ ကလေးလှုတ်ရှားစေနိုင်တယ်။ ဒါမှ သူ့ အရိုးလေးတွေ၊ ကြွက်သားလေးတွေ ကောင်းကောင်း ကြီးထွားစေမယ်။ ကလေး အစာခြေစနစ်၊ အသက်ရှူစနစ်၊ အညစ်အကြေး စွန့်ထုတ်စနစ်တွေကို ကူညီတယ်။

ကိုယ်ဝန် ၁၄ ပါတ်မှာ မိခင်လောင်းရဲ့သွေးလှည့်ပတ်မှုစနစ်ထဲကနေ ရေမြွာအိပ်ထဲကို အရည်တွေရလာစေတယ်။ ကိုယ်ဝန် ဒုတိယ ၃ လကစပြီး ကလေးဟာ ရေမြွာရည်ကို မျိုချမယ်။ ကျောက်ကပ်ကနေ ဆီးစွန့်မယ်။ ရေမြွာရည်ထဲမှာသာ စွန့်ထုတ်လို့ ပြန်မျိုချအုံးမယ်။

ပုံမှန်ကိုယ်ဝန်မှာ ကိုယ်ဝန်ရင်တာနဲ့ ရေမြွာရည်တိုးလာတယ်။ ၃၄ ပါတ်မှာ အများဆုံးဖြစ်တယ်။ နောက်ပိုင်း နည်းလာမယ်။ ရေမြွာရည် ပုံမှန်ထက် များတာကို Hydramnios or Polyhydramnios ခေါ်တယ်။ နည်းတာကို Oligohydramnios ခေါ်တယ်။ ကိုယ်ဝန်ဆောင် ၁% မှာ ရေမြွာရည်များတာ တွေ့တတ်တယ်။ ကိုယ်ဝန်ဗိုက်က သိပ်ပေါ်လွင်လာမယ်။ အနေရ ပိုခက်မယ်။ ခါးပိုနာမယ်။ အသက်ရှူမဝတာ ဖြစ်မယ်။ ခြေထောက် ရောင်မယ်။

Ultrasound လုပ်ရမယ်။ သားအိမ်ထဲက ရေမြွာ နေရာ ၄ ခုထဲက အကြီးဆုံးကို တိုင်းတာပြီး၊ Amniotic fluid index (AFI) ကိုတွက်ချက်ယူမယ်။ 5 and 25 cm အထိပုံမှန်ဖြစ်တယ်။ 25 cm ထက်ပိုရင်များတယ်။

Hydramnios ရေမြွာရည် နည်းနေသလား။
ဘာလို့လဲ မသိလှပါ။ Maternal diabetes ဆီးချို၊ Twins or multiples အမွှာကိုယ်ဝန်၊ Fetal abnormalities ကလေးပုံမှန်မဟုတ်တာ၊ Fetal anemia ကလေး သွေးအားနည်းတာတွေ ဖြစ်လေသမလား စစ်ရတယ်။

High-resolution ultrasound လုပ်ပြီး ပုံမှန်မဟုတ်တာတွေ စစ်မယ်။ လိုအပ်ရင် Amniocentesis လုပ်မယ်။ ဒီလို ဖြစ်နေလို့ မွေးတဲ့အခါ Cord prolapse ချက်ကြိုးထွက်ကျတာ နဲ့ Placental abruption အချင်း အထဲမှာကွာတာ သတိထားရမယ်။ နှစ်မျိုးလုံးက LSCS (CS) ခွဲမွေးဘို့လိုတယ်။ မွေးပြီး သွေးပိုဆင်းတာလဲ ဖြစ်တတ်တယ်။

ဆေးစာဆိုတော့ စုံအောင် ကုန်အောင်ရေးရတယ်။ ကာယကံရှင်တွေအဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကံသုံးပါးလုံးဟာ ကောင်းတာကိုသာ ပြုသင့်ကြတယ်။ တလောက ရေမြွာများနေသူတယောက် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ မွေးသွားပါသေးတယ်။ ဒါတောင် ဒုက္ခသည်-ဆေးခန်းလေးမှာပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/pregnancy-third-trimester.html


Healthy Life

253 Blog posts

Comments