တစ္ဆေပြောသော ပုံပြင် (ဇာတ်သိမ်းပိုင်း)

#Crd_(Kham)_Facebook_Accountမှ ကူးယူဖော်ပြသည်...!

တစ္ဆေပြောသောပုံပြင် (ဇာတ်သိမ်းပိုင်း)


----------------------------

"ဟာ...သူခိုးကံကောင်းပဲ အရှေ့မှာအိမ်တွေ့ပြီ
အမြန်သွားမှ" ဖိုးကွေးနောက်ကြောင်းသို့ပြန်မကြည့်တော့ပဲ
ခြံဝင်းထဲသို့ အပြေးအလွှားကလေးကစားသလို
ပြေးဝင်သွားသည်။ "အိမ်ရှင်တို့ အိမ်ရှင်တို့" ဖိုးကွေးအော်နေသော်ငြားလည်း အိမ်ရှင်ကထွက်မလာပေ။ "အင်း ဒီအိမ်ကြီးက တော်တော်လေးလည်း ဟောင်းနေပြီ ဒီအိမ်မှာအိမ်ရှင်မှ ရှိပမလားမသိဘူး ဟာရှိရှိမရှိရှိ
ငါကတော့ဝင်ရမှာပဲ" ပြောပြောဆိုဆိုနဲ့ ဖိုးကွေး
အိမ်တံခါးအရှေ့နားသို့သွားလိုက်သည်။

တံခါးမှာဟစိဟစိဖြစ်နေသည် အိမ်ထဲသို့ဖိုးကွေး သူခိုးမျက်လုံးဖြင့်ချောင်းကြည့်လိုက်သည်။
အိမ်ထဲ၌အုတ်မီးဖိုတစ်ခု တွေ့လိုက်သည်။
မီးဖိုဘေး၌ ထင်းချောင်းအများစုလည်းတွေ့ရသည်။ ဖိုးကွေး
အနည်းငယ်ပွင့်နေသာတံခါးကို အသာလေးတွန်း
ဖွင့်လိုက်သည်။ "ကျီ......ကျီ" အသံကြီးက
ပြိတ္တာကြီးဒေါသထွက်စိတ်ဆိုး၍ အံကြိတ်နေသကဲ့သို့ ရှိသည်ဟု ဖိုးကွေးစိတ်ထဲတွေးနေလိုက်သည်။ ထို့နောက်အိမ်ထဲသို့ဝင်သွားသည် အိမ်ထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် ရေစိုနေသော သူ၏အကျီကိုချွတ်ပြီး ရေညှစ်သည် မီးတောက်အားနည်းနေသော မီးဖို
ထဲသို့ ထင်းချောင်းတွေကို ထိုးထည့်လိုက်သည်။
အိမ်ထဲ၌ဖိုးကွေးတစ်ယောက် အလုပ်တွေရှုပ်
လျက်ရှိသည်။ ထိသို့အလုပ်ရှုပ်နေပြီးနောက် မီးဖို
ဘေး၌ခင်းထားသော ဖျာတစ်ချပ်ပေါ်သို့ ပိုင်စိုးပိုင်နင်း အားရပါးရ ထိုင်ချလိုက်သည်။
ဖိုးကွေးဖျာပေါ်၌ ထိုင်ပြီးနောက် ခဏတာ မှေးစပ်မယ်အကြံ၌ သီချင်းသံခပ်တိုးတိုးလေးကို
ကြားလိုက်ရသည်။ "ချစ်သူလာသောညက ငွေလ
သာပါတယ်၊ချစ်သူမလာသောအခုည ငွေလဘယ်ဆီရောက်နေလဲကွယ်၊လမင်းဘယ်ဆီ
ပုန်းနေသလဲကွယ်......" ဖိုးကွေးစဉ်းစားလိုက်
သည် "အသံကတော့ အပြင်ဘက်ကလာတာပဲ
အသံကစူးရှပြီး နားထောင်လို့တော့ကောင်းတယ်"
မိုးသံလေသံနဲ့ရောနေတာဆိုတော့ ဖိုးကွေးသီချင်း
သံကိုပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းမ
ကြားရပေ။ ထို့နောက်အသံကိုသေသေချာချာစူး
စူးနစ်နစ်နားစွင့်နေလိုက်သည်။ အသံကတဖြည်း
ဖြည်းနဲ့နီးလာပြီး တံခါးပေါက်အနီးလို့ရောက်လာ
သည်။ သို့ပေမယ့်သီချင်းညဉ်းသံတော့မရပ်ခဲ့ပေ။

ထို့နောက်တံခါးကို တွန်းဖွင့်လိုက်သည်။
"ကျီ.....ကျီ...ဖိုးကွေးမျက်လုံးအရောင်တောက်
သွားသည့် အကြောင်းမှာ အိမ်ထဲသို့ဝင်လာသော
သူမှာ အင်မတန်ချောမောလှပသော မိန်းမပျိုလေး
တစ်ဦးဖြစ်သည်။အဝတ်အစားက အဖြူရောင်
ဝမ်းဆက်ဝတ်ထားသည်။ မိန်းမပျိုလေးသည်
ဖိုးကွေးရှိရာဖျာတစ်ချပ်ဆီသို့ ရည်ရွယ်ချက်အတိုက်းလျောက်လှမ်းလာလိုက်
သည်။ နက်မှောင်ရှည်လျားသည့်ဆံကေသာ
ကြောင့်ရေစိုနေသောဆံပင်မှ ရေစက်ရေပေါက်
ကလေးများသည် စက်ချုပ်သည့်အသံကဲ့သို့
"ဗောက် ဗောက် ဗောက်" နဲ့ကြမ်းပြင်ပေါ်သို့ကျနေ
သည်။ ဖျာနှင့် တစ်တောင်အကွာတွင် မိန်းမပျိုက
လေးသည် ခြေစုံရပ်ကာ ဖိုးကွေးအားကြည့်လိုက်
သည်။ ဖိုးကွေးက စိတ်ထဲ၌တွေးနေလိုက်သည်
"ညှိ့ချက်ကတော့ ပြင်းသလားမမေးနဲ့ ဇောင်းထက်
တဲ့ကျောက်ခတ်တောင် ပဲ့ရွဲ့ထွက်သွားနိုင်တယ်....” ရုတ်တရက်ဖိုးကွေး
ပါးစပ်မှ "ဟေ့ကောင်မလေး ဘယ်သူလဲ” "ဘာ
ဒါကျွန်မမေးရမယ့် မေးခွန်းရှင့် ရှင်ဘယ်သူလဲ
"ကျွန်တော်က ခရီးသွားတစ်ယောက်ပါ ကျွန်တော် လမ်းမှာမိုးမိလို့ ဒီအိမ်ထဲမှာခဏမိုး
ခိုနေတာပါဗျာ...ဒါနဲ့ ဒီအိမ်က ခင်ဗျားအိမ်လား"
ဖိုးကွေး မိန်းမပျိုလေးအား မေးလိုက်သည်
"ဟုတ်ပါ့ရှင်...ဟုတ်ပါ့” "ကျွန်တော်အိမ်ထဲကို
ဝင်ခွင့်မတောင်းပဲ ဝင်ခဲ့မိတဲ့အတွက် ကျွန်တော်
တောင်းပန်ပါတယ်” "ရပါတယ်ရှင်...ရပါတယ်”
ဒါနဲ့ ဒီအိမ်မှာ မင်းတစ်ယောက်တည်းနေတာ
လား" "ဟုတ်တယ်လေ" ဒီလိုနဲ့ ဖိုးကွေးလည်း
မိန်းကလေးတစ်ယောက်တည်းမို့ အကဲစမ်း
လိုက်ပါတယ်။ ။

"ဒီမှာ မိန်းကလေး မင်းငါ့လိုယော်ကျား
သားကြီးကို မကြောက်ဘူးလားကွ"
"ဘာ...ရှင့်ကိုကျွန်မ ကြောက်ရမယ်ဟုတ်လား
ဝါး...ဟား....ဟား...ဟာ...." ဖိုးကွေးမျက်လုံးပြူးသွားသည်...................
"မင်း....မင်း ဘာရယ်တာလဲကွ” ``မဟုတ်ပါဘူး
ရှင်.... ရှင်ပြောတဲ့စကားကို ကျွန်မ ကြိုက်လို့ပါ
ဟား....ဟား....ဟား...” မိန်းမပျိုလေးမှာ
အဆက်မပြတ်ရယ်မောနေရာမှ ခဏကြာတော့
"ရှင့်ထက် ကြောက်စရာကောင်းတဲ့အကောင်
ဒီမှာရှိတယ် အဲ့ဒါကိုရှင်သိလား...ဟား..ဟား..”
ဖိုးကွေးက "မင်းဘာတွေလျောက်ပြောနေတာ
လဲ ဘာတွေပြောနေတာလဲ” "ဘာလဲ ရှင်ကြောက်သွားပြီလား" "မင်းရော တစ္ဆေကို
မကြောက်ဘူးလား" "ဟား...ဟား..ကျွန်မက
ဘာလို့ကြောက်ရမှာလဲရှင့်” "မင်းတောင်
မကြောက်တာ ငါ့လိုယော်ကျားသားကြီးက
ဘာလို့ကြောက်ရမှာလဲကွ...ဟား...ဟား.....”
"အေးပါ.....အေးပါ တစ္ဆေလာတော့မှ ရှင်ထွက်မပြေးနဲ့ ” "မင်းကများ စိန်လိုက်လေ
ကြာသလားလို့” ဒီလိုနဲ့ ဖိုးကွေးနဲ့ မိန်းကလေးတို့ နှစ်ဦးစကားနာတွေထိုးနေကြသည်။ တအောင့်
ကြာတော့ မိန်းမပျိုလေးက....."ကဲ ရှင့်ကို
ကျွန်မ မကြာခင်ရောက်လာတော့မယ့် တစ္ဆေ
အကြောင်းပြောပြမယ် ရှင်နားထောင်မလား”
"အေး ငါနည်းနည်းတော့ စိတ်ဝင်စားတယ်
လာပြောလေ”ဟု မိန်းကလေးအား သူထိုင်နေ
သောဖျာပေါ်သို့ ခေါ်လိုက်သည်။ မိန်းကလေး
ကဖျာပေါ်မှာ ကျုံ့ကျုံ့ကလေးတပ္ပင်ခွေထိုင်
လိုက်သည်။ ထို့နောက် "ဒီလိုရှင့် လွန်ခဲ့တဲ့ ၂နှစ်
တုန်းကပေါ့ ဒီအိမ်ကြီးမှာ ကျွန်မရယ်
အမေရယ် ကျွန်မတို့အိမ်မှာ ခိုင်းဖို့ခေါ်ထားတဲ့
ကောင်လေးတစ်ယောက်ရယ် သုံးယောက်နေ
ထိူင်ခဲ့တယ် ရှင့်” မိန်းမပျိုလေးက ဖိုးကွေးအား
ဈာန်ဝင်ဝင်နဲ့ ရှင်းပြနေသလို ဖိုးကွေးကလည်း
စိတ်ဝင်စားစွာနားထောင်နေတယ်...........

မိန်းမပျိုလေးကဆက်ပြီး"ဒီလိုနဲ့အချိန်ကြာ
တော့ ခိုင်းဖို့ခေါ်ထားတဲ့ကောင်လေးနဲ့ ကျွန်မနဲ့
အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုး
ချင်းညှိဆိုသလိုပေါ့ရှင် ချစ်ကြိုးသွယ်ခဲ့မိတယ်
သူနဲ့ကျွန်မနဲ့ ချစ်သူဖြစ်နေတာကို ကျွန်မအမေသိတော့ ငွေရှိသူတို့ရဲ့ ဓလေ့
အတိုင်းသဘောမတူဘူးပေါ့ရှင်၊ဒီလိုနဲ့ ကျွမ်မ
ကိုအပေါ်ထပ်က အခန်းထဲမှာအစောင့်နဲ့ချုပ်
နှောင်ထားခဲ့တယ်။ ကျွန်မရဲ့ ချစ်သူကို
ကျွန်မရဲ့ အမေကခေါ်ပြီးမျက်နှာကိုလက်ဝါးနဲ့
ရိုတ်ခဲ့တယ်။ကျွန်မရည်းစားလည်း စိတ်ဆိုးပြီး
ကျွန်မအမေကို အနီးအနားမှာရှိတဲ့ ဓားနဲ့ထိုးလိုက်တယ်။ ဓားနဲ့ထိုးပြီးနောက်ကျွန်မ
ရည်းစားလည်းသွေးရူးသွေးတန်းပြေးပြီး အိမ်ရှေ့မှာရှိတဲ့ ရေတွင်းကြီးထဲခုန်ချပြီး သတ်
သေ သွားတယ်။ဒီလိုနဲ့ ကျွန်မလည်းသူရေတွင်း
ထဲခုန်ချသွားတာကိုမြင်တော့ ကျွန်မကိုယ်ကို
ချုပ်နှောင်ထားတဲ့ ကြိုးတွေကို ခန္ဓာကိုယ်မှာ
စွမ်းအားရှိသမျှ ရုန်းလိုက်တယ် ကြိုးတွေပြတ်
သွားတယ်။ကျွန်မလည်း အိမ်ပေါ်ကပြေးဆင်း
ပြီး ကျွန်မချစ်သူရှိတဲ့ ရေတွင်းကြီးထဲခုန်ချကာ
အဆုံးစီရင်လိုက်တော့တယ်” "ဒါဖြင့်မင်းက”
"ဟုတ်ပါတယ်ရှင်...... ကျွန်မက ရေတွင်းထဲ
ခုန်ချပြီးသတ်သေသွားတဲ့ကောင်မလေးပါရှင့်”
ဖိုးကွေးခေါင်းကြီးသွားသည်။

"ဟား.....ဟား.....ဒါနဲ့ကျွန်မက ထူးခြား
တယ်သူများတစ္ဆေတွေလို ပြူးပြဖြဲပြပြီး
ခြောက်တာမဟုတ်ပါဘူး.....ကျွန်မသေသွား
တဲ့ အကြောင်းတွေပဲပြေပြတာပါရှင့်”
ဖိုးကွေးလည်းသွေးရူးသွေးတန်းနဲ့ "တစ္ဆေ ဗျို့
တစ္ဆေ”ဟုငယ်သံပါအောင်အော်ကာ အိမ်ထဲမှ
ထွက်ပြေးသွားတော့သည်။ မိန်းကလေးကမှု
ရယ်မောပြီးကျန်ခဲ့လေသည်။ဖိုးကွေးလည်း
ပြေးထွက်သွားပြီး ခြံအပြင်ရောက်တော့
ရဲနဲ့တမ်းတိုးတာအဖမ်းခံလိုက်ရလေသည်။

အမှန်တစ်ကယ်တော့ အိမ်ကြီးရှင်မိန်းမပျို
လေးဟာ တစ္ဆေမဟုတ်ပဲ သူ့ချစ်သူသတ်သေ
သွားတာကိုမြင်ပြီး စိတ်ဖောက်ပြန်သွားတဲ့
စိတ္တဇမလေးသာဖြစ်ပါတော့သည်။ ဒါကြောင့်
အခုပြောပြသောဝတ္တုမှာ တစ္ဆေပြောသောပုံပြင်
ဟုတ်ပဲ စိတ္တဇသည်မလေးပြောသောပုံပြင်သာ
ဖြစ်ပါတော့လေသတည်း..........................။

*********************************************
Kham
3:45 p.m l. Tue, 5 March


Min Khant

15 Blog posts

Comments