Vaginal Cysts Polyps Warts ဗဂျိုင်းနားမှာ အပိုအဆာတွေ ဖြစ်တာ

အသက် ၂၆၊ မိန်းကလေး၊ အမည် (့)၊ နေရပ် (့)။ ကျွန်တော် ကောင်မလေးနဲ့ ပထမ ဆုံးအကြိမ် လိင်ဆက်ဆံတာ ထည့်မရပါ။ သူနာလို

November 01, 2014
Vaginal Cysts Polyps Warts ဗဂျိုင်းနားမှာ အပိုအဆာတွေ ဖြစ်တာ

Vaginal Cysts Polyps Warts

အသက် ၂၆၊ မိန်းကလေး၊ အမည် (့)၊ နေရပ် (့)။ ကျွန်တော် ကောင်မလေးနဲ့ ပထမ ဆုံးအကြိမ် လိင်ဆက်ဆံတာ ထည့်မရပါ။ သူနာလို့ ရပ်လိုက်ပါတယ်။ တနာရီလောက်ကြာတော့ သွေးတွေ ဆင်းလာပါတယ်။ ပွန်းလဲ မပွန်းပါဘူး၊ အသားတွေလည်း ပဲ့တာ မရှိပါ။ အထဲထိ မရောက်ပါဘူး။ ဘယ်လိုမှာ ထည့်မရခဲ့ပါ။ သွေးဆင်းက တော်တော်များပါတယ်။ လုံချည် စိုနေအောင်ကို ဆင်းတာပါ။ သွေးခဲသေးသေး အဖတ်လေးတွေပါတယ် ပြောပါတယ်။ ၄ ရက်ကြာခဲ့ပါပြီ။ သွေးတွေ အဲလောက် ဆင်းတာက ဘာကြောင့်ပါလဲဗျာ။

မိန်းကလေးက ပဌမဆုံးအကြိမ် ဖြစ်မယ်။ အပျိုးမှေး ပေါက်တာ ဖြစ်မှာပါ။

Hymen ဆိုတာ တယောက်နဲ့ တယောက် မတူပါ။ တချို့က အစကတည်းက ဆက်ဆံမှု မရှိဘဲ၊ အတော် စုတ်နေသလို ဖြစ်နိုင်တယ်။ စက်ဘီးစီ၊ မြင်းစီး၊ အားကစား၊ ဖါသာအာသာဖြေ၊ ထိခိုက်မိ၊ မွေးလမ်း စမ်းသပ်ခံ-ခွဲစိတ်ခံရတာ၊ စတာတွေကနေ ဖြစ်နိုင်တယ်။ အဲလိုဖြစ်နေသူတွေက ဆက်ဆံတာ ပဌမအကြိမ်မှာ သူများလောက် မနာဘူး။

တချို့ကြ လုံးဝ ဒါမှမဟုတ် လုံးဝနည်းပါး ပိတ်နေနိုင်တယ်။ ဆက်ဆံတဲ့အခါ နာမယ်။ Tough hymen အတော် ခေါင်းမာတဲ့ အကောင်လို့ ခေါ်တယ်။ လွယ်ပါတယ် ထုံဆေးနဲ့ဖြစ်ဖြစ် (ယူကေ) မှာတော့ မေ့ဆေးနဲ့ ဖြစ်ဖြစ် ခွဲပေးတာ ၃ မိနစ်သာ ကြာမယ်။

Imperforate hymen အပျိုမှေး လုံးဝပိတ်နေသူဆိုရင် ဆက်ဆံဘို့ မပြောနဲ့ ရာသီတောင် မဆင်းတာမျိုး ဖြစ်တယ်။ အတော်တော့ အဖြစ်နည်းတယ်။ ကျွန်တော့် လုပ်သက်မှာ ၁ ယောက်သာ တွေ့ဘူးတယ်။ ခွဲစိတ်ပြုပြင်ပေးရင် အကောင်းပကတိ ဖြစ်ပါတယ်။

မေးတာထဲက မိန်းကလေးမှာ သွေးထွက်တာ အပျိုမှေး ပေါက်ပြဲလို့ ဖြစ်ဘို့ များပေမဲ့ တခြားရောဂါ ဥပမာ အနာ၊ အသားပို စတာ ရှိ-မရှိတော့ စစ်ဆေးရမယ်။ အင်မတန် ရှားပါတယ်။

နောက်ပြီး သွေးဆင်းများတာ-ကြာတာကလဲ သွေးယိုတတ်သူ ဟုတ်-မဟုတ် စစ်ဘို့ လိုနိုင်သေးတယ်။ အဲလို မိန်းကလေးတွေက နှာခေါင်းသွေး၊ သွားဖုံးသွေးယိုတာမျို ရှိနေလိမ့်မယ်။ မရှိရင် သွေးစစ်ဘို့ မလိုပါ။

ဆက်ဆံတော့ ကျားအင်္ဂါ အထဲထိမဝင်တာ ဖြစ်တတ်ပါတယ်။ မစိုးရိမ်ပါနဲ့။ စိတ်ရှည်ပါ။ မိန်းကလေးမှာ နာတာသက်သာပြီး၊ စိုစွပ်မှု လုံလောက်ချိန်မှာ အရင်တခါထက် ပိုအဆင်ပြေလာမယ်။ ၂ ခါ နဲ့ မရသေးရင်၊ နောက်ဆက်ရမှာပေါ့။ ဖြစ်တတ်ပါတယ်။ လိုသေးရင်တော့ မေးပါ။

ထပ်မေးချင်ပါသေးတယ်။ အခု မေးကြည့်တော့ အသားပို ရှိတယ်လို့ ပြောပါတယ်။ သူအသက် ၂ဝ လောက်က ယားတာကနေ ဖြစ်တယ်လို့ ပြောပါတယ်။ တစ်ခါလေ ယားပါတယ်တဲ့။ ဆရာဝန်ပြကြည့်တော့ အိမ်ထောင်ကျပြီးရင် ခွဲစိပ်ဖို့တော့ ပြောတယ်တယ်။ အခုဖြစ်တာတော့ အသားပို မခိုက်မိဘူး ပြောပါတယ်။ အသားပို အကြောင်းလေးလည်း ရှင်းပြပါဦး။ သွေးယိုတာလည်း အကျင့်မရှိဘူး ပြောပါတယ်။

(ဗဂျိုင်းနာ) ကို မွေးလမ်းကြောင်းလို့ ယဉ်ယဉ်ကျေးကျေး ခေါ်တယ်။ ယေဘုယျ သဘောဖြစ်ပြီး အတိအကျ မမှန်ဘူး။ အပျိုရွယ်၊ အိမ်ထောင်မပြုသူ၊ ပြုပြီးဖြစ်ဖြစ် မပြုဘဲ ယောက်ျားနဲ့ အတူနေပေမဲ့ ကလေး မယူချင်သူတွေမှာ မွေးဖွါးတဲ့ အလုပ်နဲ့ လုံးဝမဆိုင်ပါ။ ဒါ့ကြောင့် ဘာသာပြန်ရင် မွေးလမ်းကြောင်းလို့ ပြောတာ မပြည့်စုံဘူး။ ယောနိလို့ ခေါ်ကြတယ်။ မြန်မာစာ အားနည်းသူတွေအတွက် အမှတ်ရခက်မယ် ထင်တယ်။ ကပြားဘဲ သုံးသေးတာပေါ့။

လူ့ကိုယ်ခန္ဓာ တခုလုံးကို Covering အဖုံးအကာ တမျိုးမျိုးနဲ့ ဖုံးပေးထားတယ်။ အရေပြား အပါး-အထူ၊ ဦးရေခွံ၊ လက်သည်း-ခြေသည်း၊ စတာတွေ နေရာအလိုက် ရှိတယ်။ ပါးစပ်၊ မျက်ခွံလိုနေရာတွေမှာ Mucosa အရေပြားနုလွှာ။ ဗဂျိုင်းနာကို ဖုံးနေတာက တမျိုး။ လက်ဖမိုးလို Thin skin အရေပါးလဲမက လက်ဖဝါးလို Thick skin အရေထူလဲမကျ၊ ထူးခြားတယ်။ အင်္ဂလိပ်လိုလဲ အလွယ်ခေါ်ရင် Vaginal skin လို့ဘဲသုံးတယ်။ အမှန်က Vaginal mucosa ဖြစ်ပါတယ်။

ကိုယ်ခန္ဓာကို ဖုံးတာတဲ့ Lining မှန်သမျှကနေ Cysts (စဆစ်စ်) အိတ်၊ Polyps (ပေါလစ်ပ်) အသီးလုံး၊ Warts (ဝတ်တ်) ကြွက်နို့ စတာတွေ ဖြစ်လာနိုင်ကြတယ်။ ဒါတွေအားလုံး မကြာမကြာဖြစ်တာ တွေ့ရပေမဲ့ (ကင်ဆာ) လို အန္ကရာယ် မပေးတာတွေသာ ဖြစ်တယ်။

Cysts (စဆစ်စ်) အိတ်-အကျိတ်
အရည်တခုခု ထွက်စေနိုင်တဲ့ Gland (ဂလင်းန်)၊ အဲဒီအရည်ထွက်လာစေတဲ့ Duct (ဒတ်) ပြွန်၊ မှာ Clogged ပိတ်ဆို့နေရင် Liquid အရည်ဟာ Sac အိတ်လေးထဲမှာ စုအောင်းလာတာကို ခေါ်တယ်။ (ဗဂျိုင်းနား) မှာ လာဖြစ်ရင် Painless မနာဘူး၊ Round lumps ခပ်လုံးလုံးနဲ့ ကြာရင် ဆီးသီး၊ ကြက်ဥ၊ လိမ်မော်သီးအရွယ်ထိ ကြီးလာနိုင်တယ်။ (ဗဂျိုင်းနား) ရဲ့ ဘေးဘက်တွေမှာ အဖြစ်များတယ်။

Vaginal cysts ကို Inclusion cyst; Gartner's duct cyst လို့လဲ ခေါ်တယ်။ အလုံပိတ်နေတဲ့ Sac အကာအိတ်ခွံထဲမှာ ခပ်ကျဲကျဲ ဒါမှမဟုတ် ခပ်ပျစ်ပျစ် အရည်တွေ အောင်းနေတယ်။ မနာဘူး နာတာဆိုရင် Endometriosis ဆိုတဲ့ သားအိမ် ရောဂါကနေ လာတာ ဖြစ်မယ်။ ထိခိုက်မိတာ၊ ခွဲစိတ်ခံရတာကနေ ဆက်ဖြစ်တတ်တယ်။ Gartner's duct cysts ဆိုတာ သန္ဓေဘဝကတည်းကရှိခဲ့တဲ့ ပြွန်ဟာ မွေးပြီး ပျောက်သွားရမှာ မပျောက်ဘဲ ကျန်နေတာကနေ Cyst (ဆစ်စ်) ဖြစ်လာပါ။ Medicine ဆေးနဲ့ကုတာ၊ Laser လေဆာ၊ ဒါမှမဟုတ် Surgical procedures ခွဲစိတ်တာ တခုခုလုပ်ရလိမ့်မယ်။

Vaginal Warts (ဗဂျိုင်းနာ) ကြွက်နို့
တခြားနေရာတွေမှာ ဖြစ်တဲ့ ကြွက်နို့တွေလိုပါဘဲ။ ခပ်မာမာ၊ မနာဘူး၊ ယားနိုင်တယ်။ လက်နဲ့စမ်းလို့ သိမယ်။ အဝနားမှာ ဖြစ်တာ များတယ်။ ကိုယ့်ဖါသာ မှန်နဲ့ကြည့်နိုင်တယ်။ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေ ကူးစက်လာတာ ဖြစ်တယ်။ တချိန်မှာ ကင်ဆာ မဖြစ်ဘူးလို့ အာမမခံနိုင်ဘူး။ Freezing အေးခဲစေနည်း၊ Laser surgery လေဆာခွဲစိတ်နည်း၊ Chemical treatments ဆေးဝါးတွေနဲ့ ကုသရတယ်။ ဆက်ဆံဘက် အဖေါ်ကိုပါ ဆေးစစ်၊ ကုသရမယ်။

Vaginal Polyps (ဗဂျိုင်းနာ) အသားပို
တချို့မှာ ရှိနေမှန်း မသိဘူး မနာဘူး။ နာမှ သွေးထွက်မှ ကုသဘို့ လိုတယ်။ တချို့ ရာသီကြားရက်မှာ အဖြူလိုဆင်းပြီး နာတတ်သူလဲ ရှိပါတယ်။ အူမကြီးမှာဖြစ်တဲ့ Colon polyp (ပေါလစ်ပ်) လို ကင်ဆာ မဖြစ်စေပါ။ Biopsy အသားစဖြတ်ယူ စစ်ဆေးတာ လိုလိုမယ်မယ် လုပ်ကြတယ်။ ခွဲထုတ်တာလဲ မကြာဘူး။ Uterine polyps သားအိမ်ကဖြစ်တဲ့ (ပေါလစ်ပ်) ဆိုရင် DC သားအိမ်ခြစ်တာ လုပ်ရသေးတယ်။ အေးခဲနည်း၊ လေဆာနည်းတွေလဲ သုံးနိုင်ပါတယ်။ ကံမကောင်းရင် ပြန်ဖြစ်တယ်။

အမေးထဲက မိန်းကလေး ခွဲစိတ်ပေးရင် လုံးဝကောင်းသွားမှာပါ။ OG ပြပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/vaginal-cysts-polyps-warts.html


Healthy Life

253 Blog posts

Comments