HIV flushed out by cancer drug
HIV ပိုးတွေ ပုန်းအောင်နေရာကနေ ထွက်လာအောင် ကင်ဆာဆေးနဲ့လုပ်နိုင်တယ်လို့ ၃၁-၇-၂ဝ၁၅ နေ့ ဆေးသုတေသန သတင်းကဆိုပါတယ်။
Anti-retroviral therapy (ART) ဆေးကနေ ပိုးတွေကို သေစေနိုင်တယ်။ ဒါပေမယ့် ဆေးနဲ့မတွေ့နိုင်တဲ့ ပိုးတွေကိုတော့ ဘာမှမတတ်နိုင်ပါ။ Mississippi baby မစ်စစ်စပီကလေးမလေးကိုကြည့်ရင် ပိုးအားခိုအောင်းနေနိုင်စွမ်းရှိတာသိသာတယ်။
UC Davis School of Medicine ဆေးကျောင်းမှာ PEP005 ဆေးနဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆေးကို နေလောင်ရာကနေဖြစ်တဲ့ကင်ဆာအတွက်သုံးပါတယ်။ လူနာ ၁၃ ယောက်ဆီကနေယူထားတဲ့ ဓါတ်ခွဲခန်းထဲမှာ ဆဲလ်တွေကို ဆေးနဲ့တွေ့စေခဲ့ပါတယ်။
အခုတွေ့ရှိချက်ဟာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ လူနာအတွက်စိတ်ချရမှုကိုတော့ လေ့လာရပါအုံးမယ်။
ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/07/hiv-flushed-out-by-cancer-drug.html