Tamoxifen ရင်သားကင်ဆာကို နှေးစေမယ့်ဆေး

ဈေးလည်းမကြီးတဲ့ဆေးကနေ ရင်သားကင်ဆာတဝက်လောက်ကို တိုးလာမှာကိုနှေးစေမယ်လို့ယူဆရတယ်လို့ ၉-၇-၂ဝ၁၅ ဆေးပညာသတ

Tamoxifen ရင်သားကင်ဆာကို နှေးစေမယ့်ဆေး

ဈေးလည်းမကြီးတဲ့ဆေးကနေ ရင်သားကင်ဆာတဝက်လောက်ကို တိုးလာမှာကိုနှေးစေမယ်လို့ယူဆရတယ်လို့ ၉-၇-၂ဝ၁၅ ဆေးပညာသတင်းကဆိုပါတယ်။ သုတေသနအဆင့်ကစောတော့စောပါသေးတယ်။

Progesterone ပရိုဂျက်စတီရုန်း ဟော်မုန်းဆေးဖြစ်ပါတယ်။ ယူကေနဲ့ သြစတေးလျမှာစမ်းသပ်နေတာဖြစ်ပါတယ်။ ရင်သားကင်ဆာထဲမှာ ဟော်မုန်းကနေသက်ရောက်တဲ့အမျိုးအစားဆိုတာရှိပါတယ်။

Tamoxifen ဆေးကနေ အီစထိုဂျင်လက်ခံတဲ့နေရာကို တားဆီးပေးပါတယ်။ အဲလိုရင်သားကင်ဆာက အီစထိုဂျင်အပေါ် မူတည်တယ်။ ပရိုဂျက်စတီရုန်းဟော်မုန်းသက်ရောက်မှုရှိတဲ့ ရင်သားကင်ဆာက သေဆုံးစေတာလည်း တခြားအမျိုးအစားလောက် မများပါ။

Tamoxifen ကို Soltamox, Tamfen နာမည်တွေနဲ့ရောင်းတယ်။ ကျား-မ ရင်သားကင်ဆာကုသဖို့လည်းသုံးတယ်။ ကာကွယ်ဖို့လည်း သုံးတယ်။ ခွဲထားပြီး၊ ဓါတ်ကင်ထားပြီး၊ ကင်ဆာဆေးပေးထားပြီးသား ရင်သားကင်ဆာအတွက်လည်း ပေးတယ်။ ဆိုးတဲ့ ကင်ဆာဖြစ်တဲ့ Ductal carcinoma in situ (DCIS) မှာလည်းပေးတယ်။ ရင်သားကင်ဆာဖြစ်ဖို့ အလားအလာရှိသူ (မိသားစုရာဇဝင်၊ အသက်မငယ်သူ) တွေကိုလည်းပေးတယ်။ မျိုးဥထွက်စေအောင် သုံးတာလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/07/tamoxifen.html


Healthy Life

253 Blog posts

Comments