လြမ္းႏွင္းမွဳန္မွဳန္ - လွမ်းနှင်းမှုန်မှုန် - (၀တၳဳတုိ) ႏွင္းခါးမုိး

ျမက္ခင္းျပင္က်ယ္ထဲမွာ တပင္တည္း မားမားစြင့္စြင့္ ရွိေနသည့္ ယူကလစ္ပင္ ျမင့္ျမင့္က အျပာေရာင္ ေကာင္းကင္ကု

ျမက္ခင္းျပင္က်ယ္ထဲမွာ တပင္တည္း မားမားစြင့္စြင့္ ရွိေနသည့္ ယူကလစ္ပင္ ျမင့္ျမင့္က အျပာေရာင္ ေကာင္းကင္ကုိ ေနာက္ခံထားလ်က္ ယိမ္းႏြဲ႕လုိ႔ေနသည္။ သင္တန္းခန္းမထဲမွာေတာ့ ဆရာ့စကားကုိ နားစုိက္ကာ တိတ္ဆိတ္ ၿငိမ္သက္လ်က္။ ပန္ကာႏွစ္လုံး၏ လည္ပတ္သံ မတုိးမက်ယ္ေလး ထြက္ေပၚေနတာ ၾကားရသည္။

...မတရားမွဳေတြကုိ ဖ်က္သိမ္းၿပီး တရားမွ်တမွဳရွိတဲ့ သစ္လြင္တဲ့ လူ႔အဖြဲ႔အစည္း တခုကုိ တည္ေဆာက္ဖုိ႔ ဦးတည္ထားတဲ့ အကူးအေျပာင္း ကာလတခုမွာ က်ေနာ္တုိ႔ေတြ မလြဲမေသြ လုပ္ရမယ့္ အလုပ္တခုကေတာ့ က်ေနာ္တုိ႔ လူ႔အဖြဲ႔အစည္းရဲ႕ အတိတ္နဲ႔ ပစၥဳပန္ အျဖစ္အပ်က္ေတြအေပၚမွာတရားမွ်တမွဳကုိ ျပန္လည္ ရွာေဖြတာျဖစ္တယ္။ မတရားမွဳေတြကုိ ဆုိးဆုိး၀ါး၀ါး ခံစားခဲ့ရတဲ့ သူေတြဟာ သူတုိ႔ရဲ႕ အိပ္မက္ဆုိးကုိ ဘယ္ေတာ့မွ မေမ့ႏုိင္ၾကဘူး။ အဲဒီလုိ မေမ့ႏုိင္ပဲ ျပန္ျပန္ သတိရေနတဲ့ အခါတုိင္းမွာလည္း စိတ္မွာ နာက်င္ရျပန္တယ္။ ခံခဲ့ရတဲ့အေပၚမွာ တခုခု ျပန္မတုန္႔ျပန္ႏုိင္ေသးသေရြ႕၊ ျပန္မရေသးသေရြ႕ ဒီကိစၥကုိ မေမ့ႏုိင္ ျဖစ္ေနၾကရတယ္။ ဒါကုိ မေမ့ႏုိင္ပဲနဲ႔ ေရွ႕ကုိ ဆက္သြားလုိ႔ မရ ျဖစ္ၾကရျပန္တယ္။ ဆက္သြားျပန္ရင္လည္း စိတ္မွာ မရွင္းဘူး ျဖစ္ေနတတ္တယ္။ တကယ္တန္းက်ေတာ့ အတိတ္ဆုိတာ အတိတ္မွာပဲ ထားခဲ့လုိ႔ရတဲ့ အရာမွ မဟုတ္တာ။... 
...အခု က်ေနာ္ ေျပာခ်င္တာက ဘယ္သူမဆုိ ခင္ဗ်ားတုိ႔၊ က်ေနာ္တုိ႔မွာ လူတုိင္းမွာ အဲဒီလုိ မေမ့ႏုိင္တာေလးေတြ ဘ၀မွာ ရွိခဲ့ၾကဘူးမယ္။ ကုိယ့္ကုိ မတရားလုပ္တာ ခံခဲ့ရဘူးတာလည္း ျဖစ္ခ်င္ျဖစ္မယ္။ ကုိယ္က မတရား လုပ္ခဲ့ဘူးတာလည္း ျဖစ္ခ်င္ျဖစ္မယ္။ ၿပီးေတာ့မွ ဒါကုိ မတရားဘူးလုိ႔ သိၿပီး ကုိယ့္ကုိယ္ကုိယ္ ခြင့္မလႊတ္ႏုိင္ ျဖစ္ေနရတာ၊ ဒါမ်ဳိးေပါ့ေလ။ ဒါမွမဟုတ္ တရားတာ၊ မတရားနဲ႔ မဆုိင္ပဲ ကုိယ့္ဘ၀မွာ ေမ့လုိ႔မရ ျဖစ္ေနတာမ်ဳိးလည္း ရွိေကာင္း ရွိႏုိင္တယ္။ အဲဒါေလးေတြကုိ က်ေနာ္တုိ႔တေယာက္ခ်င္း ေျပာၾကည့္ၾကရေအာင္။ ေ၀ဒနာေလးေတြကုိ မွ်ေ၀တာေပါ့။ ဒါကလည္း တခါတခါ အဲဒီလုိ ေျပာလုိက္ရတဲ့အခါ ရင္ထဲ ေပါ့သြားတတ္တာမ်ဳိးလည္း ျဖစ္တတ္တယ္။ ကဲ လုပ္ၾကပါ။ ေႏြးေႏြးေထြးေထြး ပြင့္ပြင့္လင္းလင္းေပါ့။...

ဆရာ့စကားဆုံးေတာ့ အေယာက္ႏွစ္ဆယ္ေက်ာ္ရွိသည့္ သင္တန္းသားမ်ား တြတ္ထုိးကုန္သည္။ တခ်ဳိ႕ကေတာ့ ေျပာရမည့္ အေၾကာင္းအရာကုိ စဥ္းစားရင္း ၿငိမ္သက္ေနသည္။ ကုိႏွင္းဆီလည္း တျခားလူေတြရဲ႕ မ်က္ႏွာကုိ လုိက္ၾကည့္ကာ ဟုိေတြး ဒီေတြး ေတြးေနမိသည္။ သူ႔မွာ ေျပာစရာ အေၾကာင္းအရာ မရွိတာမဟုတ္။ ေျပာစရာေတြ မ်ားေနတာျဖစ္မည္။ ဘ၀မွာ ေမ့မရတဲ့ အျဖစ္ေတြက အမ်ားသားကလား။ ကုိ္ယ့္မွာ ေ၀ဒနာ က်န္ခဲ့တာလည္း ရွိ၊ သူမ်ားကုိ ေ၀ဒနာ ေပးခဲ့မိတာလည္း ရွိရဲ႕။

အမွန္ေတာ့ ဒီဘာသာရပ္ကုိ သူ စိတ္၀င္စားခဲ့သည္ မဟုတ္။ ဘာသာရပ္နာမည္က အကူးအေျပာင္းကာလ တရားမွ်တမွဳကုိ ရွာေဖြျခင္း တဲ့။ သူစိတ္၀င္စားတာက အကူးအေျပာင္း ျဖစ္ေအာင္၊ အဓိပၹါယ္ရွိတဲ့ အကူးအေျပာင္း ကာလကုိ ေရာက္ေအာင္ ဘယ္လုိ သြားၾကမလဲ၊ လုပ္ၾကမလဲ ဆုိတာကုိျဖစ္သည္။ အခုေတာ့ မုန္႔ဆီေၾကာ္က ဘယ္မွာေနမွန္း မသိ၊ လက္သုပ္ပု၀ါ ရွာေနသလုိ ျဖစ္မေနဘူးလားဟု ေတြးမိသည္။ ဒီဘာသာရပ္ကုိ ေဆြးေႏြးၾကသည့္အခါ အဆီအေငၚ မတည့္ဟု သူထင္ေသာ အခ်က္တခ်က္ ရွိေသးသည္။ အကူးအေျပာင္းကာလ ေရာက္သည့္အခါ လက္ရွိ အာဏာရွင္ေတြကုိ၊ သူတုိ႔ ေနာက္လုိက္ေနာက္ပါေတြကုိ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပး၊ မေပးဆုိေသာ အေခ်အတင္ ေဆြးေႏြးမွဳျဖစ္သည္။ ေဆြးေႏြးရင္း သူ ၿပံဳးမိသည္။ ေဘးနားက ဖထီးက ဘာျဖစ္လုိ႔လဲ ေမးေတာ့ တည့္တည့္ပဲ သူ ေျပာလုိက္မိသည္။ 


... ေအာ္ က်ေနာ္တုိ႔က သူတုိ႔ကုိ လြတ္ၿငိမ္းခြင့္ ေပးမယ္၊ မေပးဘူးနဲ႔ ခပ္တည္တည္သာ ေျပာေနၾကရတာ။ တကယ့္လက္ေတြ႔မွာက ေထာင္ထဲက ႏုိင္ငံေရးသမားေတြ၊ လူငယ္ေက်ာင္းသားေတြနဲ႔ က်ေနာ္တုိ႔လုိ ျပည္ပေရာက္ေနၾကတဲ့ သူေတြက ငါတုိ႔ကုိ ဘယ္ေန႔မ်ား လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးေလမလဲလုိ႔ မေသမခ်ာနဲ႔ ေတာင္းလုိက္ ေမွ်ာ္လုိက္ လုပ္ေနၾကရတာ မဟုတ္လား။... 
ဖထီးကပါ သေဘာက်စြာ ရယ္ခ်လုိက္သည္။ 
... ေအးဗ်ာ ဒါေတြ သင္ေနရတာ မေရာင္ရာဆီလူးမ်ား ျဖစ္ေနမလားလုိ႔ စဥ္းစားမိတယ္။... 
... ဒီလုိေတာ့ မဟုတ္ပါဘူး ဖထီးရယ္။ သိထားတာေတာ့ မမွားပါဘူး။ ဒါေပမယ့္ ေလာေလာဆယ္ ရန္သူကုိ တုိက္ေနရတဲ့အခ်ိန္မွာ တုိက္ပြဲထဲမွာ အသုံး၀င္မယ့္ ဘာသာရပ္ေတြကုိပဲ သင္ရင္ေတာ့ ေကာင္းတာေပါ့ေလ။ နယ္ဆင္မန္ဒဲလားနဲ႔ သူ႔ရဲေဘာ္ေတြဟာ ရန္သူ လူျဖဴအစုိးရကုိ ဆန္႔က်င္ ရင္ဆုိင္ေနၾကရတဲ့ အခ်ိန္တုန္းက ဒီ ထရန္စစ္ရွင္နယ္ ဂ်ပ္စတစ္ကုိ ေလ့လာ သင္ၾကားခဲ့ၾကသလား၊ သူတုိ႔နဲ႔ေတြ႔ရင္ က်ေနာ္ ေမးၾကည့္ခ်င္တယ္။...

ေရွ႕ခုံတန္းမွ တုိင္းရင္းသူ သင္တန္းသူေလး ထကာ သူမ၏ ေမ့မရမွဳေလးတခုကုိ စအေျပာ ကိုႏွင္းဆီတုိ႔ စကားျပတ္သြားၾကသည္။ သင္တန္းတခုလုံး ထုိေကာင္မေလးေျပာတာ စိတ္၀င္စားစြာ နားစြင့္ေနၾကသည္။ ကုိႏွင္းဆီက ထုိဖက္တီးပုတ္မေလးကုိ အစက အထင္မႀကီး။ အိပ္လုိက္ စားလုိက္နဲ႔ ခပ္ထုံထုံေနမွာဟု ထင္ခဲ့သည္။ သုိ႔ေသာ္ သင္တန္းသက္ ၾကာလာေသာအခါ ထုိဖက္တီးမေလး ပြင့္လင္းရဲရင့္တာ၊ စနစ္တက် ေတြးေခၚတတ္တာေတြကုိ သတိျပဳမိလာသည္။ က်မကေလ ဘာျဖစ္ခ်င္သလဲ ဆုိေတာ့ မိန္းမတပ္ရင္းမွဳး ျဖစ္ခ်င္တာ ဦးရဲ႕ဟု သူမ၏ ရည္မွန္းခ်က္ကုိ ၾကားရၿပီးသည့္ေနာက္ ကုိႏွင္းဆီ ထုိကေလးမေလးကုိ ခင္မင္သြားမိသည္။ အခုလည္း သူမ၏ ေမ့မရႏုိင္မွဳကုိ စိတ္၀င္စားစြာ ကုိႏွင္းဆီ နားစုိက္ေနမိသည္။

... က်မငယ္ငယ္က ေက်ာင္းမွာ ျဖစ္ခဲ့တာပါ။ က်မတုိ႔အတန္းထဲမွာ ေက်ာင္းသားတေယာက္ ေပတံ ေပ်ာက္သြားတယ္။ ဆရာက ယူတဲ့သူကုိ ေပၚေအာင္ရွာခုိင္းတယ္။ မေပၚရင္ တတန္းလုံးကုိ ႐ုိက္မယ္လုိ႔ ေျပာတယ္။ ဘယ္သူမွ ကုိယ္မယူပဲနဲ႔ အရုိက္မခံခ်င္ၾကဘူး။ ဒါေပမယ့္ ယူတဲ့သူကုိလည္း ေပၚေအာင္ မရွာႏုိင္ၾကဘူး။ ေနာက္ဆုံးေတာ့ အားလုံး အ႐ုိက္ခံၾကရတယ္။ က်မ စဥ္းစားတယ္ေလ။ ဒါ တရားသလားလုိ႔။ က်မမွာ ဘာမွ အျပစ္မရွိပဲနဲ႔ အ႐ုိက္ခံခဲ့ရတယ္။ စိတ္ထဲမွာ အရမ္းေဒါသျဖစ္တယ္။ ဒီေန႔ထက္ထိ အဲဒါကုိ မေမ့ႏုိင္ဘူး။ အဲဒီ့ဆရာကိုလည္း စိတ္ထဲမွာ ခြင့္မလႊတ္ႏုိင္ဘူး။...

အင္း ငါတုိ႔ လူ႔အဖြဲ႔အစည္းမွာ ဒါေတြဟာ ဒီကေန႔အထိ ရွိေနတုန္းပဲ။ အရပ္ေျပာ ေျပာရရင္ေတာ့ ၀ုိင္းႀကီးခ်ဳပ္စနစ္ေပါ့ေလ။ ဒီေန႔ စစ္အာဏာရွင္ေတြလည္း ဒီနည္းကုိသုံးၿပီး လူထုကုိ အေၾကာက္တရား သြင္းတတ္ေလ့ရွိတယ္။ ေကာင္မေလး စကားအဆုံးမွာ ကုိႏွင္းဆီစိတ္ထဲမွာ ထုိသုိ႔ ေျပာေနမိသည္။ 
ရွစ္ေလးလုံး အေရးေတာ္ပုံႀကီး ေနာက္ပုိင္းမွာ စစ္အစုိးရက ေက်ာင္းေတြ အတန္ၾကာ ပိတ္ထားသည္။ ျပန္ဖြင့္ရန္ ႀကိဳးစားေသာအခါ ေက်ာင္းသားတေယာက္ကုိ မိဘ၊ အတန္းပုိင္ဆရာ၊ ရပ္ကြက္လူႀကီး စသည္တုိ႔ အာမခံေစကာ ထုိေက်ာင္းသား ျပႆနာျဖစ္လ်င္ အားလုံးကုိ အေရးယူမည္ဆုိေသာ ပုံစံမ်ဳိးလုပ္ထားတာကုိ သြားသတိရလုိက္ေသးသည္။ အျပစ္ကင္းမဲ့သူကုိ အျပစ္မေပးမိေစေရးသည္ တရားဥပေဒ၏ အႏွစ္သာရတခု မဟုတ္လား။ ဒီသင္တန္းမွာပင္ အေစာပုိင္းက သင္ခဲ့ရသည့္ တရားဥပေဒစုိးမုိးေရး ဘာသာရပ္က ရခဲ့သည္ ဥပေဒ ဗဟုသုတေလးျဖင့္ ကုိႏွင္းဆီ ခ်ိန္ထုိးၾကည့္မိျပန္သည္။ ဥပေဒစုိးမုိးေရး ပ်က္ျပားေနသည့္ တုိင္းျပည္။ ထုိတုိင္းျပည္၏ လမ္းဆုံးလမ္းခြမ်ားမွာ ေထာင္ထားသည့္ ဆုိင္းဘုတ္ႀကီးေတြမွာ ေရးထားတာက ဥပေဒကုိေလးစားပါတဲ့။ မည္မွ် ရယ္စရာ ေကာင္းလုိက္ပါသနည္း။ သူ႔သူငယ္ခ်င္းတေယာက္၏ စကားကုိ မဆီမဆုိင္ သြားသတိရလုိက္မိေသးသည္။ ... ဒီေကာင္ေတြအေၾကာင္းကုိ ေျပာရတာ လူကုိ အသက္တုိေစတယ္ကြ။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ အကုသုိလ္မ်ားလုိ႔။ တခ်ိန္တည္းမွာပဲ အသက္လည္း ရွည္ေစျပန္တယ္ကြ။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ ရယ္ရလုိ႔ေဟ့... တဲ့။ ကုိႏွင္းဆီ ၿပံဳးလုိက္မိသည္။

ေနာက္တေယာက္ ထေျပာသည့္အလွည့္ ေရာက္လာသည္။ တုိင္းရင္းသား လူငယ္အဖြဲ႔တခုမွ လူငယ္တဦးျဖစ္သည္။ သင္တန္းထဲမွာ အေနအေအးဆုံး၊ စကားအနည္းဆုံး လူငယ္ေလးျဖစ္သည္။ စကားထြက္ေျပာရသည့္ အလုပ္ကုိ တတ္ႏုိင္သေလာက္ ေရွာင္တတ္သူလည္းျဖစ္သည္။ အခု သူက ဘယ္သူမွ မတုိက္တြန္းရပါပဲ ေစာေစာစီးစီး စကားေျပာဖုိ႔ ထရပ္ေတာ့ ကုိႏွင္းဆီ အံၾသသြားသည္။ စိတ္လည္း ၀င္စားသြားသည္။ သူ႔မွာ ေျပာစရာ မေမ့ႏုိင္တဲ့ အျဖစ္ကေလးတခု မွတ္မွတ္ရရ ရွိေနလုိ႔ေနမွာဟု ေတြးမိသည္။

... ျဖစ္တာက က်ေနာ့္အေဖ ဆုံးတုန္းကပါ။ က်ေနာ္ ငယ္ေသးတယ္။ အေဖဆုံးၿပီး လုပ္စရာ ကိစၥ၀ိစၥေတြၿပီးလုိ႔ အိမ္မွာ လူရွင္းသြားေတာ့ အေမက က်ေနာ့္ကုိ ေခၚေျပာတယ္။ သားရယ္တဲ့။ သား စာသိပ္တတ္ခ်င္မွန္း အေမသိပါတယ္တဲ့။ အေမလည္း မင္းကုိ ေက်ာင္းထားေပးခ်င္ပါတယ္တဲ့။ ဒါေပမယ့္ အခု မင္းအေဖ ဆုံးသြားၿပီ သားရယ္တဲ့။ အေမ မင္းကုိ ေက်ာင္း ဆက္ထားေပးႏုိင္ေတာ့မွာ မဟုတ္ဘူးတဲ့။ အေမ အဲဒီလုိ ေျပာေနတုန္းကေတာ့ က်ေနာ့္စိတ္ထဲမွာ ဘာမွ သိပ္မျဖစ္ဘူး။ ေအးေလ အေမ ထားမေပးႏုိင္ေတာ့လည္း မတက္႐ုံေပါ့လုိ႔ ဒါေလာက္ပဲ ေတြးမိတယ္။ ဒါေပမယ့္ ည အိပ္ယာထဲ ေရာက္ေတာ့ စိတ္က ေလ်ာက္ေတြးမိတယ္။ စာသင္ခန္းရယ္။ သူငယ္ခ်င္းေတြရယ္။ က်ေနာ့္ဘ၀ ေရွ႕ေရးရယ္။ အဲဒီလုိ ေတြးရင္းကမွ ၀မ္းနည္းလာၿပီး ဘယ္လုိျဖစ္မွန္း မသိဘူး။ က်ေနာ္ ႐ွဳိက္ႀကီးတငင္ ငုိပစ္လုိက္မိတယ္။ တကယ့္ကုိ ၀မ္းနည္းပမ္းနည္း ငိုေနမိတယ္။ အခုေန အဲဒီအေၾကာင္းကုိ ျပန္ေတြးရင္လည္း ငိုခ်င္ခ်င္ ျဖစ္မိေသးတယ္။ အေမ့ကုိေတာ့ အျပစ္မတင္ပါဘူး။ သနားလည္း သနားတယ္ေလ။ ဒါေပမယ့္ ဒီအျဖစ္ကုိ က်ေနာ္ ဘယ္ေတာ့မွ ေမ့လုိ႔ရမွာ မဟုတ္ဘူးဆုိတာ စိတ္က သိေနတယ္။ အဲဒါပါပဲ။...

ေလသံ ေအးေအး၀ဲ၀ဲကေလးျဖင့္ သူေျပာတတ္သလုိ ေျပာသြားေပမယ့္ နားေထာင္ေနရင္း စိတ္ထဲမွာ နင့္နင့္နဲနဲ ခံစားလုိက္ရသည္။ သူ႔အေဖက ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘာ့ေၾကာင့္ ဆုံးပါးသြားရပါလိမ့္။ နယ္စပ္ေဒသမွာ ေနသူေတြဆုိေတာ့ ေတာ္လွန္ေရးတပ္ထဲမွာ က်ဆုံးသြားတာလား။ ဒါမွမဟုတ္ ေပၚတာအဆြဲခံရကာ ဒဏ္ပိေသသြားတာလား။ ဒါမွမဟုတ္ မုိင္းနင္းမိတာလား။ ပုိးထိတာလား။ အဆက္အစပ္မရွိ ကုိႏွင္းဆီစိတ္ထဲမွာ ေလ်ာက္ေတြးမိျပန္သည္။ ဒီလုိကေလးေတြ ငါတုိ႔တုိင္းျပည္အႏွံ႔မွာ ဘယ္ေလာက္မ်ား မ်ားျပားခဲ့ၿပီလဲ။ သက္ျပင္းေမာစြာခ်မိသည္။

... ေခတ္ဆုိးႀကီးတေခတ္ကုိ ျဖတ္သန္းလုိက္ရတဲ့အခါ အဲဒီလူ႔အဖြဲ႕အစည္းမွာ ထိခုိက္ခံစားခဲ့ရတဲ့ ဓားစာခံေခၚေခၚ၊ သားေကာင္ေခၚေခၚ အဲဒီလုိလူေတြ အမ်ားႀကီး က်န္ရစ္ခဲ့တယ္။ ဒီလုိလူေတြကုိ လူ႔အဖြဲ႔အစည္းက ကုစားမွဳေပးရမယ္။ ျပန္လည္ျပဳစု ပ်ဳိးေထာင္ေပးရမယ္။ ဒါကုိ မလုပ္ပဲနဲ႔ ေခတ္သစ္တခု ထူေထာင္လုိ႔ မရဘူး။ အကူးအေျပာင္း ကာလတခုမွာ တရားမွ်တမွဳကုိ ရွာေဖြဖုိ႔ ႀကိဳးစားတာဟာ ဒါ့ေၾကာင့္ပဲ။ ခင္ဗ်ားတုိ႔ ေျပာတာေတြဟာ အရမ္း စိတ္၀င္စားဖုိ႔ ေကာင္းတယ္။ တခါတေလက်ေတာ့ တျခား လူတေယာက္အတြက္ ဘာမွ မဟုတ္ပါဘူးလုိ႔ ထင္ရတဲ့ ကိစၥေတြဟာ လူတေယာက္အတြက္က်ေတာ့ ဘ၀မွာ ဘယ္ေတာ့မွ ေမ့မရတဲ့ အေၾကာင္းေတြ ျဖစ္ေနတတ္တာ ေတြ႔ရတယ္။ ဒါ ေတာ္ေတာ္ သတိထားရမယ့္ အခ်က္ပဲ။ ကဲ ဆက္ေျပာၾကပါဗ်ာ။...

ဆရာျဖစ္သူမွာ ကုိႏွင္းဆီႏွင့္ သက္တူရြယ္တူခန္႔ျဖစ္သည္။ ကတုံးဆံပင္ တုိတုိႏွင့္ မ်က္ႏွာက ခ်ဳိသည္။ ေလေအးကေလးႏွင့္ စကားေျပာတတ္သည္။ တခါကေတာ့ သူလည္း လက္နက္ကုိင္ ေတာ္လွန္ေရးသမား တဦးျဖစ္သည္။ သူႏွင့္ ကုိႏွင္းဆီမွာ ရွစ္ေလးလုံးမ်ဳိးဆက္ခ်င္း အတူတူျဖစ္သည္။ ေတာင္အာဖရိကမွာ ေျခာက္လသင္တန္း တက္ၿပီး ျပန္လာကစ၊ ဒီဘာသာရပ္အေပၚ အေတာ္ တက္ႁကြေနပုံရသည္။

... ဒီဘာသာရပ္က အကူးအေျပာင္း ကာလေရာက္မွ အသုံး၀င္မယ္ဆုိတဲ့ သေဘာ မဟုတ္ဘူး။ ရန္သူ႔ဆီမွာ အကူးအေျပာင္းကာလ သူတုိ႔ရဲ႕ ကံၾကမၼာအတြက္ စုိးရိမ္စိတ္ေတြ ရွိေနႏုိင္တယ္။ က်ေနာ္တုိ႔က ဒီကာလအတြက္ ေဆြးေႏြးအေျဖရွာၿပီး သေဘာထားတရပ္ကုိ ေပးႏုိင္ခဲ့ရင္ ဒါက အခုသြားေနတဲ့ ေတြ႔ဆုံေဆြးေႏြးေရး လမ္းေၾကာင္းကုိ အေထာက္အကူ ေပးႏုိင္လိမ့္မယ္လုိ႔ က်ေနာ္ ယုံၾကည္တယ္။ ဥပမာ က်ေနာ္တုိ႔က ႏုိင္ငံေရးအေျဖတခု ရေရးအတြက္ အကူးအေျပာင္းကာလမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးမယ္ဆုိတဲ့ သေဘာထားကုိ ျပသျခင္းအားျဖင့္ သူတုိ႔ရဲ႕ အနာဂတ္အတြက္ ပူပန္စိတ္ေၾကာင့္ အေျပာင္းအလဲကုိ လုပ္ဖုိ႔ တြန္႔ဆုတ္ေနတဲ့ သူတုိ႔သေဘာထားအေပၚ နည္းနည္းေတာ့ အက်ဳိး သက္ေရာက္လိမ့္မယ္လုိ႔ ခင္ဗ်ား မထင္ဘူးလား။...
မည္သုိ႔ဆုိေစ ဒီဘာသာရပ္ကုိ ကုိႏွင္းဆီ အနည္းငယ္ စိတ္၀င္စားလာသည္။ ယခင္ကထက္စာလ်င္ တက္ၾကြမွဳ နည္းနည္း ပုိရွိလာသည္။ အခုလည္း တေယာက္ၿပီးတေယာက္ ထေျပာေနသည့္ မေမ့ႏုိင္မွဳေလးေတြကုိ နားေထာင္ရင္း ဘာေျပာရေကာင္းမလဲဟု စဥ္းစားေနမိသည္။

လြန္ခဲ့ေသာ ဆယ္ႏွစ္ေက်ာ္ကာလက အလင္းေရာင္ပ်ဳိးကာစ ခပ္ေစာေစာ မနက္ခင္းေလးတခုကုိသူသတိရမိသည္။ ထုိမနက္က ႏွင္းပါးပါးေလးက်ေနသည္။ နယ္ကုိ ခရီးသြားအုန္းမည္ဟု ေျပာကာ အိတ္ကေလးတလုံးကို လြယ္ၿပီး အိမ္က သူထြက္လာသည္။ သမီးေလးကုိခ်ီကာ သူ႔ခ်စ္ဇနီးမမႏုက ၿခံေဘး လမ္းသြယ္ကေလးထိပ္ထိ လုိက္ပုိ႔သည္။ သမီးေလးက သူ႔လက္ကေလးကုိ ေ၀ွ႔ယမ္းလုိ႔ျပေနသည္။ စကားေတာ့ မေျပာတတ္ေသး။ ဒါေပမယ့္ တခုခုေျပာေနသလုိ စိတ္မွာ ထင္မိသည္။ ခပ္လွမ္းလွမ္းေရာက္မွ ျပန္လွည့္ၾကည့္ေတာ့ မ်က္ေစ့တဆုံး သူ႔ကုိ ေငးၾကည့္ေနသည့္ ဇနီးျဖစ္သူကုိ ေတြ႔ရကာ ေျခလွမ္းေတြ တုန္႔ခဲ့မိေသးသည္။ ေနာက္ဆုံးေတာ့ သားအမိႏွစ္ေယာက္ကုိ ႏွင္းမွဳန္ေတြထဲမွာ သူ ထားပစ္ခဲ့သည္။ 
ခရီးေထာက္ၿမိဳ႕ေလးကုိ ေရာက္ေတာ့ အိမ္ကုိ လွမ္းဖုန္းဆက္၍ ခ်စ္ဇနီးမမႏုကုိ စကားေျပာသည္။ သူ႔စာေရးစားပြဲ အံဆြဲထဲမွာ စာႏွစ္ေစာင္ ထားခဲ့တာ၊ တေစာင္က မမႏုဖုိ႔။ တေစာင္က သမီးေလးဖုိ႔။ သမီးႀကီးလာလုိ႔ ေဖေဖေကာလုိ႔ ေမးရင္ အဲဒီစာေလး ေပးဖတ္လုိက္ေနာ္ဟု သူမွာလုိက္သည္။ သူက စကားေျပာရင္း အသံဖ်ားေတြ တုန္သလုိ ရွိလာေသာ္လည္း မမႏုက တည္တည္ၿငိမ္ၿငိမ္ျဖင့္ က်န္းမာေရး ဂ႐ုစုိက္ဖုိ႔၊ လမ္းမွာ ေဘးအႏၱရယ္ကင္းေအာင္ အိမ္ကေန ဆုေတာင္းေနမည့္အေၾကာင္းေတြ ေျပာႏုိင္ေသးသည္။ မမႏုက တည္ၿငိမ္ေနေလ၊ သူမွာ ပုိလွဳပ္ခါရေလ ျဖစ္ခဲ့သည္။

... အဲဒီမနက္ခင္းေလးဟာ က်ေနာ့္ကုိ အၿမဲေျခာက္လွန္႔ေနတယ္။ က်ေနာ့္ဇနီးဆီ ေရးခဲ့တဲ့စာမွာ မင္းဆီကုိ အေရာက္ျပန္လာဖုိ႔ မင္းဆီက ကုိယ္ထြက္လာခဲ့တာပါလုိ႔ ေရးခဲ့တယ္။ သမီးဖတ္ဖုိ႔ ေရးတဲ့စာမွာေတာ့ သမီးအတြက္ အနာဂတ္လွလွေလးတခု ေဖေဖ သြားယူေနတယ္လုိ႔ က်ေနာ္ ေရးခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိ သမီးအတြက္ အနာဂတ္လွလွေလးတခုလည္း က်ေနာ္ ယူမသြားႏုိင္ေသးဘူး။ က်ေနာ့္ကုိ ဒီေန႔ထက္ထိ သစၥာရွိစြာေစာင့္ေနတဲ့ မမႏုဆီလည္း က်ေနာ္ မျပန္ႏုိင္ေသးဘူး။ က်ေနာ္တုိ႔အိမ္ေဘးက လမ္းသြယ္ေလးထဲမွာေတာ့ အခုလုိ မနက္ခင္းေတြဆုိ ႏွင္းမွဳန္မွဳန္နဲ႔ ျဖစ္ေနေရာေပါ့။...

လူ႔အဖြဲ႔အစည္းတခုတြင္ တရားမွ်တမွဳရွိရန္ လုိအပ္သကဲ့သုိ႔ မိသားစု တခုတြင္လည္း ေမတၱာတရားရွိရန္ လုိအပ္သည္။ တရားမွ်တမွဳႏွင့္ ေမတၱာတရားသည္ အဓိပၹါယ္ မတူေသာ္လည္း အဆက္အစပ္ေတာ့ရွိသည္။ ေမတၱာတရားႏွင့္ ရွာေသာ တရားမွ်တမွဳသည္ ပုိ၍ ေလးနက္သလုိ၊ တရားမွ်တမွဳရွိေသာ ေမတၱာတရားသည္ ပုိ၍ ျပည့္စုံပါသည္။ အကူးအေျပာင္းကာလကုိ ေရာက္ရင္ျဖင့္ ကုိႏွင္းဆီလည္း သူ႔ရဲ႕ မိသားစုေလးအတြက္ တရားမွ်တမွဳရွိေသာ ေမတၱာတရားကုိ မလြဲမေသြ ရွာေဖြရပါလိမ့္မည္။ သူ အိမ္ကုိ ျပန္ေရာက္လ်င္ ပထမဆုံး လုပ္မည့္အလုပ္မွာ စာေရးစားပြဲအံဆြဲထဲက စာကေလး ႏွစ္ေစာင္ကုိ ဖြင့္ဖတ္ဖုိ႔ပဲျဖစ္သည္။ ထုိအခ်ိန္၌ သူတုိ႔အိမ္ေလးထဲသုိ႔ အုန္းလက္ေတြၾကားမွ တုိး၀င္လာေသာ ေနေျပာက္ကေလးမ်ား ထုိးက်ေကာင္း က်ေနေပလိမ့္မည္။ ဒါ မျဖစ္ႏုိင္တဲ့ အိပ္မက္တခုအေၾကာင္း ေျပာဆုိေနျခင္းလား။ ေသခ်ာတဲ့ မနက္ျဖန္အေၾကာင္း မိတ္ဆက္ေပးေနျခင္းလား။ ေန႔စဥ္ဒုိင္ယာရီ စာမ်က္ႏွာတုိင္းမွာ ကုိႏွင္းဆီ ဘယ္ေတာ့မွ မပ်က္မကြက္ မွန္မွန္ေရးခဲ့သည္က စာ ႏွစ္ေၾကာင္းသာ။ 
မမႏုဆီ ေရာက္ေအာင္ ျပန္ခဲ့မယ္။ 
သမီးေလးအတြက္ အနာဂတ္လွလွေလး ယူခဲ့မယ္။ ။

ေဒါင္းအုိးေ၀။ ၂၀၀၁။္

 

မြက်ခင်းပြင်ကျယ်ထဲမှာ တပင်တည်း မားမားစွင့်စွင့် ရှိနေသည့် ယူကလစ်ပင် မြင့်မြင့်က အပြာရောင် ကောင်းကင်ကို နောက်ခံထားလျက် ယိမ်းနွဲ့လို့နေသည်။ သင်တန်းခန်းမထဲမှာတော့ ဆရာ့စကားကို နားစိုက်ကာ တိတ်ဆိတ် ငြိမ်သက်လျက်။ ပန်ကာနှစ်လုံး၏ လည်ပတ်သံ မတိုးမကျယ်လေး ထွက်ပေါ်နေတာ ကြားရသည်။

...မတရားမှုတွေကို ဖျက်သိမ်းပြီး တရားမျှတမှုရှိတဲ့ သစ်လွင်တဲ့ လူ့အဖွဲ့အစည်း တခုကို တည်ဆောက်ဖို့ ဦးတည်ထားတဲ့ အကူးအပြောင်း ကာလတခုမှာ ကျနော်တို့တွေ မလွဲမသွေ လုပ်ရမယ့် အလုပ်တခုကတော့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အတိတ်နဲ့ ပစ္စုပန် အဖြစ်အပျက်တွေအပေါ်မှာ တရားမျှတမှုကို ပြန်လည် ရှာဖွေတာဖြစ်တယ်။ မတရားမှုတွေကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ သူတွေဟာ သူတို့ရဲ့ အိပ်မက်ဆိုးကို ဘယ်တော့မှ မမေ့နိုင်ကြဘူး။ အဲဒီလို မမေ့နိုင်ပဲ ပြန်ပြန် သတိရနေတဲ့ အခါတိုင်းမှာလည်း စိတ်မှာ နာကျင်ရပြန်တယ်။ ခံခဲ့ရတဲ့အပေါ်မှာ တခုခု ပြန်မတုန့်ပြန်နိုင်သေးသရွေ့၊ ပြန်မရသေးသရွေ့ ဒီကိစ္စကို မမေ့နိုင် ဖြစ်နေကြရတယ်။ ဒါကို မမေ့နိုင်ပဲနဲ့ ရှေ့ကို ဆက်သွားလို့ မရ ဖြစ်ကြရပြန်တယ်။ ဆက်သွားပြန်ရင်လည်း စိတ်မှာ မရှင်းဘူး ဖြစ်နေတတ်တယ်။ တကယ်တန်းကျတော့ အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့လို့ရတဲ့ အရာမှ မဟုတ်တာ။...
...အခု ကျနော် ပြောချင်တာက ဘယ်သူမဆို ခင်ဗျားတို့၊ ကျနော်တို့မှာ လူတိုင်းမှာ အဲဒီလို မမေ့နိုင်တာလေးတွေ ဘဝမှာ ရှိခဲ့ကြဘူးမယ်။ ကိုယ့်ကို မတရားလုပ်တာ ခံခဲ့ရဘူးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်က မတရား လုပ်ခဲ့ဘူးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့မှ ဒါကို မတရားဘူးလို့ သိပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင် ဖြစ်နေရတာ၊ ဒါမျိုးပေါ့လေ။ ဒါမှမဟုတ် တရားတာ၊ မတရားနဲ့ မဆိုင်ပဲ ကိုယ့်ဘဝမှာ မေ့လို့မရ ဖြစ်နေတာမျိုးလည်း ရှိကောင်း ရှိနိုင်တယ်။ အဲဒါလေးတွေကို ကျနော်တို့တယောက်ချင်း ပြောကြည့်ကြရအောင်။ ဝေဒနာလေးတွေကို မျှဝေတာပေါ့။ ဒါကလည်း တခါတခါ အဲဒီလို ပြောလိုက်ရတဲ့အခါ ရင်ထဲ ပေါ့သွားတတ်တာမျိုးလည်း ဖြစ်တတ်တယ်။ ကဲ လုပ်ကြပါ။ နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်းပေါ့။...

ဆရာ့စကားဆုံးတော့ အယောက်နှစ်ဆယ်ကျော်ရှိသည့် သင်တန်းသားများ တွတ်ထိုးကုန်သည်။ တချို့ကတော့ ပြောရမည့် အကြောင်းအရာကို စဉ်းစားရင်း ငြိမ်သက်နေသည်။ ကိုနှင်းဆီလည်း တခြားလူတွေရဲ့ မျက်နှာကို လိုက်ကြည့်ကာ ဟိုတွေး ဒီတွေး တွေးနေမိသည်။ သူ့မှာ ပြောစရာ အကြောင်းအရာ မရှိတာမဟုတ်။ ပြောစရာတွေ များနေတာဖြစ်မည်။ ဘဝမှာ မေ့မရတဲ့ အဖြစ်တွေက အများသားကလား။ ကိုယ့်မှာ ဝေဒနာ ကျန်ခဲ့တာလည်း ရှိ၊ သူများကို ဝေဒနာ ပေးခဲ့မိတာလည်း ရှိရဲ့။

အမှန်တော့ ဒီဘာသာရပ်ကို သူ စိတ်ဝင်စားခဲ့သည် မဟုတ်။ ဘာသာရပ်နာမည်က အကူးအပြောင်းကာလ တရားမျှတမှုကို ရှာဖွေခြင်း တဲ့။ သူစိတ်ဝင်စားတာက အကူးအပြောင်း ဖြစ်အောင်၊ အဓိပ္ဖါယ်ရှိတဲ့ အကူးအပြောင်း ကာလကို ရောက်အောင် ဘယ်လို သွားကြမလဲ၊ လုပ်ကြမလဲ ဆိုတာကိုဖြစ်သည်။ အခုတော့ မုန့်ဆီကြော်က ဘယ်မှာနေမှန်း မသိ၊ လက်သုပ်ပုဝါ ရှာနေသလို ဖြစ်မနေဘူးလားဟု တွေးမိသည်။ ဒီဘာသာရပ်ကို ဆွေးနွေးကြသည့်အခါ အဆီအငေါ် မတည့်ဟု သူထင်သော အချက်တချက် ရှိသေးသည်။ အကူးအပြောင်းကာလ ရောက်သည့်အခါ လက်ရှိ အာဏာရှင်တွေကို၊ သူတို့ နောက်လိုက်နောက်ပါတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေး၊ မပေးဆိုသော အချေအတင် ဆွေးနွေးမှုဖြစ်သည်။ ဆွေးနွေးရင်း သူ ပြုံးမိသည်။ ဘေးနားက ဖထီးက ဘာဖြစ်လို့လဲ မေးတော့ တည့်တည့်ပဲ သူ ပြောလိုက်မိသည်။
... အော် ကျနော်တို့က သူတို့ကို လွတ်ငြိမ်းခွင့် ပေးမယ်၊ မပေးဘူးနဲ့ ခပ်တည်တည်သာ ပြောနေကြရတာ။ တကယ့်လက်တွေ့မှာက ထောင်ထဲက နိုင်ငံရေးသမားတွေ၊ လူငယ်ကျောင်းသားတွေနဲ့ ကျနော်တို့လို ပြည်ပရောက်နေကြတဲ့ သူတွေက ငါတို့ကို ဘယ်နေ့များ လွတ်ငြိမ်းချမ်းသာခွင့် ပေးလေမလဲလို့ မသေမချာနဲ့ တောင်းလိုက် မျှော်လိုက် လုပ်နေကြရတာ မဟုတ်လား။...
ဖထီးကပါ သဘောကျစွာ ရယ်ချလိုက်သည်။
... အေးဗျာ ဒါတွေ သင်နေရတာ မရောင်ရာဆီလူးများ ဖြစ်နေမလားလို့ စဉ်းစားမိတယ်။...
... ဒီလိုတော့ မဟုတ်ပါဘူး ဖထီးရယ်။ သိထားတာတော့ မမှားပါဘူး။ ဒါပေမယ့် လောလောဆယ် ရန်သူကို တိုက်နေရတဲ့အချိန်မှာ တိုက်ပွဲထဲမှာ အသုံးဝင်မယ့် ဘာသာရပ်တွေကိုပဲ သင်ရင်တော့ ကောင်းတာပေါ့လေ။ နယ်ဆင်မန်ဒဲလားနဲ့ သူ့ရဲဘော်တွေဟာ ရန်သူ လူဖြူအစိုးရကို ဆန့်ကျင် ရင်ဆိုင်နေကြရတဲ့ အချိန်တုန်းက ဒီ ထရန်စစ်ရှင်နယ် ဂျပ်စတစ်ကို လေ့လာ သင်ကြားခဲ့ကြသလား၊ သူတို့နဲ့တွေ့ရင် ကျနော် မေးကြည့်ချင်တယ်။...

ရှေ့ခုံတန်းမှ တိုင်းရင်းသူ သင်တန်းသူလေး ထကာ သူမ၏ မေ့မရမှုလေးတခုကို စအပြော ကိုနှင်းဆီတို့ စကားပြတ်သွားကြသည်။ သင်တန်းတခုလုံး ထိုကောင်မလေးပြောတာ စိတ်ဝင်စားစွာ နားစွင့်နေကြသည်။ ကိုနှင်းဆီက ထိုဖက်တီးပုတ်မလေးကို အစက အထင်မကြီး။ အိပ်လိုက် စားလိုက်နဲ့ ခပ်ထုံထုံနေမှာဟု ထင်ခဲ့သည်။ သို့သော် သင်တန်းသက် ကြာလာသောအခါ ထိုဖက်တီးမလေး ပွင့်လင်းရဲရင့်တာ၊ စနစ်တကျ တွေးခေါ်တတ်တာတွေကို သတိပြုမိလာသည်။ ကျမကလေ ဘာဖြစ်ချင်သလဲ ဆိုတော့ မိန်းမတပ်ရင်းမှုး ဖြစ်ချင်တာ ဦးရဲ့ဟု သူမ၏ ရည်မှန်းချက်ကို ကြားရပြီးသည့်နောက် ကိုနှင်းဆီ ထိုကလေးမလေးကို ခင်မင်သွားမိသည်။ အခုလည်း သူမ၏ မေ့မရနိုင်မှုကို စိတ်ဝင်စားစွာ ကိုနှင်းဆီ နားစိုက်နေမိသည်။

... ကျမငယ်ငယ်က ကျောင်းမှာ ဖြစ်ခဲ့တာပါ။ ကျမတို့အတန်းထဲမှာ ကျောင်းသားတယောက် ပေတံ ပျောက်သွားတယ်။ ဆရာက ယူတဲ့သူကို ပေါ်အောင်ရှာခိုင်းတယ်။ မပေါ်ရင် တတန်းလုံးကို ရိုက်မယ်လို့ ပြောတယ်။ ဘယ်သူမှ ကိုယ်မယူပဲနဲ့ အရိုက်မခံချင်ကြဘူး။ ဒါပေမယ့် ယူတဲ့သူကိုလည်း ပေါ်အောင် မရှာနိုင်ကြဘူး။ နောက်ဆုံးတော့ အားလုံး အရိုက်ခံကြရတယ်။ ကျမ စဉ်းစားတယ်လေ။ ဒါ တရားသလားလို့။ ကျမမှာ ဘာမှ အပြစ်မရှိပဲနဲ့ အရိုက်ခံခဲ့ရတယ်။ စိတ်ထဲမှာ အရမ်းဒေါသဖြစ်တယ်။ ဒီနေ့ထက်ထိ အဲဒါကို မမေ့နိုင်ဘူး။ အဲဒီ့ဆရာကိုလည်း စိတ်ထဲမှာ ခွင့်မလွှတ်နိုင်ဘူး။...

အင်း ငါတို့ လူ့အဖွဲ့အစည်းမှာ ဒါတွေဟာ ဒီကနေ့အထိ ရှိနေတုန်းပဲ။ အရပ်ပြော ပြောရရင်တော့ ဝိုင်းကြီးချုပ်စနစ်ပေါ့လေ။ ဒီနေ့ စစ်အာဏာရှင်တွေလည်း ဒီနည်းကိုသုံးပြီး လူထုကို အကြောက်တရား သွင်းတတ်လေ့ရှိတယ်။ ကောင်မလေး စကားအဆုံးမှာ ကိုနှင်းဆီစိတ်ထဲမှာ ထိုသို့ ပြောနေမိသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာ စစ်အစိုးရက ကျောင်းတွေ အတန်ကြာ ပိတ်ထားသည်။ ပြန်ဖွင့်ရန် ကြိုးစားသောအခါ ကျောင်းသားတယောက်ကို မိဘ၊ အတန်းပိုင်ဆရာ၊ ရပ်ကွက်လူကြီး စသည်တို့ အာမခံစေကာ ထိုကျောင်းသား ပြဿနာဖြစ်လျင် အားလုံးကို အရေးယူမည်ဆိုသော ပုံစံမျိုးလုပ်ထားတာကို သွားသတိရလိုက်သေးသည်။ အပြစ်ကင်းမဲ့သူကို အပြစ်မပေးမိစေရေးသည် တရားဥပဒေ၏ အနှစ်သာရတခု မဟုတ်လား။ ဒီသင်တန်းမှာပင် အစောပိုင်းက သင်ခဲ့ရသည့် တရားဥပဒေစိုးမိုးရေး ဘာသာရပ်က ရခဲ့သည် ဥပဒေ ဗဟုသုတလေးဖြင့် ကိုနှင်းဆီ ချိန်ထိုးကြည့်မိပြန်သည်။ ဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် တိုင်းပြည်။ ထိုတိုင်းပြည်၏ လမ်းဆုံးလမ်းခွများမှာ ထောင်ထားသည့် ဆိုင်းဘုတ်ကြီးတွေမှာ ရေးထားတာက ဥပဒေကိုလေးစားပါတဲ့။ မည်မျှ ရယ်စရာ ကောင်းလိုက်ပါသနည်း။ သူ့သူငယ်ချင်းတယောက်၏ စကားကို မဆီမဆိုင် သွားသတိရလိုက်မိသေးသည်။ ... ဒီကောင်တွေအကြောင်းကို ပြောရတာ လူကို အသက်တိုစေတယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ အကုသိုလ်များလို့။ တချိန်တည်းမှာပဲ အသက်လည်း ရှည်စေပြန်တယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ ရယ်ရလို့ဟေ့... တဲ့။ ကိုနှင်းဆီ ပြုံးလိုက်မိသည်။

နောက်တယောက် ထပြောသည့်အလှည့် ရောက်လာသည်။ တိုင်းရင်းသား လူငယ်အဖွဲ့တခုမှ လူငယ်တဦးဖြစ်သည်။ သင်တန်းထဲမှာ အနေအအေးဆုံး၊ စကားအနည်းဆုံး လူငယ်လေးဖြစ်သည်။ စကားထွက်ပြောရသည့် အလုပ်ကို တတ်နိုင်သလောက် ရှောင်တတ်သူလည်းဖြစ်သည်။ အခု သူက ဘယ်သူမှ မတိုက်တွန်းရပါပဲ စောစောစီးစီး စကားပြောဖို့ ထရပ်တော့ ကိုနှင်းဆီ အံသြသွားသည်။ စိတ်လည်း ဝင်စားသွားသည်။ သူ့မှာ ပြောစရာ မမေ့နိုင်တဲ့ အဖြစ်ကလေးတခု မှတ်မှတ်ရရ ရှိနေလို့နေမှာဟု တွေးမိသည်။

... ဖြစ်တာက ကျနော့်အဖေ ဆုံးတုန်းကပါ။ ကျနော် ငယ်သေးတယ်။ အဖေဆုံးပြီး လုပ်စရာ ကိစ္စဝိစ္စတွေပြီးလို့ အိမ်မှာ လူရှင်းသွားတော့ အမေက ကျနော့်ကို ခေါ်ပြောတယ်။ သားရယ်တဲ့။ သား စာသိပ်တတ်ချင်မှန်း အမေသိပါတယ်တဲ့။ အမေလည်း မင်းကို ကျောင်းထားပေးချင်ပါတယ်တဲ့။ ဒါပေမယ့် အခု မင်းအဖေ ဆုံးသွားပြီ သားရယ်တဲ့။ အမေ မင်းကို ကျောင်း ဆက်ထားပေးနိုင်တော့မှာ မဟုတ်ဘူးတဲ့။ အမေ အဲဒီလို ပြောနေတုန်းကတော့ ကျနော့်စိတ်ထဲမှာ ဘာမှ သိပ်မဖြစ်ဘူး။ အေးလေ အမေ ထားမပေးနိုင်တော့လည်း မတက်ရုံပေါ့လို့ ဒါလောက်ပဲ တွေးမိတယ်။ ဒါပေမယ့် ည အိပ်ယာထဲ ရောက်တော့ စိတ်က လျောက်တွေးမိတယ်။ စာသင်ခန်းရယ်။ သူငယ်ချင်းတွေရယ်။ ကျနော့်ဘ၀ ရှေ့ရေးရယ်။ အဲဒီလို တွေးရင်းကမှ ဝမ်းနည်းလာပြီး ဘယ်လိုဖြစ်မှန်း မသိဘူး။ ကျနော် ရှိုက်ကြီးတငင် ငိုပစ်လိုက်မိတယ်။ တကယ့်ကို ဝမ်းနည်းပမ်းနည်း ငိုနေမိတယ်။ အခုနေ အဲဒီအကြောင်းကို ပြန်တွေးရင်လည်း ငိုချင်ချင် ဖြစ်မိသေးတယ်။ အမေ့ကိုတော့ အပြစ်မတင်ပါဘူး။ သနားလည်း သနားတယ်လေ။ ဒါပေမယ့် ဒီအဖြစ်ကို ကျနော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးဆိုတာ စိတ်က သိနေတယ်။ အဲဒါပါပဲ။...

လေသံ အေးအေးဝဲ၀ဲကလေးဖြင့် သူပြောတတ်သလို ပြောသွားပေမယ့် နားထောင်နေရင်း စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ သူ့အဖေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာ့ကြောင့် ဆုံးပါးသွားရပါလိမ့်။ နယ်စပ်ဒေသမှာ နေသူတွေဆိုတော့ တော်လှန်ရေးတပ်ထဲမှာ ကျဆုံးသွားတာလား။ ဒါမှမဟုတ် ပေါ်တာအဆွဲခံရကာ ဒဏ်ပိသေသွားတာလား။ ဒါမှမဟုတ် မိုင်းနင်းမိတာလား။ ပိုးထိတာလား။ အဆက်အစပ်မရှိ ကိုနှင်းဆီစိတ်ထဲမှာ လျောက်တွေးမိပြန်သည်။ ဒီလိုကလေးတွေ ငါတို့တိုင်းပြည်အနှံ့မှာ ဘယ်လောက်များ များပြားခဲ့ပြီလဲ။ သက်ပြင်းမောစွာချမိသည်။

... ခေတ်ဆိုးကြီးတခေတ်ကို ဖြတ်သန်းလိုက်ရတဲ့အခါ အဲဒီလူ့အဖွဲ့အစည်းမှာ ထိခိုက်ခံစားခဲ့ရတဲ့ ဓားစာခံခေါ်ခေါ်၊ သားကောင်ခေါ်ခေါ် အဲဒီလိုလူတွေ အများကြီး ကျန်ရစ်ခဲ့တယ်။ ဒီလိုလူတွေကို လူ့အဖွဲ့အစည်းက ကုစားမှုပေးရမယ်။ ပြန်လည်ပြုစု ပျိုးထောင်ပေးရမယ်။ ဒါကို မလုပ်ပဲနဲ့ ခေတ်သစ်တခု ထူထောင်လို့ မရဘူး။ အကူးအပြောင်း ကာလတခုမှာ တရားမျှတမှုကို ရှာဖွေဖို့ ကြိုးစားတာဟာ ဒါ့ကြောင့်ပဲ။ ခင်ဗျားတို့ ပြောတာတွေဟာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ တခါတလေကျတော့ တခြား လူတယောက်အတွက် ဘာမှ မဟုတ်ပါဘူးလို့ ထင်ရတဲ့ ကိစ္စတွေဟာ လူတယောက်အတွက်ကျတော့ ဘဝမှာ ဘယ်တော့မှ မေ့မရတဲ့ အကြောင်းတွေ ဖြစ်နေတတ်တာ တွေ့ရတယ်။ ဒါ တော်တော် သတိထားရမယ့် အချက်ပဲ။ ကဲ ဆက်ပြောကြပါဗျာ။...

ဆရာဖြစ်သူမှာ ကိုနှင်းဆီနှင့် သက်တူရွယ်တူခန့်ဖြစ်သည်။ ကတုံးဆံပင် တိုတိုနှင့် မျက်နှာက ချိုသည်။ လေအေးကလေးနှင့် စကားပြောတတ်သည်။ တခါကတော့ သူလည်း လက်နက်ကိုင် တော်လှန်ရေးသမား တဦးဖြစ်သည်။ သူနှင့် ကိုနှင်းဆီမှာ ရှစ်လေးလုံးမျိုးဆက်ချင်း အတူတူဖြစ်သည်။ တောင်အာဖရိကမှာ ခြောက်လသင်တန်း တက်ပြီး ပြန်လာကစ၊ ဒီဘာသာရပ်အပေါ် အတော် တက်ကြွနေပုံရသည်။

... ဒီဘာသာရပ်က အကူးအပြောင်း ကာလရောက်မှ အသုံးဝင်မယ်ဆိုတဲ့ သဘော မဟုတ်ဘူး။ ရန်သူ့ဆီမှာ အကူးအပြောင်းကာလ သူတို့ရဲ့ ကံကြမ္မာအတွက် စိုးရိမ်စိတ်တွေ ရှိနေနိုင်တယ်။ ကျနော်တို့က ဒီကာလအတွက် ဆွေးနွေးအဖြေရှာပြီး သဘောထားတရပ်ကို ပေးနိုင်ခဲ့ရင် ဒါက အခုသွားနေတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဥပမာ ကျနော်တို့က နိုင်ငံရေးအဖြေတခု ရရေးအတွက် အကူးအပြောင်းကာလမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သဘောထားကို ပြသခြင်းအားဖြင့် သူတို့ရဲ့ အနာဂတ်အတွက် ပူပန်စိတ်ကြောင့် အပြောင်းအလဲကို လုပ်ဖို့ တွန့်ဆုတ်နေတဲ့ သူတို့သဘောထားအပေါ် နည်းနည်းတော့ အကျိုး သက်ရောက်လိမ့်မယ်လို့ ခင်ဗျား မထင်ဘူးလား။...
မည်သို့ဆိုစေ ဒီဘာသာရပ်ကို ကိုနှင်းဆီ အနည်းငယ် စိတ်ဝင်စားလာသည်။ ယခင်ကထက်စာလျင် တက်ကြွမှု နည်းနည်း ပိုရှိလာသည်။ အခုလည်း တယောက်ပြီးတယောက် ထပြောနေသည့် မမေ့နိုင်မှုလေးတွေကို နားထောင်ရင်း ဘာပြောရကောင်းမလဲဟု စဉ်းစားနေမိသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလက အလင်းရောင်ပျိုးကာစ ခပ်စောစော မနက်ခင်းလေးတခုကို သူသတိရမိသည်။ ထိုမနက်က နှင်းပါးပါးလေးကျနေသည်။ နယ်ကို ခရီးသွားအုန်းမည်ဟု ပြောကာ အိတ်ကလေးတလုံးကို လွယ်ပြီး အိမ်က သူထွက်လာသည်။ သမီးလေးကိုချီကာ သူ့ချစ်ဇနီးမမနုက ခြံဘေး လမ်းသွယ်ကလေးထိပ်ထိ လိုက်ပို့သည်။ သမီးလေးက သူ့လက်ကလေးကို ဝှေ့ယမ်းလို့ပြနေသည်။ စကားတော့ မပြောတတ်သေး။ ဒါပေမယ့် တခုခုပြောနေသလို စိတ်မှာ ထင်မိသည်။ ခပ်လှမ်းလှမ်းရောက်မှ ပြန်လှည့်ကြည့်တော့ မျက်စေ့တဆုံး သူ့ကို ငေးကြည့်နေသည့် ဇနီးဖြစ်သူကို တွေ့ရကာ ခြေလှမ်းတွေ တုန့်ခဲ့မိသေးသည်။ နောက်ဆုံးတော့ သားအမိနှစ်ယောက်ကို နှင်းမှုန်တွေထဲမှာ သူ ထားပစ်ခဲ့သည်။
ခရီးထောက်မြို့လေးကို ရောက်တော့ အိမ်ကို လှမ်းဖုန်းဆက်၍ ချစ်ဇနီးမမနုကို စကားပြောသည်။ သူ့စာရေးစားပွဲ အံဆွဲထဲမှာ စာနှစ်စောင် ထားခဲ့တာ၊ တစောင်က မမနုဖို့။ တစောင်က သမီးလေးဖို့။ သမီးကြီးလာလို့ ဖေဖေကောလို့ မေးရင် အဲဒီစာလေး ပေးဖတ်လိုက်နော်ဟု သူမှာလိုက်သည်။ သူက စကားပြောရင်း အသံဖျားတွေ တုန်သလို ရှိလာသော်လည်း မမနုက တည်တည်ငြိမ်ငြိမ်ဖြင့် ကျန်းမာရေး ဂရုစိုက်ဖို့၊ လမ်းမှာ ဘေးအန္တရယ်ကင်းအောင် အိမ်ကနေ ဆုတောင်းနေမည့်အကြောင်းတွေ ပြ

56 Views