TB Questions (တီဘီ) အမေးများ

Q: ကျနော့်အမျိုးသမီးမှာ ရင်ဘတ်တစ်ဝိုက်အောင့်ခြင်း ကျောအောင့်ခြင်းများဖြစ်ကာ အိပ်မရဘူး ပြောပါသည်။ သုံးလ

October 22, 2014
TB Questions (တီဘီ) အမေးများ

TB Questions

Q: ကျနော့်အမျိုးသမီးမှာ ရင်ဘတ်တစ်ဝိုက်အောင့်ခြင်း ကျောအောင့်ခြင်းများဖြစ်ကာ အိပ်မရဘူး ပြောပါသည်။ သုံးလခန့်ရှိပြီ ဖြစ်ပါတယ်။ ဆီးတွင်လည်း အနည်များစွာ ပါပါသည်။ ချောင်းမဆိုးပါ၊ အသက်ရှူမကြပ်ပါ။ အီးစီဂျီရိုက်ရာ ကောင်းသည်ဟု ပြောပါသည်။ အသက် ၃၅၊ အိမ်ထောင်ရှိ၊ သားတစ်ယောက်ရှိ။ တီဘီဖြစ်ဖူး။့ တွင် လက်ရှိ နေပါသည်။

A: TB ဆေး ဘယ်လောက်ကြာအောင်သောက်ခဲ့ပါသလဲ။ ဆေးပါတ်စေ့ပြီးနောက် ဓါတ်မှန်ပြန်ရိုက်ပါသလား။ ဘယ်လိုအဖြေထွက်ပါသလဲ။ အခုလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ဆေးတွေသောက်နေသလဲ။ နာတာသက်သာဆေးလား၊ အိပ်ဆေးလား။ ချောင်းဆိုးသေးလား။ ဆီးအတွက် ဆရာဝန်ပြဘူးသလား။ ဆေးသောက်နေသလား။

Q: တီဘီဆေး ခြောက်လလောက်သောက်ရပါတယ်။ သောက်ပြီး ဓါတ်မှန်ရိုက်တာ ကောင်းတယ်လို့ပြောပါတယ်။ ချောင်းမဆိုးပါ။ ဆီးအတွက် ဆရာဝန်မပြဖူးပါ။ လက်ရှိ ဘာဆေးမှ မသောက်ပါ။

A: ကိုယ်အလေးချိန် တက်လာပါသလား။

Q: တီဘီပျောက်ပြီးနောက် ကိုယ်အလေးချိန်တက်လာပါသည်။ ဒါပေမဲ့ ဆယ်နှစ်ခန့် ကြာပြီဖြစ်ပါသည်။ အခုကျောအောင့်ရင်အောင့်ဖြစ်တာတော့ သိပ်မကြာသေးပါဆရာ။

A: အနာ-အကိုက်သက်သာဆေး (Paracetamol/Ibuprofen) သာသောက်ပါ။ နောက်ဆုံးဓါတ်မှန်ရိုက်တာကြာပြီဆိုရင် ထပ်ရိုက်သင့်ပါတယ်။ အရင်ဓါတ်မှန်တွေနဲ့ ယှဉ်ကြည့်သင့်ပါတယ်။

ဒုတိယမေးခွန်း
သမီးမှာ ချောင်းမဆိုးပဲ အဆုတ်ထဲရေဝင်ပြီး တီဘီရှိနေပါတယ်ရှင်။ ဆရာဝန်က ရေထုတ်ပြစ်ရမယ်တဲ့ နောက်ကျောကနေ အပ်နဲ ထိုးပြီးထုတ်မယ်ပြောပါတယ်။ ထုတ်ပြီးရင် ရော ထပ်ဝင်နိုင်ပါသလား ဆရာ။ အသက်အန္တရယ် ရှိတယ်လိုပြောတယ် ဆရာ ဘာဖြစ်လို ဆရာ။ ရေထုပ်တာနဲ့ပတ်သတ်တဲ့ ကုသနည်း ရှင်းပြပေးပါလားဆရာ။ သောက်ဆေးကတော တနေ့လေးလုံးသောက်ရပါတယ်။ အစာစားပြီး သုံးနာရီလောက်နေမှ သောက်ခိုင်းပါတယ်။ သမီးကအိမ်ထောင်ရှင်ပါ။ အမျိုးသားက တခြားတနေရာမှာ အလုပ်လုပ်နေပါတယ်။ (၁) သမီးအမျိုးသားကိုပါ ကူးစက်နိုင်ပါသလား။ (၂) ဆေးစစ်ဖို့ လို မလို ရှင်းပြပေးပါဆရာ။ (၃) ဆေး စစ်ရင်ရော ဘာတွေ စစ်ဖို လိုမလဲရှင်။

· မစိုးရိမ်ပါနဲ့။ ဆေးရှိပါတယ်။ ဆေးတွေက တီဘီပိုးကိုနိုင်ပါတယ်။
· တီဘီဆိုတာအဲလိုဘဲ။ ကလေး၊ လူကြီးတွေမှာ အဆုပ်မှာဖြစ်သလို အရိုး၊ ခါးဆစ်၊ အူ၊ ဦးနှောက်မြှေး စတာတွေမှာလဲ တီဘီဖြစ်တယ်။
· နောက်ပြီး အဆုပ်မှာဖြစ်ရင်လဲ သလိပ်ထဲပိုးပါတာနဲ့ ပိုးမပါတာလဲရှိသေးတယ်။
· သလိပ်ထဲမှာပိုးပါမှ (Sputum AFB positive) မှသာ ချောင်းဆိုးရင် သူများကို ကူးနိုင်ပါတယ်။ ဒါလဲ တီဘီ မပြီးသူတွေကိုသာကူးတယ်။
· အဆုပ်ထဲရေအောင်းတယ်၊ ရေဝင်တယ်ဆိုတာ အမှန်က အဆုပ်ကိုဖုံးထားတဲ့ အလွှာနှစ်ခုကြား အိတ်ထဲမှာ အရည်အောင်းတာဖြစ်တယ် Pleaural effusion ခေါ်တယ်။
· ဖြစ်တဲ့ဘက်မှာ အောင့်မယ်၊ နာမယ်။ သေချာစစ်ရင် ဖေါင်းနေမယ်။ ခေါက်ကြည့်ရင် လှိုင်သံထွက်ရမဲ့အစား ထုံသံထွက်မယ်။
· ဆေးကုတာက တီဘီတိုင်းလိုလိုတူသလောက်ပါ။
· အရည်အောင်းရင် အရည်ကိုဖေါက်ထုတ်တာလုပ်ရနိုင်တယ်။ အနည်း-အများမတူပါ။ သတိတော့ထားရပါမယ်။ ပိုးထပ်မဝင်စေရပါ။ အဆင်မသင့်ရင် ပြည်ပိုးဝင်လို့ ပြည်ဖြစ်တတ်တယ်။ သွေးဆိုရင် ကင်ဆာဖြစ်မယ်။
· အရည်ထုတ်တာမှာ တခါမကလုပ်ရတာရှိတယ်။
· ဆေး ၆ လကနေ ၉ လအထိသောက်ရင် ပျောက်ပါတယ်။
· အစားအသောက် လုံလောက်-မျှတအောင်စားပါ။ နားပါ။ စိတ်ကို အပြုသဘောဆောင်ထားပါ။
· အမျိုးသမီးဖြစ်လို့ သူကမွေးမဲ့ကလေးကို မွေးမွေးခြင်း BCG ကာကွယ်ဆေးကို ဘယ်ဘက်ပခုံးမှာ ၁ ခါထိုးရင် တီဘီ မကူးစေပါ။
· အတူနေသူတိုင်း တီဘီ စစ်သင့်ပါတယ်။ အများဆုံးက Chest X-ray ရင်ပတ်ဓါတ်မှန်ရိုက်ရတယ်။ လိုအပ်ရင် Sputum for AFB သလိပ်စစ်တယ်။ တချို့ကို Tuberculin test လက်မှာဆေးထိုးစစ်တယ်။
· တီဘီဆေးတွေသောက်နည်း အတိအကျညွှန်ပါမယ်။ ဆေးတမျိုးက အစာနဲ့ ဝေးရတယ်။ ကျန်တာတွေကမလိုပါ။ ဆေးတွေမှာ ဘေးထွက်-ဆိုးကျိုးတွေရှိကြပေမဲ့ မဆိုးပါ။
· ရောဂါသက်သာလာတာနဲ့ လူက ကိုယ်အလေးချိန်တက်လာမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/tb-questions.html


Healthy Life

253 Blog posts

Comments